ငွေလည်းမကုန်ဘဲ အိမ်မှာ ကိုယ်တိုင်လုပ်လို့ရတဲ့ နည်းလေးတွေပါနော်။

မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေ ကျယ်လာတဲ့အခါ စိတ်ညစ်ရတယ်နော်။ မိတ်ကပ်လိမ်းလို့လည်းမကောင်းဘူး။ မိတ်ကပ်လည်းကွက်ကုန်တယ်။ ချွေးပေါက်ကျယ်ရတဲ့ အကြောင်းရင်းက ဆားဝက်ခြံတွေကို ထုတ်ပစ်ရင်းနဲ့ ချွေးပေါက်တွေ ကျယ်လာတတ်သလို၊ ရေနွေးအသုံးပြုပြီး မျက်နှာသစ်တာများတဲ့အခါမှာလည်း ဖြစ်လာနိုင်ပါတယ်။ နောက်ပြီးတော့ မကြာခဏ scrub လုပ်တာ၊ exfoliate လုပ်တာမျိုးကလည်း ချွေးပေါက်တွေကို ကျယ်သွားစေတယ်။ ကျယ်နေတဲ့ချွေးပေါက်တွေ ပြန်ကျဉ်းစေမယ့် နည်းလမ်းတစ်ချို့ကို မျှဝေလိုက်ပါတယ်။

 

ရေခဲ

ရေခဲဟာ အသားအရေကို တင်းရင်းကြည်လင်စေပါတယ်။ ရေနွေးနဲ့ပေါင်းတင်တာဖြစ်စေ မျက်နှာသစ်တာဖြစ်စေ ပြုလုပ်ပြီးတိုင်း (နာရီဝက်ခန့်အကြာမှာ) ရေခဲတုံးလေးနဲ့ ပွတ်တိုက်ပေးပါ။ ချွေးပေါက်ကျယ်တာတွေ တစ်လအတွင်း သိသိသာသာ လျော့သွားပါလိမ့်မယ်နော်။

ဒိန်ချဉ်

maxresdefault.jpg 

ဒိန်ချဉ်က အသားအရည်အတွက် သိပ်ကောင်းတဲ့အရာပါ။ သန့်စင်ထားတဲ့မျက်နှာပေါ် ဒိန်ချဉ်လေး ၁၅ မိနစ်လောက် သုတ်လိမ်းပြီး ပြန်ဆေးလိုက်ရင် ချွေးပေါက်ကျဉ်းပြီး ဖြူဝင်းစိုပြေလာနိုင်ပါတယ်။ မလိုင်မပါတဲ့ဒိန်ချဉ်ဖြစ်ဖို့တော့ လိုမယ်နော်။

ကြက်ဥအကာ

Egg-White.jpg 

ကြက်ဥတစ်လုံးရဲ့ အကာကိုယူပြီး သံပုရာရည် ၃ စက်လောက် နဲ့ ရောစပ်ကာ မျက်နှာပြင်ပေါ် သုတ်လိမ်းထားပါ။ နာရီဝက်ကြာမှ ပြန်လည်ဆေးကြောရင် ချွေးပေါက်တွေ ကျဉ်းစေကာ အသားအရည်ကို တင်းရင်းစေပါတယ်။ ဆားဝက်ခြံတွေလည်း သက်သာသွားတာကို တွေ့ရပါလိမ့်မယ်။

 

Share

Loading Next Article...
က္က