loading...

loading...

loading...

ဖက်ရှင်ဆိုတာ အသစ်အသစ်တွေနောက် လိုက်နေတာထက်စာရင် ကိုယ့်မှာရှိနေပြီးသားအဝတ်အစားတွေကို ပြောင်းလဲတွဲစပ်ရင်း ဖက်ရှင်ကျကျ ဆင်မြန်းတာမျိုးပါလားလို့ သတိရလိုက်ပါ။
May Thaw

အပြင်သွားခါနီး အဝတ်အစားဗီရိုရှေ့ရပ်ပြီး ဘာဝတ်လို့ဝတ်ရမယ်မှန်းမသိတော့တဲ့ ခံစားချက်၊ ကိုယ့်မှာ အဝတ်အစားတွေများနေပေမယ့် ဝတ်စရာမရှိဘူးဆိုတဲ့ ခံစားချက်မျိုး မဒီတို့ခံစားကြရဖူးမှာပါ။ အပြောင်းအလဲမြန်တဲ့ ဖက်ရှင်ရေစီးကြောင်းကို အမှီလိုက်ရင်း နောက်မှာကျန်ခဲ့ရသလိုမျိုး ခံစားချက်ဝင်လာတဲ့အခါ တကယ်တမ်း မဒီတို့အတွက်ဖက်ရှင်ဆိုတာ အသစ်အသစ်တွေနောက်လိုက်နေတာထက်စာရင် ကိုယ့်မှာရှိနေပြီးသားအဝတ်အစားတွေကို ပြောင်းလဲတွဲစပ်ရင်း ဖက်ရှင်ကျကျ ဆင်မြန်းတာမျိုးပါလားလို့ သတိရလိုက်ပါ။ ဒါ့ကြောင့် ကိုယ့်မှာရှိနှင့်ပြီးသား အဝတ်အစားတွေနဲ့ပဲ ဒီဇိုင်းသစ်ဝတ်ရသလို စိတ်ခံစားချက်ပေးစွမ်းနိုင်မယ့် အတွဲအစပ်တွေကို ခုပဲ ပြောပြပေးလိုက်တယ်နော်။

(၁) ထူးခြားတဲ့အရောင်အတွဲအစပ်တွေနဲ့ ပြောင်းလဲဝတ်ဆင်ကြည့်ပါ။

အရင်တုန်းက အပေါ်က အင်္ကျီအဖြူရောင်ကို အောက်ကနေ အနက်၊ ကာကီစတာတွေနဲ့ပဲ အမြဲတွဲနေကျ၊ ဒါမှမဟုတ် ဂျင်းဘောင်းဘီနဲ့ပဲ တွဲဝတ်နေကျဆိုရင် ဒီတစ်ခေါက်တော့ အစိမ်း၊ ပန်းရောင်၊ အနီစတာတွေနဲ့ တွဲဝတ်ကြည့်လိုက်ပါ။ ပန်းရောင်နဲ့အနီတွဲဝတ်တာမျိုး၊ အစိမ်းနဲ့အနီ တွဲဝတ်တာမျိုး၊ အပြာနုနဲ့အရင့် တွဲဝတ်တာမျိုး၊ အဝါနဲ့အစိမ်းတွဲစပ်ဝတ်တာမျိုး စတဲ့ အရောင်တွေကစားပြီး ဝတ်ဆင်ခြင်းဟာ ကိုယ့်ဘာသာကိုယ်ရော၊ တခြားလူတွေကိုပါ အမြင်ရော အသွင်ပါ ပြောင်းလဲသလို ခံစားရစေပါတယ်။ ၂၀၂၀ ကလည်း အရောင်တောက်တောက်လေးတွေ ခေတ်စားမယ့်နှစ်မို့ မဒီတို့အနေနဲ့ ဖက်ရှင်ရေစီးကြောင်းထဲက သွေဖယ်သွားမယ့် အရောင်အတွဲအစပ်လည်း မဟုတ်ဘူးလေနော်။

(၂) ဝတ်နေကျ အင်္ကျီအဝတ်အစားတွေကိုပဲ အမြဲခေတ်စားနေတတ်တဲ့အရာတွေနဲ့ ပေါင်းစပ်ကြည့်ပါ။

မဒီတို့ဆီမှာ ရှေ့ကြယ်သီးတပ်ရှပ်အင်္ကျီအစင်းလေးတွေရှိတယ်ဆိုရင် သူ့ကို ဂျင်းစကတ်၊ စတိုင်ဘောင်းဘီတွေနဲ့ ဝတ်မယ့်အစား အဲ့ဒီရှပ်အပေါ်မှာ Overall jeans တွေ ထပ်ဝတ်လိုက်ပါ။ ကိုယ့်မှာ Graphic tee လေးတွေရှိတယ်ဆိုရင်လည်း သူ့ကို ဘောင်းဘီနဲ့ဝတ်မယ့်အစား Maxi Skirt အရှည်လေးတွေနဲ့ တွဲဝတ်ကြည့်ပါ။ ဒါ့အပြင် ကိုယ့်ဆီမှာ crop top နဲ့ စကတ် ဝမ်းဆက်လေးတစ်စုံရှိမယ်ဆိုရင်တောင် ဒီအတိုင်းပဲ ဝတ်မသွားဘဲ အပေါ်ကနေ ဂျင်းသားဝေ့စကုတ် ဒါမှမဟုတ် vest လေး ထပ်ဝတ်ကြည့်လိုက်ပါ။

(၃) ဝတ်နေကျ Jeans နဲ့ ရှပ်၊ တီရှပ်၊ ဘလောက်စ်ပေါ်မှာ Coat လေးတွေထပ်ဝတ်ကြည့်ပါ။

မဒီတို့ဝတ်နေကျ လွတ်လပ်ပြီး ပေါ့ပါးတယ်ဆိုတဲ့ ဂျင်းနဲ့တီရှပ်အတွဲအစပ်ကို ပိုထူးခြားချင်တယ်ဆိုရင် ကုတ်ကိုမှ အမိုက်စား statement coat လေးတွေနဲ့ အမြင်ဆန်းအောင် ဆင်မြန်းနိုင်ပါတယ်။ အမွှေးပွကုတ်လေးတွေ၊ ယုန်မွှေးကုတ်လေးတွေ၊ လက်မောင်းအပွဒီဇိုင်းလုပ်ထားတဲ့ ကုတ်ဘယ်ဟာဖြစ်ဖြစ် ဒီဇိုင်းဆန်းတဲ့ ကုတ်တစ်ထည်ရှိရင်ကို အိုခေပါပြီ။

(၄)Pattern တွေ Print တွေကို ရောဝတ်ပါ။

ပရော်ဖက်ရှင်နယ်ဆန်ပြီး စမတ်ကျတဲ့အသွင်ရဖို့ဆိုရင် အပွင့်အဖတ်၊ အလုံးအစက်တွေ၊ မျဉ်းကြောင်း၊ အကွက် ၊ ကျားသစ်ဆင် စတဲ့ pattern နဲ့ print တွေကို အပေါ်၊အောက် ဝတ်ချရဲဖို့လိုပါတယ်။ သူက ဆန်းတဲ့အပြင် ကိုယ့်ကို ဖက်ရှင်ကျသွားစေမှာလည်း ဖြစ်ပါတယ်။ တကယ်လို့ကိုယ်က တူညီတဲ့ ပွင့်ရိုက်ဒီဇိုင်းကိုအပေါ်အောက် ဝတ်မယ်ဆိုရင်တောင် ကာလာကွဲတာနဲ့ အထာကျသွားပါပြီ။

(၅)ခေါင်းအစခြေအဆုံး တစ်ရောင်တည်း ဝတ်ပါ။

ခေတ်အဆက်ဆက် ဘယ်တော့မှမရိုးတဲ့ဖက်ရှင်ကတော့ အပေါ်အောက် တစ်ရောင်တည်းဝတ်တာ၊ ခေါင်းအစခြေအဆုံးကို တစ်ရောင်တည်းဆင်းမြန်တာမျိုးပါပဲ။ အရောင်ရင့်တွေပဲ ဝတ်ဝတ်၊ အရောင်တောက်တာလေးတွေပဲ ဝတ်ဝတ်၊ တစ်ရောင်တည်းဆင်မြန်းလိုက်တာနဲ့ကို ထသွားထလာအတွက်တင် မဟုတ်ဘဲ ပွဲတက်ဖက်ရှင်အထိကို ရွေးချယ်စရာဖက်ရှင် ဖြစ်သွားပါပြီ။

(၆) ရိုးရှင်းတဲ့ဝတ်စုံဆိုရင်တော့ ထူးခြားတဲ့ Accessory တစ်ခုကို ရွေးချယ်ဆင်မြန်းပါ။

ကိုယ်ရွေးချယ်ထားတဲ့ ဝတ်စုံက အရမ်းရိုးရှင်းနေတာမို့ အားလုံးကြားမှာထူးခြားချင်တယ်ဆိုရင် ကိုယ်ဆင်မြန်းမယ့် accessory တွေထဲက ဘယ်အရာနဲ့ ဆွဲဆောင်မှုရှိအောင် ထပ်ဖြည့်မလဲဆိုတာကို တွေးရမှာပါ။ လက်ကိုင်အိတ်ဆိုလည်း အမိုက်စား ဒီဇိုင်းမျိုး ဖြစ်နေရမှာပါ။ နားကပ်ဆိုလည်း နားကပ်၊ ဆွဲကြိုးဆိုလည်း ဆွဲကြိုး statement accessories ဖြစ်နေမယ်ဆိုရင် အားလုံးကြားမှာ ထင်းနေပါလိမ့်မယ်။

ဒီအချက်(၆)ချက်အတိုင်း ပြောင်းလဲဆင်မြန်းကြည့်ရုံနဲ့မဒီတို့ရဲ့ ဖက်ရှင်ဟာ အရင်နဲ့မတူ တမူထူးခြားပြီး ဆွဲဆောင်မှုရှိသွားမယ်ဆိုတာ အာမခံပါတယ်။ ကိုယ့်မှာရှိနေပြီးသား အဝတ်အစားတွေကို ထပ်ထပ်မဖြည့်ဘဲ အပြောင်းအလဲလေးသာ လုပ်ကြည့်လိုက်ပါ။ ဖက်ရှင်စတိုင်နောက်ထပ် အသစ်တွေ ထွက်လာဦးမှာပါ။


loading...

က္က