သင်္ကြန်လည်းပြီးရော အရေပြားတွေ အဖတ်လိုက်ကွာကျကုန်ရော မဟုတ်လား။

သင်္ကြန်လည်ရတာ ပျော်ဖို့ ကောင်းတယ် ဟုတ်။ ဒါပေမဲ့ သင်္ကြန်ပြီးသွားချိန်မှာတော့ သင်္ကြန်ရဲ့နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ အရေပြားတွေ စုတ်ပြတ်၊ အဖတ်လိုက်ကွာကျကုန်တဲ့ နေလောင်ထားတဲ့ဒဏ်ကို အလူးအလဲ ခံစားနေရပါပြီ။

သင်္ကြန်တွင်းရတဲ့ နေလောင်ဒဏ်က အတော်ဆိုးပါတယ်။ ရေနဲ့ အမြဲထိတွေ့နေလို့ နေပူနေတာကို မသိပေမဲ့ နေလောင်ဒဏ်ကြာကြာခံပါများတော့ အသားအရေတွေ ပျက်စီးတာ၊ ယားယံတာတွေကြောင့် နေမထိထိုင်မသာဖြစ်ရပါတယ်။ အဲဒီပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးပါမယ်။

၁။ အရေပြားကို အေးမြနေအောင် ထားပါ

အရေပြားတွေ စကွာကျလာပြီဆိုတာ သတိထားမိတာနဲ့ လုပ်ရမှာက ရေအေးအေးနဲ့ ရေချိုးတာပါပဲ။ အသားအရေ အားမြသွားရင် အရေပြားကွာကျတာတွေ လျော့သွားပါလိမ့်မယ်။ ရေချိုးပြီးသွားရင်တော့ တဘက်နဲ့ ပွတ်တိုက်တာ မလုပ်မိစေနဲ့နော်၊ အသာအယာလေး ပုတ်ပုတ်ပြီး သုတ်ပေးဖို့ လိုတယ်။ တဘက်နဲ့ သွားပွတ်ရင် အရေပြားကွာကျတာတွေ ပိုဆိုးလာပြီး တခြားနေရာတွေပါ လိုက်ကွာကုန်လိမ့်မယ်။

၂။ အယားပြေအောင် ဘယ်လိုလုပ်မလဲ

အရေပြားကွာကျနေချိန်မှာ ယားလို့ဆိုပြီး သွားကုတ်လို့ကတော့ အမာရွတ်တွေ ကျန်နေလိမ့်မယ်နော်။ အရမ်းယားလာရင် ရေခဲလေး အုံပေး။ အဝတ်စတစ်ထဲကို ရေခဲလေးတစ်တုံးထည့်ပြီး ယားနေတဲ့နေရာတွေပေါ်ကို လိုက်တင်ပေးလိုက်။ အရေပြားအေးမြသွားတာနဲ့ ယားတာလည်း သက်သာသွားမယ်။

၃။ ရေဓာတ်ဖြည့်ပေးဖို့လည်း လိုသေးတယ်

ရေချိုး၊ တဘက်နဲ့ ဖွဖွပုတ်ပြီးတာနဲ့ Moisturizer ပါတဲ့ Lotion ကို လိမ်းပေးရမယ်။ နေ့စဉ်လိမ်းနေကျ Lotion မဟုတ်ဘူးနော်၊ နေလောင်ဒဏ်ခံထားရတဲ့ အသားအရေအတွက် အထူးထုတ်လုပ်ထားတဲ့ Lotion မျိုး ရရင် ပိုကောင်းတယ်။ ရှာမတွေ့ဘူးဆိုရင် Aloe Vera (ရှားစောင်းလက်ပတ်) ပါတဲ့ Lotion မျိုးကို ရှာဝယ်ပါ။

၄။ ရေများများသောက်

နေပူထဲ အထွက်များထားတာဆိုတော့ ရေဓာတ်လည်း ခမ်းခြောက်နေမှာပဲ။ ရေများများသာသောက်။ ခေါင်းတွေ ဘာတွေ ကိုက်နေတယ်ဆိုရင် အဲဒါ ရေဓာတ်လိုနေလို့ပဲ။

၅။ အရေပြားတွေကို ခွာမပစ်နဲ့

အများစုလုပ်တတ်တာက ကွာနေတဲ့ အရေပြားတွေကို ခွာထုတ်ပစ်လိုက်တာပဲ။ အဲဒါ မကောင်းဘူး နော်။ အရေပြားတွေ ပေါက်ပြဲစုတ်ပြတ်ပြီး ပုံမှန်အနေအထားကို တော်တော်နဲ့ ရမှာမဟုတ်ဘူး။ ပိုးတစ်ခုခုဝင်သွားရင် အနာတွေဘာတွေလည်း ဖြစ်နိုင်သေးတယ်။ ကွာနေတဲ့ အရေပြားကို ကတ်ကြေးသေးသေးလေးနဲ့ ညှပ်ထုတ်ပစ်။ ပြီးသွားရင် Neosporin လိုမျိုး ဗက်တီးရီးယားပိုးသတ်ဆေးပါတဲ့ လိမ်းဆေးတစ်ခုခုကို လိမ်းပေးပါ။

Share

Loading Next Article...
က္က