မျက်နှာရဲ့ ဆွဲဆောင်မှုအပြင်းဆုံး အစိတ်အပိုင်းတွေလည်းဖြစ်တယ်လေ။

ကျွန်မတို့ မိန်းမသားတွေဟာ မိတ်ကပ်ကို အကြောင်းအမျိုးမျိုးနဲ့ လိမ်းခြယ်ဖြစ်နေကြပါတယ်။ ကိုယ့်ရဲ့မျက်နှာလေး ကြည့်ကောင်းနေအောင် လိမ်းကြရတာပဲမဟုတ်လား။ မိတ်ကပ်ဆိုတာ သေသေချာချာ လိမ်းတတ်ရင် လူကို ပိုလှ၊ ပိုနုပျိုသွားစေတယ်လေ။ ပိုပြီးနုပျိုဖို့အတွက်တော့ အခုပြောပြမယ့်အချက်ကို အသုံးချလိုက်ပါ။



မိတ်ကပ်လိမ်းတိုင်းမှာ နှုတ်ခမ်းသားနဲ့ မျက်လုံးကို ဂရုစိုက်ခြယ်သဖို့ အရေးကြီးပါတယ်။ ဒါတွေက မျက်နှာရဲ့ ဆွဲဆောင်မှုအပြင်းဆုံး အစိတ်အပိုင်းတွေလည်းဖြစ်တယ်လေ။ ကိုယ့်ရဲ့အသားအရောင်ထက် ပိုရင့်တဲ့ နှုတ်ခမ်းနီ၊ မျက်လုံးမိတ်ကပ်တို့ကို အသုံးပြုခြင်းဟာ အမျိုးသမီးတွေကို ရှိရင်းစွဲအသက်ထက် ပိုပြီးနုပျိုတယ်လို့ ထင်ရစေပါသတဲ့။

see also 

 

"အသက်ကြီးတဲ့ အမျိုးသမီးတစ်ဦးဆိုရင်၊ ငယ်ရွယ်တဲ့ပုံလေးပေါက်ချင်တယ်ဆိုရင် မျက်ခုံးတွေနဲ့ မျက်လုံးတွေကို ရင့်တဲ့အရောင်ဖြစ်အောင် ခြယ်သပြီး နှုတ်ခမ်းတွေကိုတော့ ရှိရင်းစွဲထက် ပိုနီတဲ့အရောင်ကို ဆိုးခြင်းဟာ မျက်နှာကို ပိုပြီးနုပျိုတယ်လို့ ထင်ရစေပါတယ်" လို့ အမေရိကရှိ Gettysburg ကောလိပ်မှ ဒေါက်တာ ရစ်ချက်ရပ်ဆဲလ်က ပြောပါတယ်။

 

ဆံပင်စတိုင်ဟာ လူတစ်ယောက်ရဲ့ရုပ်ရည်ကို နုပျိုအောင်၊ ရင့်ရော်အောင် ပုံဖော်စေမှန်း သိကြပြီးပါပြီ။ ခုတော့ မျက်နှာအစိတ်အပိုင်းနဲ့ အသားအရောင်တို့ကို နှိုင်းယှဉ်ကြည့်တဲ့ရလဒ်ကလည်း လူတစ်ယောက်ကို ပိုပြီးနုပျိုအောင် ရင့်ရော်တဲ့အသွင်ပေါ်အောင် ဖြစ်စေနိုင်တာကိုတော့ အခု ထပ်ပြီးသိလိုက်ရပါတယ်။

 

Source : Daily Mail


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က