• Beauty & Fashion
    မျက်တောင်ကော့ဆေးတွေ အရည်ပျော်ပြီး vampire ဖြစ်ရတဲ့အကြောင်း
Su Yee Moe
[Unicode Version]

မျက်တောင်ကော့ဆေးသုံးတဲ့အခါ ကြာကြာခံမယ့် water proof အမျိုးအစားကို ရွေးကြတယ်။ ချွေးထွက်လို့ ရေစိုလို့ မျက်တောင်ကော့ဆေးတွေ အရည်ပျော်လာရင် မျက်ကွင်းတွေမည်းကုန်ရောလေ။ ဒါပေမဲ့လည်း ရေစိုခံမျက်တောင်ကော့ဆေး သုံးတာတောင် မျက်တောင်ကော့ဆေးတွေ အရည်ပျော်ပြီး မျက်ကွင်းတွေမည်း၊ vampire ဘဝ ရောက်ရတာကတော့ ကိုယ့်ရဲ့လိမ်းခြယ်ပုံမှာ တစ်ခုခုလိုနေလို့ ဖြစ်ပါလိမ့်မယ်။

၁။ အဆီပြန်တဲ့မျက်ခွံတွေ

Feature-image-negativity.jpg 

မျက်နှာအသားအရေက သဲကန္တာရလို ခြောက်လှပါတယ် ဆိုရင်တောင် မျက်ခွံတွေက အဆီပြန်နေတာကို သတိထားပြီး ကြည့်ကြည့်ပါ။ အဲ့လိုမျိုးဆိုရင်လည်း မျက်တောင်ကော့ဆေးတွေ အရည်ပျော်ကျရတယ်လေ။ မျက်ခွံပေါ်က ပိုနေတဲ့အဆီတွေကို အဆီစုပ်စက္ကူလေးနဲ့စုပ်ပြီး ပေါင်ဒါလေးတို့ပေးရမယ်။

၂။ Primer

7JEFS37ZQNGAVDINKNHLUL7NYY.jpg 

မျက်နှာအတွက် မိတ်ကပ်လိမ်းရင် စွဲနေအောင် primer လိမ်းကြတယ်။ မျက်ခွံတွေကိုလည်း primer လေးလိမ်းပေးသင့်ပါတယ်။ အိုင်းရှဲဒိုးတွေလည်း ကြာကြာခံတယ်။ မျက်တောင်ကော့ဆေးတွေလည်း မပေတော့ဘူး။

၃။ Waterproof

o-ASIAN3-facebook.jpg 

ကိုယ်သွားလာရမယ့်နေရာနဲ့ ကိုယ့်လှုပ်ရှားမှုတွေအပေါ် မူတည်ပြီး မျက်တောင်ကော့ဆေးကို ရွေးကြရတာပဲလေ။ ရုံးထဲမှာ တစ်နေကုန်ထိုင်ပြီး ပြန်မယ်ဆိုရင် သာမာန်မျက်တောင်ကော့ဆေးနဲ့ အဆင်ပြေတယ်။ အပြင်ထွက်နေရသူမျိုးဆိုရင်တော့ ချွေးစို၊ ရေစိုနဲ့ မျက်တောင်ကော့ဆေးတွေ ပျော်မကျဖို့ ရေစိုခံမျက်တောင်ကော့ဆေးကိုပဲ ရွေးရမှာပါ။ တစ်ခုရှိတာကတော့ ရေစိုခံမျက်တောင်ကော့ဆေးတွေကိုမသုံးခင်မှာလည်း lash primer လေး အရင်သုံးပေးလို့ ရပါသေးတယ်။ ပိုကောင်းတဲ့ ရလဒ်ကို ပိုင်ဆိုင်နိုင်မှာပါနော်။

[Zawgyi Version]

မ်က္ေတာင္ေကာ့ေဆးသံုးတဲ့အခါ ၾကာၾကာခံမယ့္ water proof အမ်ိဳးအစားကို ေ႐ြးၾကတယ္။ ေခၽြးထြက္လို႔ ေရစိုလို႔ မ်က္ေတာင္ေကာ့ေဆးေတြ အရည္ေပ်ာ္လာရင္ မ်က္ကြင္းေတြမည္းကုန္ေရာေလ။ ဒါေပမဲ့လည္း ေရစိုခံမ်က္ေတာင္ေကာ့ေဆး သံုးတာေတာင္ မ်က္ေတာင္ေကာ့ေဆးေတြ အရည္ေပ်ာ္ၿပီး မ်က္ကြင္းေတြမည္း၊ vampire ဘဝ ေရာက္ရတာကေတာ့ ကိုယ့္ရဲ႕လိမ္းျခယ္ပံုမွာ တစ္ခုခုလိုေနလို႔ ျဖစ္ပါလိမ့္မယ္။

၁။ အဆီျပန္တဲ့မ်က္ခြံေတြ

Feature-image-negativity.jpg 

မ်က္ႏွာအသားအေရက သဲကႏၱာရလို ေျခာက္လွပါတယ္ ဆုိရင္ေတာင္ မ်က္ခြံေတြက အဆီျပန္ေနတာကို သတိထားၿပီး ၾကည့္ၾကည့္ပါ။ အဲ့လိုမ်ိဳးဆုိရင္လည္း မ်က္ေတာင္ေကာ့ေဆးေတြ အရည္ေပ်ာ္က်ရတယ္ေလ။ မ်က္ခြံေပၚက ပိုေနတဲ့အဆီေတြကို အဆီစုပ္စကၠဴေလးနဲ႔စုပ္ၿပီး ေပါင္ဒါေလးတုိ႔ေပးရမယ္။

၂။ Primer

7JEFS37ZQNGAVDINKNHLUL7NYY.jpg 

မ်က္ႏွာအတြက္ မိတ္ကပ္လိမ္းရင္ စြဲေနေအာင္ primer လိမ္းၾကတယ္။ မ်က္ခြံေတြကိုလည္း primer ေလးလိမ္းေပးသင့္ပါတယ္။ အိုင္းရွဲဒိုးေတြလည္း ၾကာၾကာခံတယ္။ မ်က္ေတာင္ေကာ့ေဆးေတြလည္း မေပေတာ့ဘူး။

၃။ Waterproof

o-ASIAN3-facebook.jpg 

ကိုယ္သြားလာရမယ့္ေနရာနဲ႔ ကိုယ့္လႈပ္ရွားမႈေတြအေပၚ မူတည္ၿပီး မ်က္ေတာင္ေကာ့ေဆးကို ေရြးၾကရတာပဲေလ။ ႐ံုးထဲမွာ တစ္ေနကုန္ထုိင္ၿပီး ျပန္မယ္ဆုိရင္ သာမာန္မ်က္ေတာင္ေကာ့ေဆးနဲ႔ အဆင္ေျပတယ္။ အျပင္ထြက္ေနရသူမ်ိဳးဆုိရင္ေတာ့ ေခၽြးစို၊ ေရစိုနဲ႔ မ်က္ေတာင္ေကာ့ေဆးေတြ ေပ်ာ္မက်ဖို႔ ေရစိုခံမ်က္ေတာင္ေကာ့ေဆးကိုပဲ ေရြးရမွာပါ။ တစ္ခုရွိတာကေတာ့ ေရစိုခံမ်က္ေတာင္ေကာ့ေဆးေတြကိုမသံုးခင္မွာလည္း lash primer ေလး အရင္သံုးေပးလို႔ ရပါေသးတယ္။ ပိုေကာင္းတဲ့ ရလဒ္ကို ပိုင္ဆုိင္ႏိုင္မွာပါေနာ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs