အပြစ်အနာအဆာကင်းတဲ့ မျက်နှာလေးကို မိန်းမသားတိုင်း ပိုင်ဆိုင်ချင်ကြတယ် မဟုတ်လား။

ကျွန်မတို့မိန်းကလေးတွေမှာ နေ့စဉ်ထိတွေ့ရတဲ့ နေလေဒဏ်တွေ၊ စိတ်ဖိစီးမှုတွေကြောင့် အသားအရေပျက်စီးတာတွေ၊ ညိုညစ်ညစ်ဖြစ်တာတွေကြောင့် စိတ်ညစ်ရတယ်။ အဲဒီအတွက် Whitening ပါတဲ့ပစ္စည်းတွေ၊ အသားအရေ ပြန်လည်စိုပြေမယ့် cosmetic တွေကို သုံးပြန်တော့လည်း ဓာတုပစ္စည်းတွေကြောင့် အသားအရေ ပိုပျက်စီးမှာ စိုးရိမ်ရပြန်ရော။

အဲဒီလိုဖြစ်ရပ်မျိုး ကြုံတွေ့နေရလို့ စိတ်ညစ်နေရတဲ့ မဒီလေးတွေအတွက် သဘာဝပစ္စည်းတွေနဲ့ လုပ်နိုင်ပြီး ငွေကုန်ကြေးကျလည်း သက်သာမယ့် နည်းလမ်းတွေ ရှာဖွေ တင်ဆက်ပေးလိုက်ပါတယ်။

၁။ သင်္ဘောသီးနဲ့ ပျားရည်

ဒီပစ္စည်းနှစ်မျိုးက အိမ်မှာတောင် အလွယ်တကူရှိနိုင်တဲ့အရာတွေပါ။ စားရင် အသားအရေလှသလို ဒါလေးတွေကို Mask အဖြစ်အသုံးပြုပြီး မြန်မြန်ဆန်ဆန် ဖြူဝင်းလာအောင် လုပ်နိုင်ပါတယ်။

သင်္ဘောသီးကို အတုံးလေးတွေလုပ်ပြီး ဖန်ခွက်ထဲမှာ တစ်ဝက်ခန့်ထည်ပြီး အနှစ်ဖြစ်အောင်လုပ်ပါ။ ပြီးရင် ပျားရည်တစ်ဇွန်းထည့်ပြီး သမအောင်မွှေပေးပါ။ ပြီးရင်တော့ မျက်နှာပေါ်မှာ မိနစ်နှစ်ဆက်လောက် လိမ်းထားပြီး ရေနွေးနွေးနဲ့ ဆေးလိုက်ရုံပါပဲ။ အဆုံးသတ်အနေနဲ့ ရေအေးနဲ့ ပြန်ဆေးပြီး မျက်နှာကို ခြောက်သွေ့အောင် ဖွဖွပုတ်ပေးလိုက်ရင် ပြီးပါပြီ။

ဒီနည်းလမ်းလေးကို ညအိပ်ရာမဝင်ခင် နေ့တိုင်း လုပ်ပေးနိုင်ရင် ကောင်းပါတယ်။ အဆီပြန်တဲ့သူတွေ၊ သာမန်အသားအရေပိုင်ဆိုင်သူတွေက ဒီနည်းလမ်းနဲ့ အဆင်ပြေပါတယ်။

သင်္ဘောသီး ဒါမှမဟုတ် ပျားရည်နဲ့ မတည့်ဘူး၊ ဒီနည်းလမ်းက ကိုယ့်အသားအရေနဲ့ အဆင်မပြေဘူး ဆိုတဲ့သူတွေအတွက် နောက်ထပ်နည်းလမ်းတစ်ခု ပြောပြချင်ပါတယ်။

၂။ လိမ္မော်ခွံနဲ့ ဒိန်ချဉ်

လိမ္မော်သီးက ဗိုက်တာမင်-စီ ပြည့်ဝရုံတင်မဟုတ်ဘူး အသားဖြူစေဖို့ အသုံးဝင်ပါတယ်။

ပထမဆုံးလုပ်ဖို့က လိမ္မော်ခွံတွေကို သုံးရက် နေပြပေးဖို့ပါ။ လိမ္မော်ခွံတွေကို ကြွပ်ဆတ်သွားပြီ ဆိုတာနဲ့ အမှုန့်ဖြစ်သွားအောင် ကြိတ်ထားပါ။ လိမ္မော်ခွံ တစ်ဇါန်းကို ဒိန်ချဉ်တစ်ဇွန်းနဲ့ အနှစ်ဖြစ်သွားအောင်မွှေပြီးရင် သန့်စင်ထားတဲ့ အသားအရေပေါ်မှာ လိမ်းလို့ရပါပြီ။ မိနစ် ၂၀ လောက် ထားပြီးရင်တော့ ရေနွေးနွေးနဲ့ ဆေးချလိုက်ရုံပါပဲ။ ဒီနည်းလမ်းကို တစ်ရက်ခြားတစ်ခါ အိပ်ရာမဝင်ခင် ပြုလုပ်နိုင်ရင်တော့ စိုပြေဖြူဝင်းတဲ့အသားအရေလေး ပိုင်ဆိုင်နိုင်ပြီပေါ့။

အသားအရေမရွေး အသုံးပြုနိုင်တဲ့အတွက် မဒီတို့အားလုံးနဲ့ အဆင်ပြေမယ့် နည်းလမ်းလေးပါ။

ဒီနည်းလမ်းကို မသုံးချင်သေးသူတွေအတွက်လည်း အသားအရေမရွေးအသုံးပြုနိုင်တဲ့ နောက်ထပ်နည်းလမ်းတစ်ခု ပြောပြပေးပါဦးမယ်။

၃။ နွားနို့၊ သံပုယိုရည်နဲ့ ပျားရည်

နွားနို့ တစ်ဇွန်း၊ သံပုယိုရည်တစ်ဇွန်းနဲ့ ပျားရည်တစ်ဇွန်းတို့ကို ခွက်တစ်ခွက်ထဲ ရောထည့်ပြီး သမအောင် မွှေပါ။ သေချာသန့်စင်ထားတဲ့ မျက်နှာပေါ်မှာ မိနစ် ၂၀ ထားပေးပါ။ ပြီးရင် ရေနွေးနွေးနဲ့ ဆေးလိုက်ပါ။

ဒီပေါင်းတင်နည်းကို အိပ်ရာမဝင်ခင် တစ်ရက်ခြား လုပ်ပေးဖို့တော့ လိုတယ်နော်။

Share

Loading Next Article...
က္က