လုပ်ငန်းခွင်ထဲမှာ လိင်ပိုင်းဆိုင်ရာစော်ကားနှိပ်စက်ခံရမှုကြုံခဲ့ရသူတွေအတွက် ဥပဒေပိုင်းအရ ဖြေရှင်းတဲ့အခါ ငွေရေးကြေးရေး ထောက်ပံ့သွားဖို့အတွက် Time's Up ကို ဟောလိဝုဒ်က အမျိုးသမီးအနုပညာရှင်တွေက စတင်ခဲ့တာပါ။

အကြိမ် ၆၀ မြောက် ဂရမ်မီဆုပေးပွဲကို တနင်္ဂနွေညက ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဂီတနယ်ပယ်ရဲ့ အကြီးမားဆုံးဆု ဖြစ်တဲ့ ဂရမ်မီဆုပေးပွဲမှာ ထူးခြားတာတွေလည်း ဖြစ်ခဲ့ပါသေးတယ်။ အဲ့တာကတော့ Time's Up လှုပ်ရှားမှုကို ထောက်ခံကြောင်း ပြသခဲ့ကြတာပါ။ အဖြူရောင်နှင်းဆီတွေကို ဆင်မြန်းပြီး Time's Up ကို ထုတ်ဖော်ကြသူတွေထဲက အလှဆုံးဖက်ရှင်တွေကို ကြည့်ရအောင်။



Kesha

5a6efa422d000049009430ac.jpeg 

ဒီနှစ် ဂရမ်မီဆုပေးပွဲက Kesha ရဲ့ နှစ်ပါ။ #MeToo လှုပ်ရှားမှုကို ဖော်ညွှန်းတဲ့အနေနဲ့ အထူးဖျော်ဖြေခဲ့တယ်။ ခက်ရှာဟာ ပွဲကို ရောက်လာတော့ နက်ပြာရောင် ဝတ်စုံပေါ်မှာ နှင်းဆီဖြူပန်းထိုးထားတဲ့ကုတ်ကို ဝတ်လာခဲ့ပါတယ်။ ပြောင်ပြောင်လက်လက်တွေ ဝတ်ရတာကတော့ ခက်ရှာရဲ့စတိုင်လ်ပဲပေါ့။

Anna Kendrick

5a6eeeb72d00004900943095.jpeg

သရုပ်ဆောင်အဆိုတော်လေးက မီးခိုးရောင် suit ကို ဝတ်လာခဲ့တယ်။ ဇာအတွင်းခံ အနက်ရောင်ပေါ်မှာ ကုတ်ကို ကြယ်သီးဖြုတ်ပြီး ဝတ်လာတာက ဆက်စီကျနေခဲ့တယ်။ ညာဘက်ရင်ဘတ်မှာတော့ Time's Up ကို ထောက်ခံကြောင်း ပြသတဲ့ နှင်းဆီဖြူလေးကို တပ်ထားခဲ့ပါတယ်။

Lady Gaga

5a6ef0282d00004900943097.jpeg 

လေဒီဂါဂါဟာ ဆိုရင်လည်း ဂရမ်မီရဲ့ လူစိတ်စားခံရဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ခဲ့တယ်။ ပွဲကို ရောက်လာတော့ အနက်ရောင် ဂါဝန်ဖားဖားကြီးနဲ့လေ။ နှင်းဆီဖြူ အဖူးလေးတွေကို ပုခုံးနားမှာ ထိုးထားခဲ့တယ်။

Janelle Monáe

5a6ef2851d000026006ad122.jpeg 

Time's Up ရင်ထိုးကိုရော နှင်းဆီဖြူလေးကိုပါ ထိုးထားခဲ့တယ်။ အနက်ရောင်ဝတ်စုံပေါ်မှာ ရောင်စုံပန်းပွင့်တွေနဲ့ Janelle Monáe ဟာ ထင်းခနဲနေအောင် ပေါ်လွင်ခဲ့ပါတယ်။ လည်ပင်းမှာလည်း ဖဲပြားကို တပ်ဆင်လာခဲ့ပြီးတော့ ကျားဝတ် အနောက်တိုင်းဝတ်စုံကို မိန်းကလေးဆန်ဆန်ပြောင်းလဲထားတာက ဆန်းသစ်တယ်လေ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က