မဒီတို့အတွက် အသုံးတဲ့မယ့်နည်းလမ်းလေးတွေပါ။
Ei Ei Mar

အမျိုးသမီးတွေအတွက် အသက်အရွယ်တိုင်း အသားအရေကို သေချောထိန်းသိမ်းဖို့ အရေးကြီးတာမို့ skin care ပိုင်းကို သေချာလုပ်ဆောင်သင့်တယ်ဆိုပေမယ့် တစ်နေရာသွားဖို့ရှိတယ်၊ တစ်ယောက်ယောက်နဲ့ အရေးကြီးတဲ့ ချိန်းဆိုထားတာမျိုးရှိတယ်၊ ဒါမှမဟုတ် ပွဲတက်ရမှာမျိုးရှိတယ်ဆိုရင် မိတ်ကပ်က မဖြစ်မနေကို လိမ်းခြယ်ရတော့မှာပါ။ ဒီတော့ ခုလိုပူအိုက်ပြီး ချွေးထွက်အဆီပြန်တာပိုများနိုင်တဲ့ ရာသီအတွက် ဘယ်လို မိတ်ကပ်လိမ်းခြယ်မှုမျိုးက အဆင်ပြေမလဲဆိုတာ တစ်ချက်ကြည့်လိုက်ကြရအောင်။

Photo - Pinterest

ပထမဆုံးအနေနဲ့ မိတ်ကပ်သားလေး ဘယ်လောက်အချိန်ကြာကြာ ကြည့်ကောင်းနေအောင် မိတ်ကပ်ဖောင်ဒေးရှင်းမလိမ်းခင် Primer သုံးပြီး arrowroot ပေါင်ဒါ ပုတ်ပေးဖို့ လိုပါတယ်။ arrowroot ပေါင်ဒါက ကိုယ့်မျက်နှာအတွက် လင်းလင်းကြီးဖြစ်နေမယ်ဆိုရင် loose ပေါင်ဒါလေး နည်းနည်းရောသုံးပေးပါ။  မိတ်ကပ်သားတက်အောင်နဲ့ ကြာရှည်ပိုခံချင်တယ်ဆိုရင်တော့ မိတ်ကပ်မလိမ်းခင်ရော လိမ်းပြီးတဲ့အခါမှာပါ setting spray လေးဖြန်းပေးဖို့ လိုပါတယ်။

ဒုတိယအချက်အနေနဲ့ ဖောင်ဒေးရှင်းပိုင်းနဲ့ ပတ်သက်တာလေး ပြောရရင် နွေရာသီမှာ အပူဒဏ်မြင့်တာမို့ နေ့တိုင်းဖောင်ဒေးရှင်းလိမ်းဖို့တော့ မသင့်ပါဘူး။ ဖြစ်နိုင်ရင် ပေါင်ဒါဖောင်ဒေးရှင်းလို ဟာမျိုး ရွေးပါ။ ရိုးရိုး ပေါင်ဒါဖောင်ဒေးရှင်းတွေက မျက်နှာပေါ်က အရေးအကြောင်းနဲ့ ဝက်ခြံအတွက် အဆင်မပြေဘူးဆိုရင် mineral ပေါင်ဒါဖောင်ဒေးရှင်းမျိုးကို ရွေးစေချင်ပါတယ်။

Photo - Pinterest

တတိယအချက်ကတော့ နှုတ်ခမ်းနီအကြောင်းလေး ပြောချင်တာပါ။ နွေရာသီလို ကာလမျိုးအတွက် နေ့စဉ်ရွေးချယ်သင့်တာက Lipstick မဟုတ်ပါဘူး။ Lip balm ကိုသာ ရွေးချယ်သင့်ပါတယ်။ ဒီတော့ နေရောင်ခြည်ဒဏ်က ကာကွယ်ပေးနိုင်တ SPF ပါတဲ့ Lip balm လေးတော့ သင့်ဆီမှာ ရှိကိုရှိသင့်ပါတယ်။

စတုတ္ထအချက်အနေနဲ့ ခေါင်းချွေးပြန်ပြီး ဆံပင်တွေ စေးကပ်ကပ်ဖြစ်တာမျိုးကနေ အဆင်ပြေစေဖို့ ခေါင်းလျှော်တဲ့အချိန်တိုင်း ပန်းသီးရှာလကာရည်နဲ့ ထည့်သုံးပေးတာ ကောင်းပါတယ်။ ခုနောက်ပိုင်း ခေါင်းချွေးပြန်တဲ့သူတွေအတွက် အထူးထုတ်ထားတဲ့ ခေါင်းလျှော်ရည်တွေလည်း ထွက်နေပါပြီ။

Photo - Pinterest

နောက်ဆုံးအနေနဲ့ ကိုယ်ကချိုင်းချွေးနံ့ထွက်တတ်သူဆိုရင် နွေရာသီမှာအရင်ထက် ပိုချိုင်းချွေးပြန်တတ်တာမို့ Extra Strength Deodorant မျိုး ရွေးပြီးသုံးဖို့ တိုက်တွန်းချင်ပါတယ်။ ဒါ့အပြင် အပူချိန်ကြောင့် မျက်နှာအဆီပြန်တာမျိုးလည်း ကြုံတတ်တာကြောင့် အဆီစုပ်စက္ကူလေးတွေလည်း အပြင်သွားရင် ဆောင်သွားဖို့ မမေ့ပါနဲ့။

မေသော်


က္က