• Beauty & Fashion
    ၂၀၁၈ ခုနှစ်မှာ ရေပန်းစားလာနိုင်မယ့် ဆံပင်စတိုင်လ်များ
Su Yee Moe
[Unicode Version]

ဖက်ရှင်ရေစီးကြောင်းထဲမှာ မျောပါနေရတာလည်း လူကို နုပျိုလန်းဆန်းစေတာပဲ။ ခေတ်အလိုက် အချိန်အခါအလိုက် ဖက်ရှင်စတိုင်လ်တွေ အမျိုးမျိုး ပြောင်းလဲနေတယ်။ အခုဆို ၂၀၁၇ ကုန်ဆုံးလို့ ၂၀၁၈ ခုနှစ်ကို ရောက်တော့မယ်ဆိုတော့ ၂၀၁၈ ခုနှစ်မှာ ရေပန်းစားမယ့် ဆံပင်စတိုင်လ်တွေကို ဖော်ပြလိုက်တယ်နော်။

၁။ ဆံပင်အရှည်

nrm_1422301936-mc-hairguide.jpg 

ဆံပင်ရှည်တွေက ဆက်ပြီးခေတ်စားနေဦးမှာပါပဲ။ ဆံပင်ရှည်ကို အဖြောင့်ထားရင်ထား၊ အဖျားလေးကောက်တာနဲ့ လှိုင်းတွန့်စတိုင်လ်တွေ ခေတ်စားနေဦးမှာ သေချာပါတယ်။

၂။ Two-Tone Blonde

selena-gomez-blonde-hair-amas.jpg 

အနီးစပ်ဆုံးပြောရရင် ဆယ်လီနာဂိုးမက်စ်ရဲ့ နောက်ဆုံးစတိုင်လ်ပေါ့။ ခပ်ဖျော့ဖျော့ဆံပင်အရောင်ကို တစ်ခေါင်းလုံးမဟုတ်ဘဲ အရင်းပိုင်းတွေမှာ အရောင်ရင့်နဲ့ စပ်ထားတဲ့ စတိုင်လ်မျိုး ခေတ်စားလာနိုင်ပါတယ်။

၃။ ဆံမြိတ်လေးတွေ

See_Through_Bangs.jpg 

ကိုရီးယားမလေးတွေလို ခပ်ကျဲကျဲဆံမြိတ်လေးနဲ့ ခေါင်းထိပ်ပိုင်းက ဆံထုံးလေးက cutie baby girl စတိုင်လ်မျိုး ဖမ်းဖို့အတွက် အသင့်တော်ဆုံးပေါ့။ နဖူးပေါ် ဆံမြိတ်ချတဲ့အခါ ဆံပင်တွေကို ကျဲကျဲလေးညှပ်ထားတာက ကလေးဆန်ဆန်နုပျိုစေတယ်။

၄။ ကျစ်ဆံမြီး

maxresdefault (1).jpg 

ကျစ်ဆံမြီးတွေ ခေတ်မစားတာ ကြာပြီနော်။ အခုဆို EDM ပွဲတွေနဲ့ festival တွေကလည်း တစ်ခုပြီးတစ်ခု ဆက်တိုက်ရှိလာပြီဆိုတော့ ကျစ်ဆံမြီးတွေ ပြန်ခေတ်စားလာပါဦးမယ်။ ကျစ်ဆံမြီးကို စတိုင်လ်အမျိုးမျိုးနဲ့ ပွဲတွေမှာ လန်းလို့ရပြီလေ။

၅။ နားရွက်ဖုံးအတို

a209ce142006dce7aaa354d592781cd2--short-bob-haircuts-bob-haircut-with-bangs.jpg 

အရမ်းတိုကပ်နေတာမျိုး မဟုတ်ဘဲနဲ့ နားရွက်ဖုံး၊ ဂုတ်ထောက်စတိုင်လ်ကိုမှ step တွေ မပါတဲ့ ခပ်ရှင်းရှင်းစတိုင်လ်တွေလည်း လူကြိုက်များလာနေပါတယ်။ ၂၀၁၈ ထဲမှာတော့ ပိုပြီး တွေ့ရမယ်လို့ ဆံပင်စတိုင်လ် ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။

[Zawgyi Version]

ဖက္႐ွင္ေရစီးေၾကာင္းထဲမွာ ေမ်ာပါေနရတာလည္း လူကို ႏုပ်ိဳလန္းဆန္းေစတာပဲ။ ေခတ္အလိုက္ အခ်ိန္အခါအလိုက္ ဖက္႐ွင္စတုိင္လ္ေတြ အမ်ိဳးမ်ိဳး ေျပာင္းလဲေနတယ္။ အခုဆို ၂၀၁၇ ကုန္ဆံုးလို႔ ၂၀၁၈ ခုႏွစ္ကို ေရာက္ေတာ့မယ္ဆုိေတာ့ ၂၀၁၈ ခုႏွစ္မွာ ေရပန္းစားမယ့္ ဆံပင္စတုိင္လ္ေတြကို ေဖာ္ျပလိုက္တယ္ေနာ္။

၁။ ဆံပင္အ႐ွည္

nrm_1422301936-mc-hairguide.jpg 

ဆံပင္႐ွည္ေတြက ဆက္ၿပီးေခတ္စားေနဦးမွာပါပဲ။ ဆံပင္႐ွည္ကို အေျဖာင့္ထားရင္ထား၊ အဖ်ားေလးေကာက္တာနဲ႔ လႈိင္းတြန္႔စတိုင္လ္ေတြ ေခတ္စားေနဦးမွာ ေသခ်ာပါတယ္။

၂။ Two-Tone Blonde

selena-gomez-blonde-hair-amas.jpg 

အနီးစပ္ဆံုးေျပာရရင္ ဆယ္လီနာဂိုးမက္စ္ရဲ႕ ေနာက္ဆံုးစတိုင္လ္ေပါ့။ ခပ္ေဖ်ာ့ေဖ်ာ့ဆံပင္အေရာင္ကို တစ္ေခါင္းလံုးမဟုတ္ဘဲ အရင္းပိုင္းေတြမွာ အေရာင္ရင့္နဲ႔ စပ္ထားတဲ့ စတိုင္လ္မ်ိဳး ေခတ္စားလာႏိုင္ပါတယ္။

၃။ ဆံၿမိတ္ေလးေတြ

See_Through_Bangs.jpg 

ကိုရီးယားမေလးေတြလို ခပ္က်ဲက်ဲဆံၿမိတ္ေလးနဲ႔ ေခါင္းထိပ္ပိုင္းက ဆံထံုးေလးက cutie baby girl စတိုင္လ္မ်ိဳး ဖမ္းဖုိ႔အတြက္ အသင့္ေတာ္ဆံုးေပါ့။ နဖူးေပၚ ဆံၿမိတ္ခ်တဲ့အခါ ဆံပင္ေတြကို က်ဲက်ဲေလးညႇပ္ထားတာက ကေလးဆန္ဆန္ႏုပ်ိဳေစတယ္။

၄။ က်စ္ဆံၿမီး

maxresdefault (1).jpg 

က်စ္ဆံၿမီးေတြ ေခတ္မစားတာ ၾကာၿပီေနာ္။ အခုဆုိ EDM ပြဲေတြနဲ႔ festival ေတြကလည္း တစ္ခုၿပီးတစ္ခု ဆက္တိုက္ရွိလာၿပီဆုိေတာ့ က်စ္ဆံၿမီးေတြ ျပန္ေခတ္စားလာပါဦးမယ္။ က်စ္ဆံၿမီးကို စတိုင္လ္အမ်ိဳးမ်ိဳးနဲ႔ ပြဲေတြမွာ လန္းလို႔ရၿပီေလ။

၅။ နား႐ြက္ဖံုးအတို

a209ce142006dce7aaa354d592781cd2--short-bob-haircuts-bob-haircut-with-bangs.jpg 

အရမ္းတိုကပ္ေနတာမ်ိဳး မဟုတ္ဘဲနဲ႔ နား႐ြက္ဖံုး၊ ဂုတ္ေထာက္စတုိင္လ္ကိုမွ step ေတြ မပါတဲ့ ခပ္႐ွင္း႐ွင္းစတုိင္လ္ေတြလည္း လူႀကိဳက္မ်ားလာေနပါတယ္။ ၂၀၁၈ ထဲမွာေတာ့ ပိုၿပီး ေတြ႔ရမယ္လို႔ ဆံပင္စတိုင္လ္ ကၽြမ္းက်င္သူေတြက ခန္႔မွန္းထားၾကပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs