loading...

loading...

loading...

Glycerin (ဂလစ်စရင်း) ကို ဟင်းသီးဟင်းရွက်ဆီလို သဘာဝထုတ်ကုန်တွေမှ ထုတ်ယူထားပြီး သဘာဝ ဒြပ်ပေါင်းတစ်မျိုးလည်း ဖြစ်ပါတယ်။
Thiha Htun

မိန်းကလေးတိုင်းအတွက် အသားအရေလှပခြင်းက အရေးပါတာပါပဲ။ အဲဒီလိုအရေးပါတဲ့ အသားအရေပေါ်မှာ အရေပြား ပြဿနာလေးတွေ တောက်လျှောက်ကြုံရရင် စိတ်ဆိုး၊ စိတ်ရှုပ်မိမှာပါပဲ။ အရေပြားပြဿနာတွေကို ဖြေရှင်းဖို့အတွက် အလှကုန်ပစ္စည်းတွေ၊ အော်ဂဲနစ်ပစ္စည်းတွေကို သုံးပေမယ့် ထင်ထားသလောက် မထိရောက်တာကိုလည်း ကြုံရနိုင်ပါတယ်။

Use-Glycerin.jpg 

ဒါဆိုရင်တော့ ဖြေရှင်းနည်းလေးတစ်ခုကို လမ်းညွှန်ပေးပါရစေနော်။ အဲဒါကတော့ glycerin (ဂလစ်စရင်း) ပါပဲ။ Glycerin (ဂလစ်စရင်း) ကို ဟင်းသီးဟင်းရွက်ဆီလို သဘာဝထုတ်ကုန်တွေမှ ထုတ်ယူထားပြီး သဘာဝ ဒြပ်ပေါင်းတစ်မျိုးလည်းဖြစ်ပါတယ်။ Glycerin (ဂလစ်စရင်း) ရဲ့အကျိုးကျေးဇူးတွေကတော့....

၁။ အသားဖြူစေတယ်

Whiten-Skin.jpg 

glycerin (ဂလစ်စရင်း) ထဲမှာ ပိုလီအောပါဝင်မှုနဲ့ အဆိပ်အတောက်ကင်းမဲ့တဲ့ ဂုဏ်သတ္တိတို့က glycerin (ဂလစ်စရင်း) ကို အရေပြားအတွက် ကုသရေးအေးဂျင့်တစ်ခုအဖြစ် လုပ်ဆောင်ပေးနိုင်ပါတယ်။ နောက်ပြီး မျက်နှာပေါ်နဲ့ လည်ဂုတ်ပေါ်မှာ glycerin (ဂလစ်စရင်း) လိမ်းပေးခြင်းက အရေပြားကို ပြန်လည်ပြင်ဆင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းပါပဲ။ glycerin (ဂလစ်စရင်း) ကို ညမအိပ်ခင် လိမ်းပေးသင့်ပါတယ်။

၂။ ရေဓာတ်ထိန်းညှိပေးတယ်

Level-Water-Balance.jpg 

ခန္ဓာကိုယ်မှာ ရေဓာတ်ပြန်လည်ထိန်းညှိပေးဖို့အတွက် wet tissue သုံးတတ်တယ်ဆိုရင်တော့ ဆက်မသုံးပါနဲ့တော့။ အဲဒီအစား glycerin (ဂလစ်စရင်း) ကိုပဲ နေ့စဉ်လိမ်းပေးလိုက်ပါ။ glycerin (ဂလစ်စရင်း) ထဲမှာပါဝင်တဲ့ humectant ဆိုတဲ့ ဒြပ်ပေါင်းဟာ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ပြန်လည်ထိန်းညှိပေးနိုင်ပါတယ်။ နောက်ပြီး glycerin (ဂလစ်စရင်း) သုံးခြင်းက အရေပြားပေါ်မှာ ရေဝင်ပေါက်နဲ့ လေဝင်ပေါက်ကိုလည်း ပွင့်စေပါတယ်။

၃။ အရေပြားကို ချောမွေ့နူးညံ့စေတယ်

Smoothen-Skin.jpg 

နေ့တိုင်းသုံးအလှကုန်ပစ္စည်းတွေထဲမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ အရေပြားနဲ့မတည့်ရင် အသားအရေကို ခြောက်သွေ့ ကြမ်းတမ်းစေပါတယ်။ ဒါကို ပြန်လည်ကုသဖို့အတွက် glycerin (ဂလစ်စရင်း) ကို မျက်နှာနဲ့အရေပြားပေါ်မှာ လိမ်းပေးသင့်ပါတယ်။ glycerin (ဂလစ်စရင်း) က အရေပြားကိုတင်းရင်းစေသလို နူးညံ့ချောမွေ့စေနိုင်ပါတယ်။

၄။ သဘာဝအတိုင်း ကုသပေးနိုင်တယ်

တစ်ခါတလေ နေလောင်တာတို့၊ အရေပြားပေါ်မှာ ထိခိုက်မှုကြောင့် အမာရွတ်ကျန်တာတို့ကို ကြုံဖူးမယ်ဆိုရင် ခရင်မ်ပေါင်းများစွာ ကိုလည်း သုံးဖူးကြမှာပါပဲ။ ဒါပေမယ့် အဲဒီနေကာခရင်မ်တွေ၊ အမာရွတ်ပျောက် လိမ်းဆေးတွေက အရေပြားမှာမဲနက်ပြီး အမာရွတ်တွေ ဆက်ကျန်ခဲ့တာကို ကြုံတွေ့ရနိုင်ပါတယ်။ ဒါဆိုရင်တော့ glycerin (ဂလစ်စရင်း) သာ လိမ်းပေးလိုက်ပါ။ glycerin (ဂလစ်စရင်း) က သဘာဝအနာပျောက်ဆေးလေး အဖြစ်လည်း တာဝန်ယူလုပ်ဆောင်နိုင်ပါတယ်။

Source: youngisthan


ဆက်စပ်အကြောင်းအရာများ


loading...

က္က