လက်သည်းလေးတွေက ကြံ့ခိုင်ပြီး လှပနေမယ်ဆိုရင် manicure (လက်သည်း အလှဆင်ခြင်း) ကောင်းကောင်းလုပ်လို့ရပြီး ပွဲလည်တင့်တယ်နိုင်တာပေါ့။

ပျိုမေလေးတို့ရဲ့ အလှအပကို အကောင်းဆုံးအထောက်အကူပေးနိုင်တဲ့ အရာတွေထဲမှာ ရှည်လျားပြီး မာကျောတဲ့ လက်သည်းလေးတွေလည်း ပါဝင်ပါတယ်။ လက်သည်းလေးတွေက ကြံ့ခိုင်ပြီး လှပနေမယ်ဆိုရင် manicure (လက်သည်း အလှဆင်ခြင်း) ကောင်းကောင်းလုပ်လို့ရပြီး ပွဲလည်တင့်တယ်နိုင်တာပေါ့။

 

ဒါပေမယ့် လက်သည်းရှည်ထားရတာလည်း မလွယ်ပါဘူး။ ဟိုဟာနဲ့ ခိုက်မိ၊ ဒီဟာနဲ့ ခိုက်မိနဲ့ ကျိုးပဲ့သွားနိုင်ပါသေးတယ်။ ခိုင်မာတောင့်တင်းတဲ့ လက်သည်းရှည်လှလှလေးတွေကို ပိုင်ဆိုင်နိုင်ဖို့ နည်းလမ်းလေးတွေ ရှိပါသေးတယ်နော်။

၁။ လက်ဖက်စိမ်းရေနွေးကြမ်း (Green Tea)

Green-Tea-and-Bowels.jpg 

လက်ဖက်စိမ်းရေနွေးကြမ်း (Green Tea) မှာ antioxidant ကြွယ်ဝစွာပါဝင်တဲ့အတွက် လက်သည်းတွေရဲ့ ကြွပ်ဆတ်ဆတ်နိုင်တတ်တဲ့ သဘာဝကို ထိန်းချုပ်နိုင်ပြီး ပိုမိုခိုင်မာသန်စွမ်းလာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါတင်မက လက်ဖက်စိမ်းရေနွေးကြမ်းဟာ လက်သည်းပန်းကုံးတဝိုုက်က အဝါရောင်သမ်းစေတဲ့ ရောင်ခြယ်နဲ့ မှိုတွေကိုလည်း ဖယ်ရှားပေးနိုင်တဲ့အတွက် ပျိုမေတို့ရဲ့ လက်သည်းလေးတွေ ခိုင်မာတောင့်တင်း လှပစေဖို့အတွက် အကောင်းဆုံးအထောက်အကူပေးနိုင်ပါတယ်။

အရင်ဆုံး green tea လက်ဖက်ခြောက်တစ်ထုပ်ကို ခွက်တစ်ခွက်ထဲမှာ ရေနွေးလောင်းထည့်ပြီး အအေးခံထားလိုက်ပါ။ ရေနွေးကြမ်းလေး အေးသွားပြီဆိုတော့မှ လက်သည်းလေးတွေကိုနှစ်ပြီး စိမ်ထားပေးလိုက်ရုံပါပဲ။ (၁၀) မိနစ်၊ (၁၅) မိနစ်လောက် စိမ်ပြီးရင်တော့ လက်သည်းလေးတွေကို ပြန်ထုတ်ပြီး လက်ကိုင်ပဝါတစ်ထည်နဲ့ သုတ်ပေးလိုက်ရုံပါပဲ။ ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာ (၂) ကြိမ်၊ (၃) ကြိမ်ခန့် ပြုလုပ်ပေးသင့်ပါတယ်။

၂။ ပန်းသီးရှာလကာရည်

apples-and-vinegar.jpg

ပန်းသီးရှာလကာရည် (apple cider vinegar) ဟာ စွယ်စုံအသုံးဝင်တဲ့ သဘာဝရှာလကာရည်တစ်မျိုးပါ။ သူ့ကို လက်သည်း ကျန်းမာရေးနဲ့ အလှအပရေးရာမှာလည်း အသုံးပြုနိုင်ပါသေးတယ်။ ပျော့ပြီး ကျိုးလွယ်တဲ့ လက်သည်းတွေမှာ မှိုလည်းစွဲနေနိုင်ပါတယ်။ ဒါဆိုရင်တော့ ဘာမှ စိတ်မပူပါနဲ့။ ပန်းသီးရှာလကာရည်ကိုသုံးပြီး မှိုတွေကိုဖယ်ရှားနိုင်ပါသေးတယ်။

ပန်းသီးရှာလကာရည်မှာ အက်ဆစ်ဓာတ်ပါတဲ့အတွက် မှိုတွေကို ဖယ်ရှားရာမှာ အကောင်းဆုံးရလဒ်ကိုရရှိစေပါတယ်။ နောက်ပြီး ပန်းသီးရှာလကာရည်မှာ ပိုတက်စီယမ်၊ ကယ်လ်ဆီယမ်နဲ့ သံဓာတ်တို့လို လက်သည်းကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။

see also 

ဘာနဲ့မှမရောရသေးတဲ့ ပန်းသီးရှာလကာရည် သန့်သန့်တစ်ခွက်ကို ခွက်တစ်ခွက်ထဲမှာ ရေနဲ့ဆတူရောလိုက်ပါ။ ပြီးရင်လက်သည်းတွေကို (၁၀) မိနစ်ကနေ (၁၅) မိနစ်လောက် စိမ်ထားပြီး လက်ကိုင်ပုဝါနဲ့ ပြန်သုတ်ပေးလိုက်ပါ။ ဒါကိုလည်း နေ့စဉ်ပုံမှန်လုပ်သွားပေးမယ်ဆိုရင် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ထူးခြားတဲ့ရလဒ်ကိုတွေ့မြင်ရမှာပါ။

၃။ သံလွင်ဆီ

Olive-Oil (2).jpg 

သံလွင်ဆီမှာ ပါဝင်တဲ့ဓာတ်တွေဟာ လက်သည်းအစိုဓာတ် ထိန်းသိမ်းပေးနိုင်လို့ လက်သည်းခွံတွေကို ပျော့ပျောင်းနူးညံ့ပြီး တောက်ပြောင်စေပါတယ်။ နောက်ပြီး လက်သည်းခွံပေါ်မှာဖြစ်တတ်တဲ့ အစင်းကြောင်းတွေကိုလည်း လျင်မြန်စွာပျောက်ကင်းအောင် ကုသပေးနိုင်ပါတယ်။ ဒါကြောင့်လှပပြီး ကျန်းမာသန်စွမ်းတဲ့လက်သည်းလေးတွေကို ပိုင်ဆိုင်ဖို့အတွက်ကတော့ သံလွင်ဆီက အကောင်းဆုံး ဆေးမြီးတိုတစ်မျိုးပါပဲ။

အရင်ဆုံး သံလွင်ဆီကိုအပူနွေးနွေးလေးပေးပြီး လက်ဖက်ရည်ဇွန်းနဲ့ (၃) ဇွန်းစာလောက်ယူလိုက်ပါ။ ပြီးရင်လက်သည်းလေးတွေပေါ် လိမ်းပြီး ညင်ညင်သာသာလေး နှိပ်နယ်ပေးလိုက်ပါ။ (၁၅) မိနစ်၊ မိနစ် (၂၀) လောက်ထားပြီးရင်တော့ ရေပြန်ဆေးလို့ရပါပြီ။ ဒီပုံစံအတိုင်း တစ်နေ့ (၂) ကြိမ်၊ (၃) ကြိမ်လောက် နေ့စဉ်ပုံမှန်လုပ်ပေးမယ်ဆိုရင် အကောင်းဆုံးရလဒ်တွေကို ပိုင်ဆိုင်နိုင်ပါပြီနော်။

Source: Youngisthan

 

Share

Loading Next Article...
က္က