ဂျင်းဘောင်းဘီအပြဲဖက်ရှင်က နေရာတိုင်းမှာ တွေ့နေရတာနော်။ အနုပညာအသိုင်းအဝိုင်းနဲ့ မော်ဒယ်တွေတင်မဟုတ်ဘူး လူတိုင်းဝတ်နေတာ။ အပြဲခေတ်ဆိုတော့လည်း အပြဲပေါ့။ ဒီလိုမျိုး ဂျင်းပြဲဖက်ရှင်တွေ ခေတ်ထနေချိန်မှာ တိုကျိုဖက်ရှင်ပြပွဲတစ်ခုက ဂျင်းပြဲဖက်ရှင်တစ်ခုကို ပြသွားတယ်။



 

တိုကျိုမှာပြုလုပ်သွားခဲ့တဲ့ Amazon Fashion Week မှာ Brand Thibaut က "thong jeans" လို့ အမည်ပေးထားတဲ့ ဂျင်းဘောင်းဘီတစ်မျိုးကို ပြသခဲ့တာပါ။ ဒီလောက်ပြဲတဲ့ ဂျင်းမျိုးလည်း တစ်ခါမှကို မတွေ့ဖူးပါဘူး။ ဝတ်ပြတဲ့မော်ဒယ်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်း အကုန်လုံးကိုလည်း မြင်ရပါတယ်။

see also 

 

မော်ဒယ်က အသားရောင်အဝတ်တစ်ထည်ပေါ်မှာ thong jeans ကို ဝတ်ပြခဲ့တာပါ။ အံ့သြစရာ ဂျင်းပြဲအဆန်းကြီးက ခါးရယ်၊ ဘေးနှစ်ဘက်ချုပ်ရိုးကြောင်းရယ်ကလွဲရင် ဘာမှမကို ပါမလာတာပါ။

 

ဝတ်ချင်ပါတယ်ဆိုရင်တောင် လောလောဆာင် မရောင်းသေးပါဘူးတဲ့။ ရောင်းတဲ့အချိန်ဆို ဘယ်သူတွေဝတ်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

Source : The Sun

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က