လူ့ခန္ဓာကိုယ်က အမွေးအမှင်တွေဟာ သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့အရာတွေပါ။ သန့်သန့်ရှင်းရှင်းထားမယ်ဆိုရင် လက်မခံနိုင်စရာမရှိဘူးဆိုတဲ့အမြင်က ခုခေတ်မှာသာ စပြီးဖြစ်ပေါ်လာကြတာ အရင်တုန်းကဆိုရင် အမျိုးသမီးတွေဟာ အမွေးအမှင်တွေကို ဖယ်ရှားထားကြရပါတယ်။ ဆံပင်နဲ့မျက်ခုံးမွေးကလွဲရင် ချိုင်းမွေး၊ ခြေသလုံးမွေးတွေဟာ အမြဲတမ်း ပြောင်စင်အောင် ဖယ်ရှားထားတဲ့ခေတ်မှာ အမျိုးသမီးတွေက နာန၁ျင်ကျင်နဲ့ပဲ ဖယ်ရှားခဲ့ကြရတယ်။ ၁၉၂၀ ခုနှစ်ကနေ ယခုလက်ရှိအချိန်ထိ အမျိုးသမီးတွေ အသုံးပြုခဲ့တဲ့ အမွေးဖယ်ရှားနည်းတွေကို ဗဟုသုတအနေနဲ့ ဖော်ပြလိုက်ပါတယ်။

 

အမျိုးသမီးတွေအတွက် ပထမဆုံးသင်တုန်းဓားဟာ ၁၉၁၅ ခုနှစ်မှာ စတင်ပေါ်ပေါက်လာပါတယ်။ ခေတ်ဆန်ပြီးတက်ကြွတဲ့ မိန်းကလေးတွေဟာ လက်ပြတ်အကျႌတွေကို ဝတ်ဆင်လာကြပြီးနောက် သင်တုန်းဓားလည်း ပေါ်ပေါက်ခဲ့လာခဲ့ပါတယ်။ အမျိုးသားသုံး မုတ်ဆိတ်ရိတ်တံ (ကြုတ်)လိုမျိုးပါပဲ။ ချိုင်းမွေးရိတ်ပြီး လက်ပြတ်ဝတ်ခြင်းက အရမ်းကို ပေါ်ပြူလာဖြစ်ခဲ့ပါတယ်။

 

၁၉၃၀ ခုနှစ်တွေမှာတော့ ကြေးတွန်းကျောက်နဲ့ ပွတ်တိုက်ပြီး အမွေးဖယ်ရှားနည်း ပေါ်လာပြန်တယ်။ ကြေးတွန်းကျောက် ဒါမှမဟုတ် ကော်ဖတ်နဲ့ အရေပြားကို ပွတ်တိုက်ပြီး အမွေးအမှင်တွေကို ဖယ်ရှားကြခဲ့သတဲ့။ အတော်ကို နာကျင်ရတဲ့နည်းပါ။ နာကျင်ရပေမဲ့ အမွေးကတော့ ပြန်ထွက်တာပါပဲ။

 

၁၉၄၀ ခုနှစ်တွေဟာ စစ်ဖြစ်နေတဲ့နှစ်တွေပါ။ ဒုတိယကမ္ဘာစစ်ဟာ ၁၉၃၉ ခုနှစ်မှာစပြီး ၁၉၄၅ ခုနှစ်မှ အဆုံးသတ်ပါတယ်။ အဲ့ဒီနှစ်တွေအတွင်းမှာပဲ အမျိုးသမီးသုံး လျှပ်စစ်အမွေးရိတ်စက် ပေါ်လာခဲ့တယ်။ မနာမကျင်ဘဲ အချိန်ကုန်သက်သာတဲ့နည်းလည်း ဖြစ်ပါတယ်။ အမွေးတွေကတော့ မြန်မြန်ဆန်ဆန်ပဲ ပြန်ထွက်လာလေ့ရှိတယ်။

 

၁၉၅၀ ခုနှစ်တွေမှာ ညှို့အားပြင်းမင်းသမီး မာရီလင်မွန်ရိုးရဲ့ မျက်ခုံးမွေး ခုံးခုံးလေးက အရမ်းကို ခေတ်စားခဲ့တယ်။ သူမကို ၁၉၅၀ ခုနှစ်တွေရဲ့ လိင်ဆွဲဆောင်မှုသင်္ကေတအဖြစ်လည်း သတ်မှတ်ကြတယ်။ မွန်ရိုးရဲ့ မျက်ခုံးလေးလိုမျိုးဖြစ်အောင် ဇာဂနာ၊ မွေးညှပ်ကို အသုံးပြုကာ အမွေးအမှင်တွေကို ဖယ်ရှားကြပါတယ်။ အမျိုးသမီးတွေဟာ မျက်ခုံးနှစ်ဖက် ညီနေအောင် နှုတ်လာကြပါတယ်။ မျက်လုံးတစ်ဝိုက်က အရေပြားပါးတော့ နှုတ်ရင် အသားနာတယ်။

 

ယနေ့ခေတ်မှာ ရေပန်းစားနေတဲ့ waxing နည်းဟာ တကယ်တော့ ၁၉၆၀ ခုနှစ် ဝန်းကျင် ကာလတွေတည်းက စတင်အသုံးပြုခဲ့တဲ့နည်းပါ။ လက်နဲ့ချိုင်းကြားက အမွေးတွေကို ဖယ်ရှားဖို့အတွက် သုံးခဲ့ကြတယ်။ အမွေးတွေက ကျွတ်ပြီးပါသွားတာတော့ အရေပြားလည်းမကြမ်းဘူူး ပြန်ပေါက်ဖို့လည်းကြာတယ်။

 

၁၉၇၀ ခုနှစ် ကာလတွေမှာတော့ အမွေးဖယ်ရှားတဲ့ ခရင်မ်တွေကို ဈေးကွက်မှာ တွေ့လာရပါပြီ။ အမွေးတွေက ဆွေးမြေ့သွားပြီး အဝတ်နဲ့ပွတ်တိုက်လိုက်တဲ့အခါ ပါသွားပါတယ်။ ရက်အနည်းငယ်အကြာမှာ အမွေးတွေပြန်ထွက်ပါတယ်။ အရေပြားကိုထိခိုက်စေတတ်တာမို့ ပြန်ထိန်းသိမ်းပေးနေဖို့လိုတဲ့နည်းပါ။

 

၁၉၈၀ ခုနှစ် ဝန်းကျင်မှာ Brazilian wax လို့ ခေါ်တဲ့ မိန်းမကိုယ်တစ်ဝိုက်က အမွေးတွေကို ဖယ်ရှားလာကြပါတယ်။ အမေရိကန်ပြည်ထောင်စု မန်ဟက်တန်မှာရှိတဲ့ The J. Sisters Salon ဟာ Brazilian wax ကို ဝန်ဆောင်မှုပေးလို့ နာမည်ကြီးပါတယ်။

 

လေဆာသုံးပြီး အမွေးဖယ်ရှားတဲ့နည်းကို ၁၉၉၀ ခုနှစ်မှာ FDA က စတင်ခွင့်ပြုပေးခဲ့တယ်။ အစိမ်းရောင်လေဆာအလင်းတန်းနဲ့ မွေးညှင်းပေါက်ကိုထိတွေ့စေပြီး အမွေးမထွက်အောင်လုပ်ပါတယ်။ အကြိမ်အနည်းငယ်လုပ်ပြီးတဲ့နောက် နှစ်အတော်ကြာတဲ့ထိအောင် အမွေးပြန်မထွက်တော့ပါဘူး။ ပြန်ထွက်ခဲပါတယ်။

 

၂၀၀၀ ပြည့်နှစ်တွေမှာ အိမ်သုံး လေဆာအမွေးဖယ်ရှားစက်တွေ ပေါ်ပေါက်လာခဲ့တယ်။ ဝန်ကျဉ်းတာကြောင့် သယ်ရလွယ်တယ်။ အချိန်နေရာမရွေး အသုံးပြုနိုင်တယ်။ မျက်လုံးကို လေဆာကာတဲ့မျက်မှန်တပ်ဖို့ကတော့ လေဆာသုံးတိုင်း တပ်ရမှာပါပဲ။ မဟုတ်ရင် အမြင်အာရုံကိုထိခိုက်စေပါလိမ့်မယ်။

see also 

၂၀၁၀ ခုနှစ်နောက်ပိုင်းကစပြီး ရာနဲ့ချီနေတဲ့ နည်းဟောင်းက တဖြည်းဖြည်း ပြန်ခေတ်စားလာတယ်။ Waxing နည်းဟာ ယခုချိန်မှာ ပေါ်ပြူလာအဖြစ်ဆုံးနည်း ဖြစ်ပါတယ်။

 

Threading ဆိုတဲ့နည်းလည်း ရှိသေးတယ်။ သူလည်းပဲ ၂၀၁၀ ခုနှစ်နောက်ပိုင်းမှ သုံးလာကြတာ။ အပ်ချည်ကိုသုံးပြီး မျက်ခုံးမွေးရိတ်တဲ့နည်း ဖြစ်ပါတယ်။ မျက်ခုံးကို ပိုပြီးတိတိကျကျ ပုံဖော်နိုင်တာမို့ မျက်ခုံးထူသူတွေအတွက် အဆင်ပြေဆုံးနည်းပါ။

 

ရိတ်တာ၊ နှုတ်တာ၊ ခရင်မ်လူးတာတွေလည်း နေ့စဉ်အသုံးပြုနေကြပြီး လေဆာနည်းကတော့ ဆိုင်တွေမှာလုပ်မယ်ဆို တစ်ကြိမ်ကို သိန်းချီကုန်ပါတယ်။ ၆ ကြိမ်လောက် လုပ်ရတာမို့ လူတိုင်းမလုပ်ကြဘူး။ အလွယ်နည်းနဲ့ ရိတ်တာ၊ နှုတ်တာကိုပဲ လုပ်သူတွေရှိသလို အသားအရေချောမွေ့ပြီး တော်တော်နဲ့ အမွေးပြန်မပေါက်တဲ့ waxing နည်းကိုတော့ ပျိုမေလေးတွေက သဘောကျကြတယ်မဟုတ်လား။ ပထမဆုံးစလုပ်ချိန်မှာ နာကျင်ပေမဲ့ နောက်အခေါက်တွေဆိုရင်တော့ မနာတော့ပါဘူး။

Source : Allure

Share

Loading Next Article...
က္က