message box ထဲမှာ လာမေးကြတဲ့ sis တို့အတွက် မဒီသိထားတဲ့ နည်းတစ်ခုကို ပြန်မျှဝေလိုက်ပါတယ်။

တချို့မျက်တောင်တုလေးတွေက အရမ်းသုံးလို့ကောင်းတာ။ သဘာဝကျကျ ပေါ့ပေါ့ပါးပါးလေးနဲ့ တပ်လို့အရမ်းကောင်းတာပဲ။ ခက်တာက လိုချင်ရင် တော်တော်နဲ့ဝယ်မရတဲ့ပြဿနာ။ သုံးပြီးသွားရင်လည်း လွှင့်ပစ်နေရတော့ တကယ်လိုတဲ့အချိန် ဝယ်မရရင် ဒုက္ခရောက်တော့တာပဲလေ။

 

သုံးပြီးသား မျက်တောင်တုကို ပြန်သုံးနိုင်မယ့် နည်းလေးတွေ မရှိဘူးလားလို့ message box ထဲမှာ လာမေးကြတဲ့ sis တို့အတွက် မဒီသိထားတဲ့ နည်းတစ်ခုကို ပြန်မျှဝေလိုက်ပါတယ်။ ဒီနည်းကိုတော့ အင်စတာဂရမ်မှာ မွှေရင်း ကြည့်ရင်း တွေ့မိတာပါ။ လိုက်လုပ်ကြည့်လို့လည်း အဆင်ပြေတာနဲ့ ပြန်ပြောပြရတာဖြစ်ပါတယ်ရှင့်။

see also 

 

မျက်တောင်တုကို သုံးပြီးသွားရင် နောက်ထပ် ထပ်ပြီးသုံးနိုင်အောင် ဆေးကြောသိမ်းဆည်းထားလို့ရပါတယ်။ မိတ်ကပ်ဖျက်ဆေးလေးတော့ လိုတာပေါ့။ ရေနွေးပန်းကန်လုံးတစ်လုံးစာထဲကို မိတ်ကပ်ဖျက်ဆေး ၃ စက်လောက် ထည့်လိုက်ပါ။ သုံးထားပြီးသား မျက်တောင်တွေကို ထည့်ပြီး ၁၀ မိနစ်လောက် စိမ်ထားလိုက်ရင် ရေက မည်းသွားလိမ့်မယ်။ မျက်တောင်တုမှာကပ်နေတဲ့ မျက်တောင်ကော့ဆေးရည်၊ လိုင်နာရည်တွေ ကွာကုန်တာပါ။

 

၁၀ မိနစ်ပြည့်တော့မှ ရေနဲ့ပြောင်အောင်ဆေးလိုက်ရပါမယ်။ ဆေးရင်းနဲ့ မျက်တောင်မှာကပ်နေတဲ့ ကပ်တွေကိုလည်း လက်လေးနဲ့ခွာလိုက်ပါဦး။ ပွတ်တိုက်ပြီးဆေးလို့တော့ မရဘူးနော်။ အမွေးလေးတွေ ကျွတ်ကုန်မယ်။ ရေဆေးပြီးရင် တစ်ရှုးစက္ကူလေးနဲ့အုပ်ပြီး ရေသုတ်ပါ။ ပြီးရင်တော့ သန့်ရှင်းနေတဲ့ မျက်တောင်ကော့တံ (မျက်တောင်ကော့ဆေးလုံးဝမပါရပါဘူး)နဲ့ မျက်တောင်တုက အမွေးလေးတွေကို ဘီးဖြီးသလိုဖြီးပေးပြီး ခြောက်သွေ့အောင်ထားပြီး သိမ်းလို့ရပါပြီ။ နောက် လိုတဲ့အချိန် ပြန်သုံးနိုင်မှာပါနော်။

 

Share

Loading Next Article...
က္က