ဂျပန်တွေသုံးတဲ့ နှစ် ၂၀၀၀ သက်တမ်းကြာ အလှအပလျှို့ဝှက်ချက်

အသားအရေလေးကို လှချင်ကြတဲ့ ပျိုမေလေးတွေအတွက် ဂျပန်ရိုးရာ ရှေးနည်းတစ်ခုကို ပြောပါဦးမယ်နော်။ ဒီနည်းဟာ ဂျပန်လူမျိုးတွေ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်လောက်တည်းက စတင်အသုံးပြုနေခဲ့တာလို့ သိရတယ်။ အိမ်မှာပဲ ကိုယ်တိုင် အလွယ်တကူ ပြုလုပ်နိုင်တဲ့နည်းလည်း ဖြစ်ပါတယ်။


 

လိုအပ်တဲ့ပစ္စည်းတွေကတော့ rose water - ထမင်းစားဇွန်း ၃ ဇွန်း၊ သံပရာရည် - ထမင်းစားဇွန်း ၁ ဇွန်း၊ စန္ဒကူးမှုန့် - ထမင်းစားဇွန်း ၁ ဇွန်း ၊ သံလွင်ဆီစစ်စစ် - ထမင်းစားဇွန်း ၁ ဇွန်းနဲ့ ရှားဇောင်းလက်ပပ်အနှစ် - ထမင်းစားဇွန်း ၂ ဇွန်းစာတို့ပဲ ဖြစ်ပါတယ်။ အားလုံးကို သန့်ရှင်းတဲ့ ပန်းကန်လုံးထဲမှာ ရောထည့်ပြီး သမအောင်မွှေလိုက်ပါ။

 

မွှေထားပြီးသွားရင်တော့ ရေခဲသေတ္တာထဲမှာ ၂ နာရီလောက် အအေးခံထားလိုက်ပါဦး။ ခဲတဲ့အကန့်မှာ ထားစရာတော့မလိုပါဘူး။ အေးတယ်ဆိုရင် ရပါပြီ။

 

နောက်တော့မှ ရေခဲသေတ္တာထဲက ထုတ်ပြီး မျက်နှာကို လိမ်းပေးရပါမယ်။ မျက်နှာသစ်ပြီးတိုင်း ရောထားတဲ့အနှစ်တွေကို မျက်နှာပေါ်လိမ်းပေးရင်း နှိပ်ပေးပါ။ ၁၅ မိနစ်လောက် ထားပြီး ရေနဲ့မျက်နှာပြန်သစ်ပေးရုံပါပဲ။ အသားအရေ ကြည်လင်ဖြူစင်လာမှာ ဖြစ်ပါတယ်။

Source : Glow Pink


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က