ဖိနပ်တစ်ရံတည်းကို နေ့တိုင်းဝတ်နေတာဟာ ကောင်းတဲ့စိတ်ကူးမဟုတ်ပါဘူးတဲ့။

ခေါင်းစဉ်ကို ဖတ်လိုက်မိပြီးရင် ပျိုမေလေးတို့ကို ဖိနပ်များများဝယ်ခိုင်းသလို ဖြစ်သွားမှာလည်းစိုးတယ်။ ဒါပေမဲ့ ပျိုမေလေးတို့ကတော့ ဖိနပ်ဆို အနည်းဆုံး ၂ ရံလောက်တော့ ထားကြမှာပါနော်။



 

ရာသီဥတု၊ နေရာအလိုက် ဖိနပ်စီးရတာကိုး။ တချို့ဆို အများကြီးတောင်ရှိသေးတယ်။ ဖိနပ်တစ်ရံတည်းကိုပဲ နေ့တိုင်း မစီးစေချင်တာက ကျန်းမာရေးနဲ့လည်း သက်ဆိုင်နေလို့ပါ။

see also 

 

ဖိနပ်နဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေရဲ့ အဆိုအရ ဖိနပ်တစ်ရံတည်းကို နေ့တိုင်းဝတ်နေတာဟာ ကောင်းတဲ့စိတ်ကူးမဟုတ်ပါဘူးတဲ့။ အမေရိကန် ရှုးဖိနပ်အင်ပါယာ Allen Edmonds ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Jim Kass က ပြောတာပါ။ ဖိနပ်တွေကို အလှည့်ကျစီးပေးတာက ဖိနပ်ရဲ့သက်တမ်းကိုပိုပြီးကြာကြာခံစေတယ်လို့ ဆိုပါတယ်။

 

တကယ်အရေးကြီးတဲ့အချက်တစ်ခုကတော့ ဖိနပ်တစ်မျိုးတည်းကိုပဲ နေ့စဉ်စီးနေရင် ခြေထောက်ရဲ့ ပုံသဏ္ဍန်ဟာ ပြောင်းလဲသွားတော့တာပါပဲ။ အထူးသဖြင့် မိန်းကလေးတွေဆိုရင် လေဒီရှုးချည်းပဲ ၆ လလောက် ဆက်တိုက်စီးလိုက်ရင် နောက်ပိုင်းမှာ ခြေချောင်းလေးတွေက ထိပ်မှာစုသွားတာမျိုးဖြစ်သွားပါတယ်။ ဒါကြောင့် ဖိနပ်တွေကို အလှည့်ကျ ပုံစံအမျိုးမျိုး ပြောင်းစီးဖို့ တိုက်တွန်းလိုက်တယ်နော်။

 

Source : Look


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က