ဘယ်လိုတွေ အသုံးပြုရမလဲဆိုတာလည်း ဖတ်ကြည့်ပါဦး။

မော်ရိုကန် အာဂန်တောအုပ်ထဲကို ရောက်သွားကြသူတွေဟာ အာဂန်ပင်ရဲ့အသီးကို အဆီအနှစ်ထုတ်ပြီး အဖိုးတန်တဲ့ argan oil (အာဂန်ဆီ)ကို ရယူကာ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းခဲ့ကြတယ်။ အာဂန်ဆီဟာ ဆံပင်နဲ့ အရေပြားကို အာဟာရဓာတ်ဖြည့်တင်းပေးနိုင်ပါတယ်။ အဖိုးတန်ပြီး အကျိုးသက်ရောက်မှု အာနိသင်လည်းကောင်းတာမို့ ဈေးကြီးပေးပြီး ဝယ်နေကြရတာပေါ့။

သူက အနာကျက်မြန်စေတဲ့ အဆီတစ်မျိုးလည်းဖြစ်တယ်။ ဗီတာမင် A, E နဲ့ linoleic acid ၊ omega-6 အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ အာဂန်ဆီကိုသုံးခြင်းရဲ့ ရလာဒ်ကောင်းတွေကိုလည်း ဖော်ပြလိုက်ပါတယ်။

၁။ Moisturizer အနေနဲ့သုံးနိုင်

Argan-Oil-StethNews.jpg 

ညဘက် မျက်နှာသစ်ပြီးတဲ့အခါ မျက်နှာကိုလိမ်းပေးရင် အသားအရေလှပါတယ်။ စေးကပ်ကပ်လည်းမဖြစ်ဘူး။ အာဂန်ဆီတစ်စက်ကို လက်ဖဝါးထဲထည့်ပြီး မျက်နှာနဲ့လည်ပင်းကိုလိမ်းပေးတဲ့အခါ တင်းတပ်ပျောက်ပါတယ်။

၂။ Exfoliant

အသားအရေလေး နုပျိုစိုပြေချင်ရင် အာဂန်ဆီကို အသုံးပြုပြီး exfoliate လုပ်ကြည့်ပါ။ သကြားညို - ထမင်းစားဇွန်းတစ်ဇွန်းနဲ့ အာဂန်ဆီ ၂ စက်ကို ရောပြီး ဖြေးညှင်းစွာပွတ်တိုက်ပါ။ ၄ မိနစ်လောက်ထားပြီးမှ ရေနွေးလေးနဲ့ဆေးလိုက်ရင် အရေပြားက ဆဲလ်သေတွေကို ဖယ်ရှားပေးရာရောက်ပါတယ်။

see also 

၃။ ဝက်ခြံ

အာဂန်ဆီမှာပါတဲ့ linoleic acid ဟာ ထိခိုက်ထားတဲ့အရေပြားကို မြန်မြန်သက်သာစေပါတယ်။ ရောင်ရမ်းတာလည်း လျှော့ချပေးနိုင်တယ်။ အသက် ၃၀-၄၀ ဝန်းကျင်မှာ ဝက်ခြံထွက်တတ်သူတွေအနေနဲ့ ဝက်ခြံပေါ်ကို အာဂန်ဆီလေး တို့ပေးထားရင် သက်သာပါတယ်။ အာဂန်ဆီနဲ့ tea tree oil ရောပြီး ဆားဝက်ခြံတွေကို လိမ်းပေးရင်လည်း ဆားဝက်ခြံတွေပျောက်တယ်။

 

၄။ အကြောပြတ်ရာ

ကိုယ်ဝန်ဆောင်တွေ အနေနဲ့လည်း အာဂန်ဆီလေးကို အပူပေးပြီး ဝမ်းဗိုက်ကိုလိမ်းပေးရင် အကြောပြတ်တာ သက်သာစေပါတယ်နော်။ ဗီတာမင် A နဲ့ E ပါဝင်တာကြောင့် အရေပြားရဲ့ ကျုံ့ဆန့်နိုင်အားကို ကောင်းလာစေပါတယ်။

၅။ ဆံပင်အတွက်

03-Amazing-Uses-of-Argan-Oil-For-Health-And-Beauty_split-ends_483793850_iprogressman.jpg 

အာဂန်ဆီရဲ့ အဓိကကောင်းကျိုးတစ်ခုကို သိကြတာက ဆံပင်အတွက်ကောင်းတာလည်းပါတယ်။ တခြားဆီတွေလို ဆံပင်ကို စေးကပ်ကပ်မဖြစ်စေဘူး။ လိမ်းထားလိုက်ရင် ဆံပင်က နူးညံ့ချောမွေ့နေရော။ ဆံပင် အထူအပါးပေါ်မူတည်ပြီး အာဂန်ဆီ တစ်စက်ကနေ သုံးစက်အထိ သုံးနိုင်ပါတယ်။

၆။ နှုတ်ခမ်း

နှုတ်ခမ်းလေးတွေအတွက်လည်း အာဂန်ဆီကို သုံးရအောင်။ အာဂန်ဆီလေးကို နှုတ်ခမ်းလေးတွေပေါ် ပွတ်ပြီးရင် ပိုနေတဲ့ဆီတွေကို တစ်ရှုးစလေးနဲ့ပွတ်ပြီးသုတ်လိုက်။ နှုတ်ခမ်းကွဲတာပျောက်ပြီး နှုတ်ခမ်းသားလေးတွေ နူးညံ့ချောမွတ်နေရော။

Source : Steth

Share

Loading Next Article...
က္က