ထိထိရောက်ရောက်ရှိပြီး တကယ်သိသာတယ်။

ဝိတ်ကျဖို့ကလွယ်တယ်၊ ဗိုက်ကျဖို့က မလွယ်ဘူး။ ဟုတ်တယ် ၊ အဆီလေးတွေက ဗိုက်မှာသွားစုနေတာလေ။ ဝမ်းဗိုက်ကြွက်သားတွေ ကျစ်လျစ်ဖို့၊ 6 pack ထွက်ဖို့ဆိုတာ တော်တော်ကြီး ကျင့်ယူမှရတယ်။ ဝမ်းဗိုက်ကြွက်သားတွေ ချပ်ရပ်ချင်ရင်တော့ ဒီလေ့ကျင့်ခန်းတွေကို လုပ်ကြည့်ပါလား။

see also 

Single-Leg Plank Flex and Extend

12.-single-leg-plank-420x420_1.jpg 

Plank လုပ်ရတာထက် ပိုပြီးထိရောက်မှုရှိပါတယ်။ ဒီလေ့ကျင့်ခန်းကိုလုပ်မယ်ဆို အရင်ဆုံး plank အနေအထားနဲ့နေပါ။ ဘယ်ခြေကို ကြမ်းကနေကြွလိုက်ပြီး ဝမ်းဗိုက်ကြွက်သား၊ နောက်ကျောကြွက်သားတွေကိုညှစ်လိုက်ရပါမယ်။ မြှောက်ထားတဲ့ ဘယ်ခြေရဲ့ဒူးကို နှာခေါင်းနားထိရောက်နိုင်သမျှရောက်အောင် ထိပေးပါ။ ဒီလေ့ကျင့်ခန်းဟာ ဝမ်းဗိုက်ကြွက်သား၊ လက်မောင်းနဲ့ ခြေတံကို ကျစ်လျစ်လှပစေသလို သန်မာကြံ့ခိုင်စေပါလိမ့်မယ်။ ခါးကနေခြေဖျားအထိ တန်းသွားအောင် ပြန်ထားလိုက်ပါ။ ခြေကို ချက်ချင်းမချဘဲ ဖြည်းဖြည်းချင်းချပါ။ တစ်ဖက်ကို ၄ ကြိမ်စီ လုပ်ရတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။

 

Abs Snails

 

ပုံကိုကြည့်လိုက်ရုံနဲ့ နည်းကို သိနိုင်ပါလိမ့်မယ်။ ကြမ်းပြင်မှာ ခြေဆင်းထိုင်ပြီး ခြေနှစ်ချောင်းကို ပူးထားရပါမယ်။ လက်နှစ်ဘက်က ကွေးမနေစေဘဲ ဆန့်နေဖို့လည်း လိုပါတယ်။ ဒီလိုဆိုရင် L ပုံစံ အနေအထား ဖြစ်သွားပြီ။ ပုခုံးကြွက်သားတွေကို ညှစ်ထုတ်လိုက်ပြီး လက်တွေမကြွစေဘဲ ဝမ်းဗိုက်ကို အပေါ်ကို ကော့တင်လိုက်ပါ။ ကော့တင်လိုက်တဲ့အခါ လက်၊ ဝမ်းဗိုက်နဲ့ တင်ပါးကကြွက်သားတွေကို ညှစ်ထုတ်ပေးလိုက်သလို ဖြစ်သွားတယ်။ တင်ပါးနဲ့ကြမ်းနဲ့ မထိရပါဘူး။ အပေါ်ကို ကော့နိုင်သမျှ ကော့ထားရမှာဖြစ်ပြီး အဆုံးထိကော့ပြီးတာနဲ့ ဖြည်းဖြည်းချင်း ပြန်ချကာ ကနဦးအနေအထားအတိုင်း ပြန်နေလိုက်ရမှာဖြစ်ပါတယ်။

Source : Shape

Share

Loading Next Article...
က္က