မိတ်ကပ်ဖျက်ဆေးနဲ့ မျက်နှာသစ်ဆေးက မတူပါဘူး။

မျက်နှာကတော့ နေ့တိုင်း သစ်နေတာပဲ။ အိပ်ရာနိုးတိုင်း သစ်နေတာဆိုတော့ မျက်နှာသစ်ရင် ပြီးပြီပေါ့လို့ အလွယ်တွေးကြတယ်။ မျက်နှာအသားအရေလေးကို လှပနေစေချင်ရင်တော့ ဒီအမှားလေးတွေ မလုပ်ရဘူးနော်။

 

၁။ အိပ်ရာဝင်ခါနီးတိုင်း မျက်နှာသစ်ဖို့ မမေ့ပါနဲ့။ ပျင်းလည်း မပျင်းပါနဲ့။ နေ့ခင်းဘက်မှာ မျက်နှာကအဆီပြန်၊ ချွေးထွက်တော့ လိမ်းထားတဲ့မိတ်ကပ်တွေ၊ ဖုန်တွေ ကပ်နေတာမို့ ညမအိပ်ခင် မျက်နှာသစ်ပေးရပါမယ်။

၂။ ညအိပ်ခါနီး မျက်နှာသစ်ထားလို့ မနက်ကျရင် မျက်နှာမသစ်ချင်ဘူးလား။ ခေါင်းအုံးနဲ့အိပ်ရာမှာ ကပ်နေတဲ့ ကြေးညှော်တွေကိုလည်း မနက်ပိုင်းမှာမျက်နှာသစ်ခြင်းဖြင့် ဖယ်ရှားရပါတယ်။

၃။ ရေပူလွန်းတာနဲ့လည်း မျက်နှာမသစ်ရဘူးနော်။ ကြက်သီးနွေးအဆင့်ထက် ပိုမပူတဲ့ရေကိုသာ သုံးသင့်တယ်။

see also 

၄။ မိတ်ကပ်ဖျက်ဆေးနဲ့ မျက်နှာသစ်ဆေးက မတူပါဘူး။ မိတ်ကပ်ဖျက်ဆေးသုံးပြီးမှ မျက်နှာသစ်ဆေးကို သုံးရတာဖြစ်ပါတယ်။

၅။ မိတ်ကပ်ဖျက်တစ်ရှုးအစို တစ်မျိုးတည်းသုံးရုံနဲ့ မလုံလောက်ပါဘူး။ မိတ်ကပ်တွေပျက်သွားမှ မျက်နှာထပ်သစ်ပေးရမှာ ဖြစ်ပါတယ်။ ဒါမှ မိတ်ကပ်တွေ စင်သွားမယ်လေ။

 

၆။ ကိုယ့်အသားအရေနဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် မျက်နှာသစ်ဆေးမျိုးကို ရွေးချယ်ပါ။ အဆီပြန်တာလား၊ ဝက်ခြံထွက်တာလား၊ sensitive skin လား ၊ ခြောက်သွေ့တဲ့ အသားအရေလားဆိုတာ ကိုယ်က သိနေတာပဲလေ။ အဲ့တာအတွက် ထုတ်ထားတဲ့ မျက်နှာသစ်ဆေးကိုပဲသုံးပေါ့။

၇။ ခန္ဓာကိုယ်ကိုသုတ်ထားတဲ့တဘက်နဲ့ မျက်နှာကို မသုတ်ရဘူး။ ခန္ဓာကိုယ်မှာ ကပ်နေတဲ့ ဘက်တီးရီးယားတွေ မျက်နှာကို ကပ်သွားနိုင်တယ်။ မဒီ့အနေနဲ့ကတော့ မျက်နှာသစ်ပြီးတိုင်း တစ်ရှုးအသန့်လေးနဲ့ပဲ မျက်နှာကို သုတ်စေချင်ပါတယ်။

 

၈။ အချိန်အကြာကြီး မျက်နှာကို ပွတ်တိုက်တာမျိုးလည်း ရှောင်ကြဉ်ပါ။ ဆပ်ပြာတွေနဲ့ မျက်နှာကို ကြာကြာတိုက်ရင် ကောင်းကျိုးမရဘဲ ဆိုးကျိုးပဲဖြစ်စေတယ်။ စက္ကန့် ၃၀ လောက် ပွတ်တိုက်ပေးရင် လုံလောက်ပါပြီ။

၉။ Exfoliating လုပ်တာက တစ်ပတ်ကို တစ်ကြိမ်/နှစ်ကြိမ်ထက် မပိုရပါဘူး။ အရေပြားအပေါ်ယံလွှာ ပျက်စီးပြီး နီရဲရောင်ရမ်းတာမျိုး ဖြစ်လာနိုင်ပါတယ်။

 

၁၀။ မျက်နှာသစ်ပြီးသွားရင် toner နဲ့ moisturizer လည်း သုံးပေးဖို့ လိုပါတယ်။ Toner က မျက်နှာသစ်တာတောင် မပြောင်ဘဲ ကျန်နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးတာဖြစ်ပြီး moisturizer ကတော့ မျက်နှာလေးကို စိုပြေနူးညံ့စေပါတယ်။

Source : Self

Share

Loading Next Article...
က္က