ပုံမှန်ဆိုရင်တော့ အောက်မျက်တောင်ကို မျက်တောင်ကော့ဆေး ဘယ်သုံးမလဲ။

လွန်ခဲ့တဲ့ နှစ်တွေတုန်းကတော့ မျက်မှန်ဟာ ဖက်ရှင်တစ်ခု ဖြစ်ခဲ့ပါတယ်။ မျက်မှန်တပ်ထားရင် တည်ငြိမ်သူလေးအလားပေါ့။ နောက်တော့ မျက်ကပ်မှန်တွေ ပေါ်လာတယ်။ ဒါပေမဲ့ ကွန်ပျူတာနဲ့ ဖုန်းကို အကြည့်များနေချိန်မှာ မျက်မှန်တွေ တပ်လာရတော့တာပါပဲ။ မျက်မှန်တပ်သူလေးတွေ မိတ်ကပ်လိမ်းတဲ့အခါ အလှမပျက်ဖို့အတွက် မဒီက အကြံဉာဏ်လေးတွေ ပေးလိုက်ချင်ပါတယ်။



၁။ မျက်တောင်ကော့ပါ

23.jpg 

မျက်တောင်ကော့ဆေး (mascara) ကို အသုံးပြုလိုက်ရင် မျက်မှန်အောက်က မျက်ဝန်းအလှလေး ပေါ်ထွက်လာပါလိမ့်မယ်။ အရင်ဆုံး ကော့စက်နဲ့ ကောပြီးမှ မျက်တောင်ကော့ဆေး သုံးပေါ့။ မျက်တောင်ကော့ထားတာ မသိသာချင်ဘူးဆိုရင် အရောင်မပါတဲ့ မျက်တောင်ကော့ဆေးလေးတွေ သုံးလို့ရတယ်။ မျက်တောင်လေးတွေ ကော့နေမှ မျက်လုံးက ပိုကျယ်သွားမှာ။

၂။ အောက်မျက်တောင်ပါကော့

ပုံမှန်ဆိုရင်တော့ အောက်မျက်တောင်ကို မျက်တောင်ကော့ဆေး ဘယ်သုံးမလဲ။ မျက်တောင်နှစ်ခု ကပ်သွားမှာရယ်၊ မျက်လုံးပြူးပြုးပြဲပြဲကြီးရယ်ကို မလိုချင်ဘူးလေ။ ဒါပေမဲ့ မျက်မှန်အောက်က မျက်ဝန်းလေးတွေအတွက်တော့ လိုပါတယ်။

၃။ မျက်နှာအသားအရေဂရုစိုက်

91.jpg 

ကိုယ်က မျက်မှန်ကြီးတပ်ထားရတာဆိုတော့ မျက်နှာလေးက ဝင်းလက်နေမှ ဖြစ်မှာ။ ဖြူဖွေးနေဖို့ မလိုပါဘူး။ သဘာဝကျကျလေးနဲ့ အသားအရေ စိုပြေဝင်းလက်နေအောင်၊ မိတ်ကပ်လိမ်းရင်လည်း ချောမွေ့နေအောင် သတိထားရပါမယ်။

၄။ မျက်ခုံး

makeup-glasses-promojpg.jpg 

မျက်ခုံးမွေးကိုလည်း သေသေချာချာလေး ဂရုစိုက်ပါ။ ပြောရမယ်ဆိုရင်တော့ မျက်မှန်က ကိုယ့်မျက်နှာရဲ့ ဆွဲဆောင်မှုအရှိဆုံးနေရာ တစ်ဝက်လောက်ကို ဖုံးကာထားတော့ ကိုယ်က ပိုပြီး ပြင်ဆင်ရတယ်လေ။ မျက်ခုံးမွေးကိုလည်း ပုံကျကျလေး ဖြစ်နေအောင် အမြဲတမ်း ပြင်ဆင်ရတယ်။

Source : Style Cast


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က