မနက်စာကိုလည်း အလွတ်မခံနဲ့ဦးနော်။ လူက ပင်ပန်းထားတော့ အစားမစားဘဲရုံးသွားရင် အလုပ်ပါမလုပ်နိုင်ဖြစ်နေမယ်။

ကျန်းမာရေးလိုက်စားသူတွေ၊ ကိုယ်ကာယကြံ့ခိုင်ဖို့အတွက် မနက်ပိုင်း လေ့ကျင့်ခန်းလုပ်သူတွေအနေနဲ့ မနက်ပိုင်းမှာ Gym သွားပြီး အားကစားလုပ်တယ်၊ ပြီးရင် အလုပ်ကို ဆက်သွားရမယ်။ ရေချိုးဖို့လည်း အချိန်မရဘူးဆိုရင်တော့ ဒိုးခပဲလေ။ အဲ့လိုဆိုရင် ခန္ဓာကိုယ်ကို သပ်သပ်ရပ်ရပ်လေးဖြစ်အောင်တော့ ပြင်ဆင်ရတာပေါ့။ Gym ကနေ အလုပ်ကို ဆက်သွားတဲ့အခါ ကိုယ့်ခန္ဓာကိုယ်က ချွေးနံ့တွေမထွက်အောင်၊ လူပုံစံက ဖရိုဖရဲဖြစ်မနေအောင်လည်း ပြင်ဆင်သွားရမယ်လေ။ ဘယ်လိုတွေပြင်ဆင်မလဲဆိုတာ ပြောပြမယ်နော်။

၁။ ပြင်းပြင်းထန်ထန်မလုပ်သင့်ဘူး

459942753.jpg 

ပင်ပင်ပန်းပန်းနဲ့ အရမ်းအားစိုက်ပြီး လုပ်ရတဲ့ လေ့ကျင့်ခန်းတွေကို အကြာကြီး၊ အများကြီး မလုပ်သင့်ဘူး။ လူက နုံးချိသွားရင် အလုပ်မှာ ကြည့်ရဆိုးနေမယ်။

see also 

၂။ အားကစားဝတ်စုံ

Gym မှာ လေ့ကျင့်ခန်းလုပ်ရင်း ဝတ်ဖို့အတွက် ဝတ်စုံသပ်သပ်ထားပါ။ အတွင်းခံတွေကိုလည်း လေ့ကျင့်ခန်းပြီးချိန်မှာ လဲဝတ်ပါ။ ချွေးတွေစိုနေပြီးသားအဝတ်က လူကြားထဲ အနံ့ထွက်နိုင်ပါတယ်။

၃။ မွှေးရနံ့

woman-applying-deodorant-istock-1024x683.jpg 

ချွေးနံ့ပျောက်မယ့် roll-on ၊ စပရေး၊ ရေမွှေး စတာတွေလည်း ဆောင်ထားဖို့လိုမယ်။ Wet Tissue လေးလည်း ဆောင်ထားပါ။ မျက်နှာသစ်စရာမလိုဘဲ ချွေးနဲ့ အညစ်အကြေးတွေကို ရှင်းလို့ရတာပေါ့။

၄။ ရေဓာတ်ဖြည့်

လေ့ကျင့်ခန်းမလုပ်မီ၊ လုပ်နေစဉ်အတွင်းနဲ့ လေ့ကျင့်ခန်းပြီးချိန်မှာရော ရေဓာတ်မခမ်းသွားအောင် သတိထားပါ။ လေ့ကျင့်ခန်းအားလုံးပြီးပြီဆိုရင် ရေအေးအေးသောက်တာက ချွေးတိတ်တာမြန်စေပါလိမ့်မယ်။

 

၅။ ရုံးဝတ်စုံ

142306_em_officeattire_9.jpg 

မနက်ပိုင်း Gym မသွားခင် ညတည်းက ရုံးဝတ်စုံကို အိတ်ထဲမှာ အသင့်ထည့်ထားဖို့လည်း မမေ့နဲ့ဦး။ လေ့ကျင့်ခန်းလုပ်ပြီးတာနဲ့ အဝတ်လဲခန်းထဲပြေးပြီး အပေါ်မှာ ပြောတာတွေလုပ်၊ အဝတ်လဲပြီး ရုံးကိုပြေးလို့ရပြီ။

Source : Thirty

Share

Loading Next Article...
က္က