မနက်ကြည့်တော့တစ်ရောင်...ညဘက်ကြည့်တော့တစ်ရောင် ဖြစ်နေတယ်။ အမှန်ကဘာလဲ?
Su Yee Moe

အွန်လိုင်းပေါ်မှာ ငြင်းနေကြတဲ့ ဖိနပ်တစ်ရံအကြောင်း တွေ့လိုက်မိသေးလား ပျိုမေတို့ရေ။ ဦးဦးစိုင်းစိုင်းတောင် မျက်စိမှောက်သွားရတဲ့ ဖိနပ်လေ။ အစက မီးခိုးနဲ့အစိမ်းလို့မြင်တယ်၊ ညနေကျတော့ ပန်းရောင်နဲ့အဖြူ ဖြစ်သွားလို့ ခေါင်းစားနေတယ်လို့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ဖေ့စ်ဘုတ်မှာ တင်ခဲ့ပါတယ်။



 

တစ်ယောက်တစ်မျိုး ငြင်းကြ ခုန်ကြနဲ့ ဘန်နီဖြိုးတောင် ပါလိုက်သေးတယ်။ ကိုယ်တွေတင်မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးက အင်တာနက်သုံးသူတွေလည်း ဇဝေဇဝါတွေဖြစ်ကုန်ကြတာ။

 

ဒီပုံအစက တွစ်တာကနေ စခဲ့တာပါ။ အောက်တိုဘာ ၁၁ ရက်နေ့တုန်းက Julia Charlottte ဆိုတဲ့ တွစ်တာအကောင့်က sneaker ဖိနပ်တစ်ဖက်ကို တင်ခဲ့ရာကနေ တွစ်တာမှာ ငြင်းကြတာ ဖေ့စ်ဘုတ်အထိ ရောက်သွားခဲ့ပါတော့တယ်။ ကိုယ်တိုင်လည်း မြင်မြင်ချင်းမှာ စစ်စလီစိမ်းရောင် (teal) နဲ့ မီးခိုးလို့ ထင်ခဲ့သေးတာ။

 

တကယ့်အမှန်က ပန်းရောင်နဲ့ အဖြူသာ ဖြစ်ပါတယ်လို့ တွစ်တာပေါ်မှာပဲ အဖြေမှန်တွေ့ခဲ့ရပါတယ်။ Flash မီးရောင်ဖွင့်ပြီး ရိုက်လိုက်တဲ့အခါ မျက်စိထဲမှာ အစိမ်းနဲ့မီးခိုးလို့ မြင်နေကြတာဖြစ်ပါတယ်လို့ မူရင်းပို့စ်ပိုင်ရှင်က ရှင်းပြထားပါတယ်။ Flash မီး မဖွင့်ဘဲ ရိုက်ထားတဲ့ ပန်းရောင်၊ အဖြူ ပုံကိုလည်း ပြထားပါတယ်။

see also 

Source : People


ဆက်စပ်အကြောင်းအရာများ


Author


က္က