အရေပြားကို အစိုဓာတ် ပြန်လည်ထိန်းသိမ်းပေးနိုင်ပြီး တိမ်မြုပ်နေတဲ့ တောက်ပမှုကိုပါ ပြန်လည်ဖော်ဆောင်ပေးနိုင်တဲ့ အစားအစာလေးပါ။

ငယ်ငယ်က ကွေကာအုတ်ဖျော်သောက်ရင် ကွေကာအုတ်ထဲမှာပါတဲ့ အုတ်ဂျုံမှုန့်ဖတ်လေးတွေကို နှစ်ခြိုက်စွာ စားသုံးဖူးကြမှာပါ။ အသင့်ဖျော် ကွေကာအုတ်ထုပ်ထဲမှာပါတဲ့ အုတ်ဂျုံမှုန့်လေးတွေဟာ အာဟာရတန်ဖိုးတွေသာမက အလှအပရေးရာ တန်ဖိုးတွေလည်း များစွာပါဝင်ပါတယ်။ ကျန်းမာရေးအရဆိုရင် အုတ်ဂျုံမှုန့်တွေဟာ နှလုံးကို ကျန်းမာစေသလို ကိုလက်စထရောကိုလည်း ကျစေနိုင်ပါတယ်။


 

အာဟာရပညာရှင်တွေကတော့ အုတ်ဂျုံမှုန့်စားသုံးခြင်းကို အထူးထောက်ခံမှု ပေးကြပါတယ်။ ဒါပေမယ့် အုတ်ဂျုံမှုန့်က သူ့ချည်းပဲစားမယ်ဆိုရင် အရသာမရှိပါဘူး။ သစ်သီးခြောက်လေး၊ နှမ်းစေ့လေး၊ စတော်ဘယ်ရီသီးလေး၊ ငှက်ပျောသီးလေး၊ နွားနို့လေးတို့နဲ့ တွဲဖက်လိုက်မှ စားလို့ကောင်းသွားတာပါ။

ဒါ့အပြင် အုတ်ဂျုံမှုန့်စားခြင်းဟာ အသားအရေကို လှစေနိုင်ပါသေးတယ်။ အရေပြားကို အစိုဓာတ် ပြန်လည်ထိန်းသိမ်းပေးနိုင်ပြီး တိမ်မြုပ်နေတဲ့ တောက်ပမှုကိုပါ ပြန်လည်ဖော်ဆောင်ပေးနိုင်တဲ့ အစားအစာလေးပါ။ အုတ်ဂျုံမှုန့်ရဲ့ အလှအပရေးရာ အကျိုးကျေးဇူးတွေကတော့...

၁။ မျက်နှာသစ်ဆေး

Make-a-Honey-and-Oatmeal-Face-Mask-Step-25.jpg 

အုတ်ဂျုံမှုန့်ကို သဘာဝမျက်နှာသစ်ဆေးတစ်မျိုးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ အုတ်ဂျုံမှုန့်ကို နွားနို့လေးနဲ့ရောပြီး အနှစ်လေးဖြစ်အောင်လုပ်ပြီးမှ မျက်နှာပေါ်မှာ လိမ်းပေးရမှာပါ။ အုတ်ဂျုံမှုန့်မှာ saponin ဆိုတဲ့ ဓာတ်ပါဝင်တဲ့အတွက်ကြောင့် အရေပြားချွေးပေါက်ငယ်တွေထဲအထိ နက်ရှိုင်းစွာ သန့်စင်ပေးနိုင်မှာပါ။

၂။ ဆဲလ်သေဖယ်ရှားဆေး

maxresdefault.jpg 

အရေပြားဆဲလ်သေဖယ်ရှားဆေး (scrub) အဖြစ်လည်း အုတ်ဂျုံမှုန့်ကို အသုံးပြုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အုတ်ဂျုံမှုန့်ရဲ့ ပြေပြစ်ချောမွေ့တဲ့ ခံစားမှုဟာ ထိလွယ်ခိုက်လွယ်ပါတယ်ဆိုတဲ့ အရေပြားပိုင်ရှင်တွေနဲ့တောင် သင့်တော်မှုရှိပြီး အရေပြားဆဲလ်သေတွေကိုလည်း ထိရောက်မှုရှိရှိနဲ့ အမြန်ဖယ်ရှားနိုင်ပါတယ်။

See Also: 

၃။ နေရောင်ဒဏ်ကာကွယ်ဆေး

အုတ်ဂျုံမှုန့်ဟာ နေလောင်ဒဏ်ကို ကုသရာမှာလည်း အသုံးဝင်ပါတယ်။  သူ့မှာပါဝင်တဲ့ anti-oxidant ဟာ ရောဂါပျောက်ကင်းစေနိုင်တဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် နေပူထဲထွက်မိရင် အုတ်ဂျုံမှုန့်လေးကို ရှားစောင်းလက်ပတ်ဂျယ်လ်၊ နို့အေး၊ နှင်းဆီရေတို့နဲ့အတတူ ရောပြီး လိမ်းပေးနိုင်ပါပြီ။ မျက်နှာလေး နေလောင်ပြီး မဲညိုနေရင် facemask လေးအဖြစ် အသုံးပြုနိုင်ပါတယ်။ ခဏတာအချိန်ပိုင်းအတွင်းမှာ နေလောင်ဒဏ် လျင်မြန်စွာ သက်သာပျောက်ကင်းသွားမှာပါ။

၄။ ခေါင်းလျှော်ရည်

hair-wash-how-often.jpg 

အုတ်ဂျုံမှုန့်ကို ခေါင်းလျှော်ရည်အဖြစ်လည်း သုံးလု့ိရတယ်ဆိုတာကို သိရင် မဒီလေးတို့ အံ့သြသွားကြမယ် ထင်ပါတယ။ ဟုတ်ပါတယ်။ အုတ်ဂျုံမှုန့်ဟာ ဆံပင်သန်စေပြီး ဆံသား ပိုမိုမဲနက် ခိုင်မာစေတဲ့ သဘာဝအားဆေးတစ်မျိုးပါပဲ။ ဒါပေမယ့် တစ်ခုရှိတာက dry shampoo အဖြစ်ပဲ သုံးလို့ရတာပါ။ အုတ်ဂျုံမှုန့်မှာ ဆိုဒီယမ် ဘိုင်ကာဘွန်နိတ်ပါဝင်ပြီး ဦးရေပြားနဲ့ ဆံသားပေါ်က မလိုအပ်တဲ့ အဆီပိုတွေကို စုပ်ယူပေးနိုင်ပါတယ်။

၅။ အယားပျောက်ဆေး

woman-scratching-face.jpg 

အလာ့ဂျစ်ထခြင်းကြောင့်ဖြစ်တဲ့ ယားယံမှုနဲ့ မှိုရောဂါကြောင့်ဖြစ်တဲ့ ယားယံမှုတွေကို ဖယ်ရှားရာမှာလည်း အုတ်ဂျုံမှုန့်က အသုံးဝင်ပါသေးတယ်။ ရေချိုးနေချိန်မှာ အုတ်ဂျုံမှုန့်လေးနဲ့ ယားတဲ့နေရာကို ပွတ်ပေးလိုက်ရုံပါပဲ။ သိသာပြောင်းလဲမှုကို ရက်အနည်းငယ်အတွင်းမှာ တွေ့မြင်ရမှာပါ။

Source: youngisthan

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က