ညီညာပြန့်ပြူးသွားတာကို တစ်မိနစ်အတွင်း တွေ့ရပါလိမ့်မယ်။

ခရီးတွေသွားတဲ့အခါ အဝတ်အစားတွေကို အိတ်ထဲမှာ သေသေချာချာ ထည့်ပေမဲ့ တချို့အဝတ်တွေက တွန့်ကြေလွယ်တာမျိုး ရှိတတ်တယ်။ မီးပူသေသေချာချာတိုက်ပြီး ခေါက်သိမ်းထားပေမဲ့ တကယ်ဝတ်တော့မယ်ဆိုမှ ကြေမွနေတာမျိုးလည်း ကြုံရတာမျိုးလည်း ရှိသေးတယ်။ အဲ့လိုအချိန်မှာ မီးပူက အလွယ်တကူမရနိုင်ရင် ဒုက္ခရောက်တော့တာပဲ။

 

ဒီလိုအဖြစ်မျိုး ကြုံလာတဲ့အခါ အဝတ်အစားတွေကို ရေနွေးငွေ့နဲ့ မီးပူတိုက်သလိုမျိုး တိုက်နိုင်မယ့်နည်း ရှိပါတယ်။ Steamer လည်း မလိုပါဘူး။ တွန့်ကြေနေတဲ့နေရာကို ရေလေးဖြန်းလိုက်ပါ။ စပရေးဘူးနဲ့ ဖြန်းတာ အကောင်းဆုံးပါပဲ။ လက်နဲ့တောက်ရင် ကွက်သွားတတ်တယ်။

see also 

 

ပြီးရင် hair dryer နဲ့ လေမှုတ်ပေးလိုက်ပါ။ ညီညာပြန့်ပြူးသွားတာကို တစ်မိနစ်အတွင်း တွေ့ရပါလိမ့်မယ်။ အဝတ်အစား ချည်ထည်အားလုံးကို ဒီနည်းနဲ့ သုံးနိုင်ပါတယ်။

 

ပိုးထည်တွေဆိုရင်တော့ အတွင်းသား ချုပ်ရိုးနေရာလေးကို ရေလေးနည်းနည်းဖြန်းပြီး dryer နဲ့ အရင်မှုတ်ကြည့်ပါ။ ဘာလို့လဲဆိုတော့ ပိုးထည်တွေကို ရေထိရင် ကွက်တတ်တာကြောင့် ဒီနည်းကို သုံးလို့ ရမရဆိုတာ အရင်စမ်းကြည့်ပါနော်။

 

Share

Loading Next Article...
က္က