ဒီနေ့ခေတ်ကြီးထဲမှာ ရုပ်ထွက်ကောင်းတဲ့ ဓာတ်ပုံလေးတွေ ရိုက်နိုင်ဖို့က အရေးကြီးလာပါတယ်။

လူမှုကွန်ရက်တွေပေါ်မှာ ဓာတ်ပုံကောင်းကောင်းလေးတွေတင်ပြီး ဝင်ငွေကောင်းကောင်းရနေတဲ့သူတွေဆိုတာ ပုံပြင်မဟုတ် တော့ပါဘူး။ ပုံကောင်းကောင်းလေးတွေ တင်နိုင်လို့ social influencer (ဆယ်လီ) ဖြစ်ပြီး ကြော်ငြာခတွေ အများကြီးရသွားတဲ့ သူတွေရှိသလို ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ပြီး ဆုကြေးတွေ သိမ်းကျုံးယူနေတဲ့သူတွေလည်း ရှိပါတယ်။


ဒါကြောင့် ဒီနေ့ခေတ်ကြီးထဲမှာ ရုပ်ထွက်ကောင်းတဲ့ ဓာတ်ပုံလေးတွေ ရိုက်နိုင်ဖို့က အရေးကြီးလာပါတယ်။ အနည်းဆုံးတော့ ရုပ်ထွက်ကောင်းတဲ့ ပုံလေးတွေ တင်နိုင်ရင် ဖော်လိုဝါတော့ တိုးမှာအသေအချာပါပဲ။ ရုပ်ထွက်ကောင်းတဲ့ ပုံလေးတွေ ရိုက်ချင်ရင် ဒါလေးတွေတော့ သိထားဖို့ လိုလိမ့်မယ်နော်။

၁။ ကိုယ်နေဟန်ထား

10860139_1551095075140068_335885397_n.jpg 

ဓာတ်ပုံစကားမှာတော့ ပို့စ်ပေးတယ်လို့ခေါ်တဲ့ ကိုယ်ဟန်အနေအထားနဲ့ အလင်းရောင်ဟာ ဓာတ်ပုံတစ်ပုံ ရုပ်ထွက်ကောင်းမကောင်း ဆိုတာကို အဆုံးအဖြတ်ပေးနိုင်တဲ့ အချက်အလက်တွေပါပဲ။ ပရော်ဖက်ရှင်နယ် မော်ဒယ်တွေကတော့ ဓာတ်ပုံရိုက်ရင် ဘယ်လိုပို့စ်ပေးရမယ် ဆိုတာကို ကောင်းကောင်းနားလည်တယ်ဆိုပေမယ့် သာမန်အရပ်သူ၊ အရပ်သားတွေကတော့ ဓာတ်ပုံအရိုက်ခံရပြီဆိုရင် လက်ချောင်း (၂) ချောင်းထောင်ပြတာလောက်ပဲ ပို့စ်ပေးတတ်ကြတာပါ။

သူများတွေ ဘယ်လိုပို့စ်ပေးလဲဆိုတာကို လိုက်ကြည့်ပြီး ဓာတ်ပုံအရိုက်ခံရင် ပို့စ်လေးတွေ ပြောင်းလဲပေးကြည့်ပါ။ ဥပမာ... မတ်တတ်ရပ်ပြီး ဓာတ်ပုံအရိုက်ခံရရင် ခါးကိုမတ်မတ်ထားတာတို့၊ ခန္ဓာကိုယ်ကောက်ကြောင်းပေါ်လွင်အောင် ခန္ဓာကိုယ်ကို လှည့်သင့်လှည့်၊ ခါးကိုင်းသင့် ကိုင်းတာတို့ပေါ့

၂။ မေးစေ့ပေါ်ပါစေ

ဓာတ်ပုံမှာ မျက်နှာကိုပေါ်လွင်အောင် ဘယ်လိုပေးမလဲဆိုတာကလည်း အလွန်အရေးကြီးပါတယ်။ မေးစေ့ကိုပေါ်လွင်အောင် ရှေ့ထုတ်လိုက်ရင် မျက်နှာဖူးဖူးလေးက ရှေ့ထွက်ပြီး ပေါ်လွင်နေမှာပါ။ အထူးသဖြင့် ဘေးတစ်စောင်းရိုက်တဲ့ ဓာတ်ပုံတွေမှာဆိုရင် လှပတဲ့ မေးရိုးနဲ့ လည်တိုင်ကို ပေါ်လွင်ထင်ရှားစေပါတယ်။

၃။ အပြုံး

spin_prod_613097701 (2).jpg 

ဓာတ်ပုံတစ်ပုံမှာ ရုပ်ထွက်ကောင်းချင်ရင် ပြုံးတတ်ဖို့ပဲ လိုပါသေးတယ်။ ငါးခူပြုံးတို့၊ ငါးရံ့ပြုံးတို့၊ မချိပြုံးတို့ဆိုပြီး အပြုံးအမျိုးအစား အများကြီးရှိတဲ့ကြားက မိမိဓာတ်ပုံရိုက်ကူးနေတဲ့ ပတ်ဝန်းကျင်နဲ့ အလင်းရောင်အနေအထားကိုလိုက်ပြီး ရွေးချယ်သုံးစွဲပါ။ ဥပမာ နေဝင်ဆည်းဆာချိန် နေရောင်လေးက ကိုယ်တစ်ခြမ်းပေါ်ကို ကျဆင်းနေချိန်မှာ ကိုယ်လေးတခြမ်းစောင်းပြီး မခို့တရို့လေး လှည့်ပြုံးပြလိုက်တဲ့ ဓာတ်ပုံမျိုးက ရုပ်ထွက်ကောင်းမှာပါ။

နောက်ပြီး အလင်းရောင်တောက်ပနေတဲ့ အချိန်မျိုးမှာ ဟာသတစ်ခုကို လွတ်လွတ်လပ်လပ်ရယ်မောနေတဲ့ပုံမျိုးကလည်း အပြစ်ကင်းစင်တဲ့ ရုပ်ထွက်စေပြီး ပုံကောင်းလေးတစ်ခု ဖြစ်စေမှာပါ။

see also 

၄။ ခါးထောက်လိုက်ပါ

ဓာတ်ပုံရိုက်ချိန်မှာ ခါးထောက်လိုက်ခြင်းဟာ ပျိုမေတို့ရဲ့ ခန္ဓာကိုယ်အထက်ခြမ်းနဲ့ အောက်ခြမ်းကို ဆက်စပ်ပေးထားတဲ့ နေရာဖြစ်တဲ့ ခါးလေးကို ပေါ်လွင်ထင်ရှားစေပြီး ခန္ဓာကိုယ် အချိုးအဆက် အလှအပဖြစ်တဲ့ အပေါ်ပိုင်းကိုကော၊ အောက်ပိုင်းကိုပါ ရှိရင်းစွဲထက် ပိုမိုဝင့်ကြွားနေသလို ပေါ်လွင်လာစေပါတယ်။

၅။ ပုခုံးကို နောက်ပစ်လိုက်ပါ

FB_IMG_1499069959174.jpg

ကိုယ်တခြမ်းစောင်းအနေအထားမျိုးတွေမှာ ပုခုံးကိုနောက်ကို ပစ်လိုက်ခြင်းဟာ တင်ပါးအလှကို ပိုမိုပေါ်လွင်စေပြီး ပုံမှန်ထက် ပိုမိုဆွဲဆောင်မှုရှိတဲ့ အနေအထားကို သဘာဝအတိုင်း ရရှိစေနိုင်ပါတယ်။ ဆံပင်ရှည်လေးတွေကို ပုခုံးပေါ် ဝဲချထားမယ်ဆိုရင် ပိုကောင်းပါတယ်။

၆။ ပေါ်လွင်ထင်ရှားမယ့်နေရာမှာနေပါ

သူငယ်ချင်းတွေ အုပ်စုလိုက် ဓာတ်ပုံရိုက်တော့မယ်ဆိုရင် ပေါ်လွင်ထင်ရှားမှုရှိမယ့်နေရာမျိုးကို ရွေးချယ်ပါ။ ဥပမာ အဖွဲ့လိုက် ပုံတွေမှာဆိုရင် အလည်တည့်တည့်နေရာက မိမိကို ပေါ်လွင်ထင်ရှားစေတဲ့ နေရာမျိုးဖြစ်ပြီး focus လည်း ပြတ်စေမှာပါ။ ဒါ့အပြင် အလည်ခေါင်မှာနေခြင်းက မိမိကို လူမှုရေးကောင်းသူတစ်ဦး ပုံစံမျိုးလည်း ပေါက်စေပါတယ်။

၇။ အလှပဆုံး အစိတ်အပိုင်း

red.jpg 

မိမိခန္ဓာကိုယ်မှာ ဘယ်အစိတ်အပိုင်းက အလှပဆုံးလဲဆိုတာကို သိထားခြင်းကလည်း ဘယ်လိုရှုထောင့်ကရိုက်ရင် အလှကို ပေါ်လွင်စေတယ်ဆိုတာကို ဆုံးဖြတ်ရာမှာ အသုံးဝင်နိုင်ပါတယ်။ ဥပမာ မျက်လုံး မျက်ခုံးလှတဲ့သူဆိုရင် အဲဒီနေရာလေးတွေကို ပေါ်လွင်အောင် အလှပြင်တာမျိုး၊ ခန္ဓာကိုယ်အချိုးအဆက် လှပသူဆိုရင် ပို့စ်ပေးတဲ့အခါ ပေါ်လွင်အောင် ပို့စ်ပေးတာမျိုးတို့ပေါ့။

Source: Beautyfacts

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က