Su Yee Moe

ခရမ်းချဉ်သီးရဲ့ ကျန်းမာရေးကောင်းကျိုးတွေကတော့ အမြဲတမ်းလိုလို ကြားနေရတာပဲ။ ချက်ပြုတ်နည်းတွေထဲမှာ ခရမ်းချဉ်သီးကို အမျိုးမျိုးအဖုံဖုံ ထည့်သွင်းကြတယ်။ ဖျော်သောက်ကြတယ်။ ခရမ်းချဉ်သီးဟာ ကျန်းမာရေးအတွက်သာမက အသားအရေလှပဖို့အတွက်လည်း အတော်ကို ကောင်းကျိုးပေးပါတယ်။ ခရမ်းချဉ်သီးတစ်မျိုးတည်းနဲ့ကို အလှအပရေးရာအတွက် နည်းမျိုးစုံ သုံးနိုင်သေးတယ်။

၁။ Scrub

12-Homemade-Tomato-Face-Packs-For-Different-Face-Types-3.jpg 

ခရမ်းချဉ်သီးကို ထက်ခြမ်း ခြမ်းလိုက်ပါ။ တစ်ခြမ်းပေါ်ကို သကြား လက်ဖက်စားဇွန်း ၁ ဇွန်း ဖြူးပေးပါ။ သကြားအနုကိုရွေးတာ ပိုကောင်းပါတယ်။ သကြားဖြူးထားတဲ့ ခရမ်းချဉ်သီးနဲ့ မျက်နှာကို ၅ မိနစ်ခန့် ပွတ်ပေးပါ။ ဖြည်းဖြည်းချင်းပွတ်ပေးရုံပါပဲ။ ပြီးတော့မှ မျက်နှာပြန်သစ်လိုက်မယ်ဆို ဆဲလ်သေတွေဖယ်ရှားပြီးသွား ဖြစ်သွားလိမ့်မယ်။ ပိတ်နေတဲ့ချွေးပေါက်တွေ ပွင့်သွားမှာဖြစ်လို့ အသားအရေကြည်လင်လာမှာ ဖြစ်ပါတယ်။

၂။ မျက်နှာပေါင်းတင်မယ်

151120171527725_e4723132592017_maxresdefault.jpg 

ရှားဇောင်းလက်ပပ်လေးနဲ့ ခရမ်းချဉ်သီးကို ရောပြီး မျက်နှာပေါင်းတင်ရအောင်။ အိပ်ရေးပျက်လို့ အသားအရေ ညစ်နွမ်းတဲ့လူတွေအတွက် ဒီနည်းက ထူးခြားလာစေပါလိမ့်မယ်။ ဘယ်လိုလုပ်ရမလဲဆိုရင် ချေထားတဲ့ခရမ်းချဉ်သီးအဖတ် - လက်ဖက်စားဇွန်း ၂ ဇွန်း၊ ရှားဇောင်းလက်ပပ်အနှစ် - လက်ဖက်စားဇွန်း ၁ ဇွန်း ၊ ဗိုက်တာမင် E အလုံး ၂ လုံး တို့ကို ရောမွှေပြီး မျက်နှာပေါ် လိမ်းပေးထားရပါမယ်။ ၂၅ မိနစ် ထားပြီးမှ ရေနဲ့ မျက်နှာကိုဆေးချလိုက်ပါ။ ဒီနည်းက မျက်နှာအသားအရေ ညစ်နွမ်းတာ၊ အသားခြောက်တာ၊ မျက်ကွင်းညိုတာတွေကို ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။

၃။ နေလောင်ပျောက်ဆေး

tomato.jpg 

နေလောင်ကွက်တွေနဲ့ ညိုမည်းနေတဲ့ မျက်နှာကို မူလအသားအရေ ပြန်ရဖို့အတွက်ဆိုရင် ခရမ်းချဉ်သီးအရည်ကို သုံးလို့ရတယ်။ ခရမ်းချဉ်သီးကို အေးခဲအောင်ထားပြီးမှ အရည်ညှစ်၊ ရတဲ့အရည်ကို မျက်နှာပေါ် ခဏလောက်လိမ်းထားပြီးမှ ရေဆေးချမယ်ဆို အသားအရောင် ပြန်ညီလာမှာ ဖြစ်ပါတယ်။

Source : Glow, Beuty Tips


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က