အသစ်လို တောက်ပြောင်သွားတာ။

သန့်ရှင်းရေးလုပ်တဲ့နည်းလမ်းကောင်းလေးတွေကို အရင်တုန်းတည်းက မျှဝေခဲ့ပြီးပါပြီနော်။ အိမ်သန့်ရှင်းရေးသာမက အဝတ်အထည် အသုံးအဆောင်တွေကို သန့်ရှင်းဆေးကြောတဲ့အခါ အသုံးတည့်မယ့်နည်းတွေပေါ့။ တစ်နေ့က တွစ်တာမှာ တွေ့လိုက်ရတဲ့ ဖိနပ်အဖြူကိုဆေးကြောနည်းလေးကိုတော့ တကယ်သဘောကျလို့ ပြန်ပြီးမျှဝေလိုက်တယ်နော်။

 

လေ့ကျင့်ခန်းလုပ်ရင်းစီးတဲ့ ရှုးအဖြူလေးတွေက ဘယ်လောက်မှတောင်မစီးရသေးဘူး ညစ်လာပြီ။ လျှော်ရင်လည်း ဝါကျင့်ကျင့်ဖြစ်သွားလို့ အဖြူရောင်ဆိုရင် ရှောင်ခဲ့ရတာများတယ်နော်။ Halloween Queen (ဆာရာထရေစီ)ဆိုတဲ့ ကောင်မလေးတစ်ယောက်က Converse အဖြူလေးကို အသစ်အတိုင်းဖွေးနေအောင် ဆေးပြထားတာတွေ့ရတယ်။  ဆပ်ပြာနဲ့ မုန့်ဖုတ်ဆိုဒါပဲလိုတယ်။

see also 

 

ရှုးကိုရေနဲ့အရင်ဆုံးဆေးလိုက်။ ပြီးရင် မုန့်ဖုတ်ဆိုဒါ ၁ ဆကို ဆပ်ပြာ ၁ဆခွဲနဲ့ရောပြီး ဖိနပ်ကိုတိုက်ပေးရမယ်။ သွားတိုက်တံအဟောင်းလေးနဲ့တိုက်ပါလို့ သူမကရေးထားပါတယ်။ တိုက်ပြီးရင် ခဏလောက်ထားလိုက်ပါဦးတဲ့။ စွန်းပေနေတာတွေ ပြောင်သွားအောင် ဆပ်ပြာနဲ့နှပ်ထားလိုက်တာဖြစ်လိမ့်မယ်။ နောက်မှ ရေပြောင်အောင်ဆေး၊ လျှော်စက်ထဲထည့်၊ ကလေးပေါင်ဒါဖြူးပြီး အခြောက်ခံလိုက်ပါလို့ ရေးပေးထားပါတယ်။

 

မုန့်ဖုတ်ဆိုဒါ ဆိုတာက ကြေးတွေကိုပြောင်စေလို့ အရင်တည်းက အမျိုးမျိုး သုံးလာကြတယ်လေ။ ကလေးပေါင်ဒါကတော့ အနံ့အသက်ကောင်းအောင် ဖြူးပေးပုံရပါတယ်။ ဘာပဲဖြစ်ဖြစ် စမ်းကြည့်လိုက်လို့ မှားသွားမှာမှမဟုတ်တာပဲဆိုတော့ နောက်တစ်ခါ ကင်းဗတ်ရှုးအဖြူတွေကိုဆေးရင် လုပ်ကြည့်ပါလားလို့နော်။

 

Source : Twitter

Share

Loading Next Article...
က္က