သန့်သန့်ရှင်းရှင်းထားဖို့ပဲလိုတာ။

မိန်းကလေးတစ်ယောက် မျက်နှာလေးက ချစ်စရာလေး၊ လက်မြှောက်လိုက်ရင် ချိုင်းမွေးတွေနဲ့ဆို ဂွမ်းတော့တာပဲ။ ဒါကြောင့်မို့လို့လည်း ပျိုမေလေးတို့က ချိုင်းမွေးကို နည်းအမျိုးမျိုးသုံးပြီး ဖယ်ရှားကြရတယ်လေ။ မနှစ်တုန်းကတော့ ချိုင်းမွေးဖက်ရှင်တစ်ခု ရေပန်းစားသွားခဲ့တာ မှတ်မိလား။

 

ချိုင်းမွေးတွေကို မရိတ်၊ မနှုတ်ဘဲနဲ့ ဆေးဆိုးတဲ့ဖက်ရှင်က ခေတ်စားခဲ့ပါတယ်။ ငယ်ရွယ်တဲ့မိန်းကလေးတွေကြားမှာ အဆန်းတစ်ခုလိုပဲ ပျံ့နှံ့သွားခဲ့တယ်။

 

ချိုင်းမွေးဆေးဆိုးတဲ့စတိုင်လ်ကို အဆိုတော်မင်းသမီးလေး မိုင်လေဆိုင်းရပ်စ်တောင် လိုက်လုပ်ခဲ့သေးတယ်လေ။ အဲ့ဒီအတွက်လည်း မိုင်လေးကို သူမရဲ့ပရိသတ်တွေက အချစ်မလျော့တဲ့အပြင် ပိုတောင်ချစ်သွားကြသေးတယ်။

အမြင်ဆန်းတဲ့ ချိုင်းမွေးဆေးဆိုးတဲ့စတိုင်လ်ဟာ ခုထိလည်း တွေ့နေရဆဲပါ။ ၂၀၁၇ ခုနှစ်မှာ ရောင်စုံ (Unicorn) စတိုင်လ်တွေ နေရာတကာ မြင်လာရတော့ ချိုင်းမွေးကိုလည်း ရောင်စုံဆိုးကြဖို့ စိတ်ကူးရလာကြပုံ ရပါတယ်။

 

ခန္ဓာကိုယ်က သဘာဝအတိုင်းထွက်တဲ့ အမွေးအမှင်ဟာ စိတ်ပျက်စရာ ရှက်စရာကြီးတော့ မဟုတ်ပါဘူး။ ကိုယ့်မှာသာ အိုင်ဒီယာဆန်းရင်၊ သန့်သန့်ရှင်းရှင်း ထားတတ်ရင် ချိုင်းမွေးဖက်ရှင်ဆန်းတောင် ဖြစ်သွားဦးမယ်နော်။

 

Source : Diply

Share

Loading Next Article...
က္က