ဆိုင်မှာခေါင်းလျှော်ပြီးရင် ၃ ရက်လောက်ထိ ခေါင်းက အနံ့မထွက်ဘူး။

ခုလိုမျိုး ရာသီဥတုအေးတဲ့ နေ့ရက်တွေမှာ တစ်ရက်ခြားတစ်ခါ ခေါင်းလျှော်ဖို့က မလွယ်ဘူးနော်။ မနက်အိပ်ရာနိုးတာနဲ့ ကျောင်းသွား၊ အလုပ်သွားရတယ်။ ညနေ အိမ်ပြန်ရောက်တော့ မိုးချုပ်နေပြီ။ ခေါင်းမလျှော်နိုင်သေးချိန်မှာ ဆံပင်ကတွေ အနံ့တွေမထွက်ချင်ရင်တော့ ဒီနည်းလမ်းလေးတွေက အသုံးတည့်ပါလိမ့်မယ်နော်။

၁။ ဘီးကုပ်

Knit-a-Skinny-Headband-Intro.jpg 

နဖူးဆံစပ်ကနေ တစ်လက်မ အကွာလောက်မှာ ဘီးကုပ်လေးနဲ့ ဆံပင်တွေကို သိမ်းထားပါ။ ဘီးကုပ်မကြိုက်ရင် ခေါင်းစည်းလေးတွေ ရှိတယ်။ အဲ့တာလေးနဲ့ ဆံပင်ကို မပွအောင်ထိန်းထားလို့ရသလို ဆံပင်တွေပွလို့ အနံ့တွေလေထဲပျံ့မှာ မပူရတော့ဘူး။

၂။ Dry Shampoo

ခုဆိုရင် အနုပညာရှင်တွေနဲ့ ဆယ်လီတွေတိုင်း dry shampoo ကို မဖြစ်မနေ သုံးနေကြပြီလေ။ သူတို့လိုမျိုး အလုပ်များတဲ့သူတွေအဖို့ ခေါင်းမလျှော်နိုင်ချိန်တွေမှာ dry shampoo က ကယ်တင်ရှင်ပါပဲ။ အရင်ကထက်ပိုပြီးတော့ သုံးရလွယ်လာတဲ့ dry shampoo တွေဟာ တစ်ဘူးကို ကျပ် ထောင်ဂဏန်းကနေစပြီး ရနိုင်ပါတယ်။

၃။ ရေများများနဲ့လျှော်ပါ

Curly_haired_brunette_looking_up_at_her_hair_with_a_smile_jpg-600x390.jpg 

ဆိုင်မှာခေါင်းလျှော်ပြီးရင် ၃ ရက်လောက်ထိ ခေါင်းက အနံ့မထွက်ဘူး။ ကိုယ့်ဘာသာလျှော်ရင် လျှော်ပြီးနောက်ရက်ဆို ဆံပင်က အဆီတွေပြန်လာတယ်။ အနံ့ထွက်လာတယ်။ ဘာကြောင့်လဲဆိုတော့ ဆိုင်မှာလျှော်ရင် ခေါင်းလျှော်ရည်နဲ့ ပျော့ဆေး၊ ပေါင်းဆေးတွေကို လုံးဝပြောင်စင်သွားအောင် အထပ်ထပ် ဆေးပေးလိုက်လို့ပါပဲ။

၄။ ကျစ်ဆံမြီး

ဒါကတော့ အကောင်းဆုံးနည်းပါ။ ဆံပင်တွေ အဆီပြန် အနံ့ထွက်တာ မသိသာတော့ဘူး။ သပ်သပ်ရပ်ရပ်လေးလည်း ဖြစ်သွားတာပေါ့။

၅။ Hair Spray

dry-shampoo.jpg 

စပရေးဘူးတွေကိုလည်း ဆောင်ထားရမယ်။ ဆံပင်ပုံသွင်းတဲ့ စပရေးမျိုး မဟုတ်ဘဲ ဦးရေပြားကို လန်းဆန်းစေပြီး အနံ့မွှေးစေတဲ့ စပရေးတွေ ရှိပါတယ်။ အဲ့လိုစပရေးလေးနဲ့ ဦးခေါင်းကို ဖြန်းပေးနိုင်ပါတယ်။

Source : Bazaar

Share

Loading Next Article...
က္က