https://www.facebook.com/duwun/videos/865382013623896/

ခြေတံတိုရင် ankle boots တွေ စီးတဲ့အခါ လှပါ့မလား၊ ဂျင်းဘောင်းဘီ အကြပ်နဲ့ရော လိုက်ပါ့မလား။ ဘယ်လိုဖက်ရှင်မျိုးက ankel boots တွေနဲ့ လိုက်ဖက်သလဲဆိုတာကို ပျိုမေလေးတို့သိအောင် မျှဝေလိုက်ပါတယ်နော်။

 

ဂျင်းဘောင်းဘီအကြပ်နဲ့ ခပ်မိုက်မိုက်လေး ဝတ်လို့ရတယ်။ Skinny Jeans ကိုမှ ခြေကျင်းဝတ် ဖော်ထားတဲ့စတိုင်လ်မျိုး ရွေးဝတ်ပါ။ ဖိနပ်ကို ဘောင်းဘီက ဖုံးနေရင် ဘယ်လိုမှမလှဘူး။ အပေါ်ကနေ ခြုံပဝါကြီးတစ်ထည်လောက် ခြုံထားလိုက်ရင် အလန်းစားဖြစ်သွားပြီ။

see also 

 

Skinny Jeans မဟုတ်ဘဲ ခပ်ပွပွ အောက်ကား ဂျင်းဘောင်းဘီမျိုးဆိုရင်တော့ ပေါ့ပေါ့ပါးပါးနဲ့ စမတ်ကျတဲ့ဟန်မျိုး ဖြစ်စေတယ်။ ဘောင်းဘီကတော့ ခြေကျင်းဝတ်အထက်မှာ ရှိနေရပါမယ်။

 

ဘောင်းဘီစကတ်တွေနဲ့လည်း ankle boots တွေက လိုက်ပါတယ်။ အလုပ်တက်လို့ရတဲ့ စတိုင်လ်မျိုးပေါ့။ ဘလောက်စ်နဲ့ စကတ်ဘောင်းဘီနဲ့ ankle boots နဲ့ဆိုရင် ရုံးထဲမှာ သက်တောင့်သက်သာလေးနဲ့ စတိုင်လ်ကျနေတော့မှာ။

 

ဂါဝန်လေးတွေနဲ့ ဝတ်မယ်ဆိုလည်း ချစ်စရာကောင်းနေမှာ။ ဂါဝတ်တိုနဲ့တော့သိပ်မလိုက်ဘူး။ ဒူးဖုံး၊ ခြေသလုံးတစ်ဝက်လောက် အရှည် ဂါဝန်ကားကားလေးတွေနဲ့လိုက်တယ်။

 

Ankle Boots တွေဟာ စကတ်တိုလေးတွေနဲ့လည်းလိုက်တယ်။ လည်သာစကတ်လေးတွေနဲ့ဆို အရမ်းလိုက်တာ။ ရှိုးပွဲတွေဘာတွေသွားရင် လည်သာစကတ်အကြပ်လေးနဲ့ဝတ်၊ ထသွားထလာဆိုရင် စကတ်တိုအကားလေးနဲ့ဝတ်။

 

Legging တွေနဲ့ ဝတ်မယ်ဆိုရင် ဖိနပ်လေးပေါ်အောင်လို့ legging ကို အရောင်ရင့်ရင့်ပဲ ရွေးလိုက်နော်။

Photos : Instagram

Share

Loading Next Article...
က္က