အခု ပြောပြမှာက ကိုယ့်ကို classic ကျကျ လှနေစေမယ့် ဖက်ရှင်တွေအကြောင်းပါ။

ဖက်ရှင် ရေစီးကြောင်းထဲမှာ မီအောင် ကူးခတ်နေရတာ မောလှပါပြီဆိုတဲ့ ပျိုမေလေးတွေအတွက် ဒီစာလေးကို ရေးလိုက်တယ်နော်။ ခေတ်ဆန်တာ မကြိုက်ဘူး၊ အဝတ်အစား လှလှလေးတွေ စိတ်မဝင်စားဘူးဆိုတဲ့ ပျိုမေလေးတို့လည်း ဖတ်စေချင်ပါတယ်။ အခု ပြောပြမှာက ကိုယ့်ကို classic ကျကျ လှနေစေမယ့် ဖက်ရှင်တွေအကြောင်းပါ။



၁။ ရှပ်အကျႌဖြူ

2013-spring-autumn-ladies-formal-slim-long-sleeve-white-collar-career-shirt-girl-elegant-casual-shirts.jpg 

ချည်သား ရှပ်လက်ရှည် အဖြူတစ်ထည်လောက်တော့ ဆောင်ထားပါ။ များရင်တော့ ပိုကောင်းတာပေါ့။ စကတ် ၊ ဘောင်းဘီ၊ ဂျင်းဘောင်းဘီတို့နဲ့ တွဲဝတ်လို့ရတယ်။ စမတ်ကျကျလေး ဖြစ်နေစေတယ်။ ဂျင်းဘောင်းဘီအကျပ်နဲ့ တွဲဝတ်ရင် အထာကျတယ်။

၂။ သားရေလက်ကိုင်အိတ်

213279-1600x1067-quality-leather-handbag.jpg 

Handbag အိတ်ကို လူကြီးဆန်တယ်ထင်လို့ မကိုင်ဘဲ မနေပါနဲ့။ အထူးသဖြင့် လုပ်ငန်းခွင်ဝင်နေပြီဆိုရင် handbag ကတော့ ရှိထားရမှာ။ ပွဲသွားပွဲလာ၊ အထက်လူကြီးတွေနဲ့ တွေ့ဆုံရမယ်ဆိုရင်တော့ သားရေလက်ကိုင်အိတ်က ကိုယ့်ကို တည်ငြိမ်တဲ့အသွင် ဖြစ်စေတယ်။

၃။ အနက်ရောင် dress

116.jpg 

အနက်ရောင်ဆိုတာလည်း အဖြူလိုပဲ ဘာနဲ့တွဲဝတ်ဝတ် လိုက်ဖက်နေတာ။ ညနေခင်းပွဲတက်ဖို့၊ နှစ်ပတ်လည် အခမ်းအနားတွေအတွက်ဆိုရင်တော့ ထွေထွေထူးထူး မစဉ်းစားနိုင်ဘူးဆိုရင် အနက်ရောင် dress ကို ရွေးလိုက်တာပဲ။

၄။ ဂျင်း

jeans (2 of 40).JPG 

တကယ်တမ်း တိတိကျကျ ပြောရရင် ကိုယ်နဲ့အလိုက်ဖက်ဆုံး ဖြစ်နေမယ့် ဂျင်းဘောင်းဘီ တစ်ထည်ကို ပြောတာပါ။ အရမ်းကျပ်တောက်နေတာမျိုး မဖြစ်ရဘူး။ ခြေမျက်စိနားတဝိုက် အရှည်နဲ့ cutting ကောင်းတဲ့ ဂျင်းတစ်ထည်ဟာ ပေါ့ပါးလွတ်လပ်မှုနဲ့အတူ အထာကျတဲ့အလှစစ်ကို ဖြစ်လာစေပြန်တယ်။

၅။ ရိုးရာဝတ်စုံ

125.jpg 

မြန်မာဝတ်စုံဖြစ်ဖြစ် တိုင်းရင်းသားရိုးရာ ဝတ်စုံဖြစ်ဖြစ် ဝတ်ရတာ ကိုယ့်စိတ်ကို ယုံကြည်မှု ပိုတိုးလာစေတယ်။ ဘာကြောင့်လဲဆိုတော့ ဂုဏ်ယူမိတဲ့စိတ်ဟာ ကိုယ့်ကိုယ်ကိုယ် ပိုလှ၊ ပိုကျက်သရေရှိတယ်လို့ ခံစားမိစေတယ်။ လူကြီးသူမတွေနဲ့ ဘုရားကျောင်းကန်အလှူတွေကို သွားဖို့ဆို ရိုးရာဝတ်စုံလေးက အကောင်းဆုံးပါပဲ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က