Spray ဘူးလေး ဆောင်သွားဦးနော်။

ပိတ်ရက်ကာလလေးမှာ ခရီးမထွက်ဘဲ မြို့ထဲပတ်လည်မယ်ဆိုရင် သက်တောင့်သက်သာရှိတဲ့ ဖိနပ်လေးကိုပဲ စီးစေချင်ပါတယ် ညီမလေးတို့ရေ။ ဒေါက်မြင့်ဖိနပ်ကြီး စီးပြီးမှ night out ဖို့ အကြောင်းဖန်လာတဲ့အခါ ခြေထောက်လေးတွေ သနားဖို့ကောင်းသွားပြီ။ အဲ့လိုမှမဟုတ်ဘူး ဒေါက်ဖိနပ်နဲ့ပဲ လျှောက်လည်မယ်လို့ စိတ်ဆုံးဖြတ်ထားရင်လည်း ဒါလေးတွေကို အရင်ဖတ်ကြည့်စေချင်တယ်နော်။



၁။ ဖိနပ်ကို သေသေချာချာရွေး

119.jpg 

ဖိနပ်ဝယ်တိုင်းမှာ စီးကြည့်၊ လမ်းလျှောက်ကြည့်ပြီးမှ ဝယ်ပါ။ သက်တောင့်သက်သာဖြစ်တယ်လို့ ခံစားရမှ ဝယ်စေချင်တယ်။ ဒီလိုမျိုး အချိန်ကြာကြာ မတ်တပ်ရပ်၊ လမ်းလျှောက်ရမှာမျိုးဆိုရင် သက်တောင့်သက်သာမရှိတဲ့ဖိနပ်က ကိုယ့်ကို ဒုက္ခပေးမှာ။

၂။ အောက်ခံပြား

အချိန်ကြာကြာ မတ်တပ်ရပ်နေမှာဆိုတော့ အရင်ဆုံး ခြေချောင်းလေးတွေ နာလာတော့မှာ သေချာတယ်။ ဖိနပ်အောက်ခံပြားထဲထည့်တဲ့ အပြားလေးတွေရှိတယ်။ ဖိနပ်ဆိုင်တွေမှာ ရောင်းပါတယ်။ အဲ့တာလေးတွေ ခံထားရင် နာတာ သက်သာပါလိမ့်မယ်။

၃။ အကြာကြီးမစီးနဲ့

kembe-1.png 

အချိန်ကြာကြာစီးရမှာမို့လို့ ဘယ်လိုမျိုး အဆင်ပြေအောင်နေမလဲဆိုတာ သိချင်ကာမှ အကြာကြီးမစီးနဲ့ပြောလိုက်လို့ စိတ်ညစ်သွားပြီလား။ ခနလောက် အနားပေးဖို့ပါ။ ဖိနပ်လေး ခနချွတ်ပြီး ခြေထောက်လေးတွေကို နည်းနည်းလောက် အနားပေးတာမျိုး လုပ်ပေးစေချင်တယ်။ အိတ်ထဲမှာ ပရုတ်စပရေးလေးလည်း ဆောင်ထားဦး။ ခြေထောက်တအားနာလာရင် ထုတ်ဖြန်းလိုက်ဖို့လေ။

၄။ Recovery လုပ်ပါ

pies-hinchados1.jpg 

အရေးကြီးဆုံးက recovery လုပ်ဖို့ပါ။ ဒေါက်မြင့်ဖိနပ်နဲ့ အချိန်အကြာကြီး မတ်တပ်ရပ်ခဲ့ရတာကြောင့် ခြေထောက်တွေကို သက်သာအောင်လုပ်ပေးဖို့ လိုပါတယ်။ ဆားရေနွေးလေး စိမ်ပေးပါ။ ခြေဖဝါးနဲ့ ခြေချောင်းလေးတွေကို နှိပ်နယ်ပေးလိုက်ပါဦး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က