လူ့အမွေးအစစ်တွေတဲ့.....

အမျိုးသမီးတစ်ဦးရဲ့ ပြီးပြည့်စုံတဲ့ဖက်ရှင်စာရင်းမှာ ဒေါက်မြင့်ဖိနပ်တွေက မပါမဖြစ်ပါပဲ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရှိနဲ့ စမတ်ကျတဲ့အသွင်ကိုရအောင် ဒေါက်မြင့်ဖိနပ်တွေက စွမ်းဆောင်နိုင်ပါတယ်။ ဒေါက်ဖိနပ်ကြိုက်တဲ့ ပျိုမေလေးတို့က ဒီဒေါက်ဖိနပ်ကို စီးရဲပါ့မလား။



 

တရုတ်နိုင်ငံက Zhu Tian ဆိုသူဟာ ဒီလိုမျိုး ရွံစရာကောင်းတဲ့ ဖိနပ်ကို ဖန်တီးခဲ့သူ ဖြစ်ပါတယ်။ သူ့ဖိနပ်ကိုလည်း Babe လို့ နာမည်ပေးထားတယ်။ လူ့အသားအရောင်နဲ့ တူညီတဲ့အရောင် ဒေါက်ဖိနပ်ပေါ်မှာ အမွေးတွေစိုက်ထားခဲ့ပါတယ်။

see also

ရှည်ရှည်ကောက်ကောက် အမွေးကြီးတွေက လူ့အမွေးအစစ်တွေဆိုပဲ။ အဲ့ဒီနောက်မှာတော့ ဖိနပ်ကို ကြိုးနဲ့စုချည်ပြီး လူမြင်ကွင်းမှာ ပြသထားခဲ့ပါတယ်။ ဖြတ်သွားဖြတ်လာတွေကတော့ ဒါကို စူးစမ်းကြပေမဲ့ ဘယ်သူကမှတော့ စီးမကြည့်ခဲ့ကြပါဘူး။

 

သူကတော့ လူတွေဟာ ဒေါက်မြင့်ဖိနပ်တွေကို လိင်ဆွဲဆောင်မှုလူသုံးကုန်ပစ္စည်းတစ်ခုအဖြစ်နဲ့ ဘယ်လိုအသုံးပြုနေကြတယ် ဆိုတဲ့အပေါ် ထောက်ပြလိုတဲ့သဘောနဲ့ ဖန်တီးပြသခဲ့တယ်လို့ ဆိုပါတယ်။ ဒေါက်ဖိနပ်ကြိုက်တဲ့ ပျိုမေလေးတွေကို ဒီဖိနပ်လက်ဆောင်ပေးရင် စီးချင်ပါ့မလား။ မဒီကတော့ မစီးရဲဘူးနော်။

 

Source : Lost at Minor


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က