ကင်မ်ကာဒါရှီယန်ရဲ့ တတိယမြောက်မင်္ဂလာပွဲကို ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့တယ်။ လက်ရှိခင်ပွန်း ကာညေးဝက်စ်နဲ့ မင်္ဂလာဆောင်တဲ့အချိန်တုန်းက ကင်မ်ရဲ့ မင်္ဂလာဝတ်စုံကို Givenchy က ဖန်တီးပြုလုပ်ပေးထားခဲ့တယ်။ နောက်ကျောပြောင်၊ အဖြူရောင် ဇာဂါဝန်ကြီးက ဒေါ်လာ ၄၀၀,၀၀၀ တန်သတဲ့။ ဂါဝန်နောက်မြီးကလည်း တော်တော်လှတယ်။
မင်းသားကြီး ဂျော့ဂျ်ကလူးနေဟာ နာမည်ကျော်ဥပဒေပညာရှင်လေး အမားလ်နဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာလက မင်္ဂလာဆောင်ခဲ့တယ်။ သူတို့မင်္ဂလာပွဲမှာ လူတွေအပြောဆုံး အကြောင်းအရာတွေထဲက တစ်ခုကတော့ အမားလ်ရဲ့ မင်္ဂလာဝတ်စုံပါ။ ဒီဇိုင်နာ Oscar de la Renta ရဲ့ လက်ရာဖြစ်ပြီး တန်ဖိုးအနေနဲ့ ဒေါ်လာ ၃၈၀,၀၀၀ ရှိတယ်လို့ သိရပါတယ်။
ဒါကြောင့်မို့လို့လည်း ကင်မ်က နာမည်ကြီးတာလေ။ သူများထက်ကို ထူးနေတာကိုပဲ လိုချင်တာ။ ဒုတိယခင်ပွန်းသည် ဘတ်စကတ်ဘောသမား ခရစ္စဟမ်းဖရီးနဲ့ ၂၀၀၁ ခုနှစ်မှာ မင်္ဂလာဆောင်တုန်းက ကင်မ်က ခုလောက် နာမည်မကြီးသေးဘူး။ ဒါပေမဲ့ ဒေါ်လာ ဒေါ်လာ ၂၅၀,၀၀၀ တန် Vera Wang ဂါဝန်ကြီးက အရမ်းလှတော့ လူတွေငေးမောခဲ့ရသေးတယ်။
၂၀၁၁ ခုနှစ်၊ ဧပြီလကုန်ပိုင်းမှာ တော်ဝင်မင်းသား ဝီလျှံနဲ့ ကိတ်မစ်ဒယ်လ်တန်တို့ရဲ့ မင်္ဂလာပွဲကို ကျင်းပခဲ့တယ်။ အင်္ဂလိပ်ဒီဇိုင်နာ Sarah Burton က ကိတ်အတွက်ဝတ်စုံကို ပြုလုပ်ပေးခဲ့ရတယ်။ သူပြောတာကတော့ ကိတ်ရဲ့ဝတ်စုံဟာ ဒေါ်လာ ၄၀၀,၀၀၀ လောက် တန်သတဲ့လေ။ ဇာလက်ရှည်လေး၊ ပိုးသားဂါဝန်၊ ၉ ပေ ရှည်တဲ့ နောက်မြီးကြီးဟာ ရိုးရှင်းပြီး တော်ဝင်ဆန်နေခဲ့ပါတယ်။
Source : Bazaar