Filler ထိုးတာနဲ့ ပတ်သက်ပြီး ယုံမှားသံသယဖြစ်နေတဲ့ ကောလဟလတွေအကြောင်းကို ဖြေပေးလိုက်ပါတယ်နော်။

ပြီးခဲ့တဲ့နှစ်တွေကစလို့ နှုတ်ခမ်းထူထူဖောင်းဖောင်းလေးတွေက စတားဖြစ်လာတယ်။ နှုတ်ခမ်းပါးလေးတွေကလည်း ဂျိုလီလို နှုတ်ခမ်းဖူးဖူးလေးတွေ ဖြစ်လာပြီ။ ခိုင်လီဂျန်နာရဲ့နှုတ်ခမ်းတွေဆိုတာလည်း အရင်တုန်းက ပါးပါးသေးသေး နှုတ်ခမ်းလေးတွေ။ နောက်တော့ filler ထိုးရင် ခိုင်လီလိုမျိုး ထူထူဖောင်းဖောင်းလေးဖြစ်လာရော။ တချို့ကပြောကြတယ် lip filler ထိုးပြီးရင် filler တွေက ကွဲတတ်သလားတဲ့။

 

Filler ထိုးတယ်ဆိုတာလည်း ခုနောက်ပိုင်းမှာ အရမ်းကို ပေါ်ပြူလာဖြစ်လာတယ်။ ခွဲစိတ်ပြုပြင်တာမျိုး မဟုတ်တဲ့အတွက် လူတွေလည်းလက်ခံကြတယ်။ ဥပမာ ဆံပင်ဆေးဆိုးသလိုမျိုးပေါ့။ နှုတ်ခမ်းသားထဲကို filler ထိုးသွင်းရုံပါပဲ။ Filler ထိုးတာနဲ့ ပတ်သက်ပြီး ယုံမှားသံသယဖြစ်နေတဲ့ ကောလဟလတွေအကြောင်းကို ဖြေပေးလိုက်ပါတယ်နော်။

၁။ နှုတ်ခမ်းသားက ပုံမှန်အတိုင်းမဖြစ်တော့ဘူး

တကယ်တော့ ခန္ဓာကိုယ်ဟာ ထိုးသွင်းလိုက်တဲ့ filler တွေကို သဘာဝအလျောက်စုပ်ယူနိုင်ပါတယ်။ Filler တွေ မရှိတော့ရင်လည်း နှုတ်ခမ်းသားက ပုံမှန်အတိုင်းပဲ ပြန်ဖြစ်သွားမှာပါ။ မူရင်းထက် ပုံပျက်သွားစရာမရှိပါဘူး။ စကားပြောမယ်၊ ရယ်မောမယ်၊ အစားစားမယ် စတဲ့ ပါးစပ်လှုပ်ရှားမှုတွေ လုပ်နေရင် သွေးစီးဆင်းမှုပိုများလို့ filler တွေက ပိုပြီးတော့ မြန်မြန်ပျော်ဝင်သွားပါတယ်။

၂။ ခုထိုး ခုလှတယ်

LipAugmentation1.jpg 

မဟုတ်ဘူးနော်။ Filler ထိုးလိုက်တာနဲ့ နှုတ်ခမ်းလေးတွေက ချက်ချင်း ဖူးဖူးဖောင်းဖောင်းလေး ဖြစ်လာတယ်ဆိုပြီး နောက်နေ့ အပြင်ထွက်လည်မယ် စိတ်မကူးနဲ့။ အနည်းဆုံး ၂ ရက်လောက်တော့ နှုတ်ခမ်းတွေ ယောင်နေမှာ။

၃။ Lip filler ထိုးရင် သဘာဝနဲ့တူပါဦးမလား

lip-injections-01-1499704507.jpg 

ဒါကတော့ ကိုယ်သွားလုပ်မယ့် အလှအပဆေးခန်းနဲ့ ဆရာဝန်ရဲ့ လက်ရည်အပေါ် အများကြီး မူတည်ပါတယ်။ ဆရာဝန်တွေက filler ထိုးပေးတဲ့အခါ နှုတ်ခမ်းရဲ့သဘာဝပုံစံအနေအထားမပျက်အောင်ပဲ ထိုးပေးကြတယ်။ သဘာဝနဲ့မတူတော့လောက်အောင် အလွန်အကျွံတွေ လုပ်မပေးကြပါဘူး။

Source : Trends Realsefl

Share

Loading Next Article...
က္က