Billboard Woman of the Year ဆုလည်း ရထားသေးတယ်။

၂၀၁၇ ခုနှစ်ကိုတော့ ဆယ်လီနာရဲ့နှစ်လို့တောင် ပြောရတော့မယ်။ ဒီနှစ်စကတည်းကနေ နှစ်ကုန်ချိန်အထိ ဆယ်လီနာဂိုးမက်စ်ဟာ လူတွေအာရုံစိုက်ခံရတဲ့ ပုဂ္ဂိုလ်တစ်ခု ဖြစ်လာတယ်။ ချီးမွမ်းသံတွေ၊ ဝေဖန်သံတွေလည်း ပလူပျံခဲ့သလို ကျောက်ကပ်ခွဲစိတ်တဲ့သတင်းတွေ၊ The Weeknd နဲ့ ပြတ်ပြီး အချစ်ဟောင်း ဘီဘာနဲ့ ပြန်တွဲတာတွေဟာ ဆယ်လီနာရဲ့နှစ် ဖြစ်စေခဲ့တယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး။ သူမရဲ့ ဖက်ရှင်တွေကလည်း အထူးတလည် ပြောရလောက်အောင် ဖြစ်လာခဲ့သေးတယ်လေ။



 

လန်ဒန်မှာ ပြုလုပ်ခဲ့တဲ့ British Fashion Awards ပွဲကို တက်ရောက်ခဲ့တုန်းက ဇာနားကွပ် ဂါဝန်ကို ဇာနဲ့စပ်ထားတဲ့ boot ဖိနပ်နဲ့ တွဲဝတ်လာတယ်။ လှလွန်းလို့ သတင်းထောက်တွေတောင် ငေးကြည့်ကြတယ်ဆိုပဲ။

 

Proenza Schouler ဝတ်စုံနဲ့ လန်ဒန်မှာ တွေ့ခဲ့ရတာ။ Street Style ကို အထာကျကျ ဝတ်တတ်တဲ့ ဆယ်လီနာပါ။

 

အဝါရောင်ဝတ်စုံလေးနဲ့ တွေ့ရတဲ့ ဆယ်လီနာဂိုးမက်စ်။ ဆံပင်တွေကို တင့်တယ်ကျော့ရှင်းအောင် သိမ်းထားပြီး မျက်နှာကိုလည်း တည်ငြိမ်တဲ့အသွင်လေးဖြစ်အောင် လိမ်းထားတယ်။

 

ဒီစတိုင်လ်ကိုကြည့်.... သေသွားမယ်၊ ရှင်သွားမယ်၊ မသေမရှင်ဖြစ်သွားမယ်ဆိုတဲ့ စကားလုံးနဲ့ ကွက်တိ။ Smokey eys တွေက ဝတ်ထားတဲ့ ဝတ်စုံနဲ့ လိုက်ဖက်လွန်းတယ်။ နယူးယော့ခ်မှာလုပ်တဲ့ Lupus Research Alliance Gala ပွဲကို တက်လာတာ။

 

ဒါကို မှတ်မိသေးရဲ့လား။ InStyle ရဲ့ ဆုပေးပွဲကို တက်လာတုန်းကလေ။ ဖိနပ်က ဒေါက်တစ်ဖက် ၊ စက်လုံးတစ်ဖက်နဲ့ ဘယ်လိုကြီးမှန်းကို မသိတာ။ သူကတော့ အေးဆေးပဲ။ ဒါပေမဲ့ သတင်းတွေမှာတော့ အဲ့ဒီပွဲဟာ ဆယ်လီနာအတွက်ပဲ ဖြစ်လာခဲ့တယ်။

Source : Young Is Than


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က