အခန်း ဒါမှမဟုတ် ကိုယ့်အဝတ်အစားရဲ့အရောင်ရွေးချယ်မှုက ခံစားချက်ကို လုံးဝပြောင်းလဲသွားစေပါတယ်။

အရောင်တွေဟာ လူတွေရဲ့ စိတ်ခံစားမှု နဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို လွှမ်းမိုးနိုင်တယ်လို့ ဒီကနေ့ ခေတ်မှာ ယုံကြည်လာကျပြီး အရောင်တွေရဲ့ အရေးပါမှု အခန်းကဏ္ဍက ပိုပြီးကျယ်ပြန့်လာပါတယ်။ အရောင်တွေအပေါ် လူတွေဟာ ခံစားမှုရှိတဲ့အတွက် ကိုယ့်ခံစားမှုအပေါ်လိုက်ပြီး စိတ်ခံစားချက်ကောင်းမွန်ဖို့ အရောင်တွေကို ရွေးချယ် ဝတ်ဆင်တာ၊ အရောင်တွေနဲ့ အိမ်ကို အလှဆင်တာမျိုး လုပ်လို့ရပါတယ်။



အနက်ရောင်

Photo - freepik

အနက်ရောင်ဟာ ဆွဲဆောင်မှုရှိခြင်း ၊ ဂုဏ်ကျက်သရေရှိခြင်းကို ဖြစ်ပေါ်စေပါတယ်။ဒါ့အပြင် အနက်ရောင်ဟာ အရှိန်အဝါကြီးခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။ ဒါကြောင့် ကမ္ဘာကျော်အမှတ်တံဆိပ်တွေဟာ အနက်ရောင်ကို သူတို့ရဲ့ တံဆိပ်အဖြစ်သုံးကြပါတယ်။ တရားသူကြီးတွေရဲ့ ဝတ်စုံဟာလည်း အနက်ဖြစ်ပါတယ်။ဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဘူး ၊ အားငယ်တယ်လို့ ခံစားရတဲ့အခါတွေမှာ အနက်ရောင်ဝတ်ဆင်ပါ။

အဖြူရောင်

Photo - freepik

အဖြူရောင်က သန့်ရှင်ခြင်း ၊ အပြစ်ကင်းခြင်းကို ကိုယ်စားပြုပါတယ်။အဖြူရောင်ကို အအေးရောင် ၊ ပျော့ပျောင်းတဲ့ အရောင်လို့ သတ်မှတ်ကျသလို ကျယ်ပြောတဲ့ ခံစားမှုကိုလည်း ပေးပါတယ်။အိမ်ကျဉ်းတဲ့သူတွေဆို အဖြူရောင်သုတ်ရင် အိမ်နည်းနည်းပိုကျယ်တယ်လို့ ခံစားရနိုင်ပါတယ်။အဖြူရောင်က သန့်ရှင်းမှု ၊ လတ်ဆတ်မှု ၊ ရိုးရှင်းမှု ဖြစ်လို့ စိတ်ညစ် စိတ်ရှုပ်ထွေးပြီး ပူလောင်တယ်လို့ ခံစားရရင် အဖြူရောင် အဝတ်အစားဝတ်ဆင်ကြည့်ပါ။

အနီရောင်

Photo - freepik

အနီရောင်ဟာ စိတ်အားထက်သန်မှု ၊ ချစ်ခြင်းမေတ္တာနဲ့ စိတ်ဆန္ဒပြင်းပြမှုတို့ရဲ့ သင်္ကေတဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေ အနီရောင်ဝတ်ခြင်းက ဆန့်ကျင်ဘက်လိင်ကို ပိုပြီးဆွဲဆောင်နိုင်ပါတယ်။ အနီရောင်ဟာလည်း အင်အားကြီးမားတာ ၊ ဂုဏ်ကျက်သရေရှိတာ ၊ ကံကောင်းစေတာတို့ရဲ့ အရောင်လည်းဖြစ်ပါတယ်။ ဒါကြောင့် စိတ်ခွန်အားရှိဖို့လိုတာ ၊ အချစ်ရေးမှာ ဆွဲဆောင်မှုရှိဖို့လိုတာမျိုးမှာ အနီရောင်ဝတ်ဆင်နိုင်ပါတယ်။

အပြာရောင်

Photo - Lazada

အပြာရောင်ဟာ လူကြိုက်အများဆုံးအရောင်လည်းဖြစ်ပြီး အမျိုးသားတွေ ပိုကြိုက်ကြတယ်လို့ ဆိုပါတယ်။အပြာရောင်ဟာ စိတ်အေးချမ်းမှု ၊ ငြိမ်သက်မှု၊ လုံခြုံမှုတွေရဲ့ သင်္ကေတဖြစ်ပါတယ်။အပြာရောင်ကိုတည်ငြိမ်မှုနဲ့ ယုံကြည်စိတ်ချရမှုရဲ့ ကိုယ်စားပြုအဖြစ် အသုံးပြုကြပါတယ်။ဒါကြောင့် စိတ်ငြိမ်ပြီး လုံခြုံအေးချမ်းမှုကို ခံစားချင်ရင် အပြာနုရောင်လေးရွေးချယ်ပါ။


အစိမ်းရောင်

အစိမ်းရောင်ဟာ အေးမြတဲ့ အရောင်ဖြစ်ပါတယ်။ ဒါ့အပြင် သဘာဝလောကကို ကိုယ်စားပြုပြီး တည်ငြိမ်မှုကို ကိုယ်စားပြုတယ်လို့လည်း ယူဆကြပါတယ်။ အစိမ်းရောင်ဟာ တီထွင်ဖန်တီးနိုင်မှုကို လှုံဆော်နိုင်တယ်လို့လည်း ဆိုပါတယ်။ အထူးသဖြင့်တော့ အမြင်အေးတဲ့အရောင်ဖြစ်လို့ ပူလောင်မွန်းကြပ်တဲ့ ခံစားမှုမျိုးရှိတဲ့အခါ အစိမ်းရောင်အဝတ်အစားဝတ်တာ ၊ အစိမ်းရောင်ရှိတဲ့ နေရာလေးတွေကို ကြည့်တာမျိုး လုပ်သင့်ပါတယ်။

အဝါရောင်

Photo - Pinterest

အဝါရောင်က အမြင်အာရုံကို အဖမ်းစားနိုင်ဆုံးအရောင်အဖြစ် ဖော်ပြကြပါတယ်။ အဝါရောင်က ပျော်ရွှင်မှုနဲ့  နွေးထွေးမှုရဲ့ အရောင်လည်း ဖြစ်ပါတယ်။အဝါရောင်ဟာ ခံစားချက်ကိုလည်း ပြင်းထန်စေနိုင်ပါတယ်။ ဒါပေမယ့် အဝါရောင်တောက်တောက်ကို ကြာကြာမြင်ရရင်တော့ အမြင်အာရုံနွမ်းနယ်မှုကို ဖြစ်စေပါတယ်။  ဒါပေမယ့်လည်း ကိုယ်က လူအများကြားမှာ ထင်ထင်လင်းလင်းလေး ဖြစ်ချင်တယ် ၊ အထီးကျန်တယ်လို့ ခံစားရတဲ့အခါ အဝါရောင်ပါတဲ့ အဝတ်အစားမျိုး ဝတ်ဆင်ပါ။

ခရမ်းရောင်

Photo - Corousell

ခရမ်းရောင်ဟာ တော်ဝင်အရောင်ဖြစ်ပါတယ် ။ အရင်က မင်းမျိုးမင်းနွယ်တွေ အသုံးပြုကြတဲ့ အရောင်ဖြစ်ပြီး ကြွယ်ဝချမ်းသာမှုရဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။ခရမ်းရောင်ဟာ ဉာဏ်ပညာ၊ ရဲရင့်ခြင်းနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ကိုယ်စားပြုပါတယ်။ ခရမ်းရောင်ဝတ်တဲ့အခါ ညှို့အားပြင်းပြင်းနဲ့ ဆွဲဆောင်မှုရှိတယ်လို့ ခံစားရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်နေတဲ့အချိန်မျိုးမှာ ဝတ်ဆင်ကြည့်ပါ။


အညိုရောင်

Photo - the tempest

အညိုရောင်ဟာ မြေသားကို ကိုယ်စားပြုတဲ့အရောင်ဖြစ်ပြီး တည်ငြိမ်တဲ့ သဘောရှိပါတယ်။ အညိုရောင်ဟာ ခွန်အားနဲ့ ယုံကြည်စိတ်ချရမှု ၊ လုံခြုံမှုတွေနဲ့လည်း ဆက်စပ်နေပါတယ်။ နွေးထွေးမှုနဲ့ နှစ်သိမ့်မှုကိုလည်း ဖြစ်စေတဲ့ အရောင်ဖြစ်ပါတယ်။ စိတ်လှုပ်ရှားစရာတစ်ခုခုရှိတာမျိုးရှိတဲ့အခါ အညိုရောင် ၊ အညိုရောင်ဖျော့ဖျော့လေးတွေ ဝတ်ဆင်ကြည့်ပါ။


လိမ္မော်ရောင်

Photo - insight egypt

လိမ္မော်ရောင်က အားကောင်းပြီး တက်ကြွစေတဲ့ အရောင်ဖြစ်ပါတယ်။အဝါရောင်နဲ့ အနီရောင်လိုပဲ အမြင်အာရုံကို ဆွဲဆောင်နိုင်တဲ့ အရောင်ဖြစ်ပါတယ်။အားတက်သရောရှိခြင်းရဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။

လိမ္မော်ရောင်ကို ယာဉ်လမ်းကြောင်းတွေနဲ့ ကြော်ငြာတွေမှာ လူတွေအာရုံစိုက်မိဖို့ သုံးကြပါတယ်။ဒါ့အပြင် အားကစားမှာလည်း လိမ္မော်ရောင်ကို ယူနီဖောင်းအဖြစ် သုံးကြပါတယ်။ဒါကြောင့် ထိုင်းမှိုင်းနေတဲ့အခါ လိမ္မော်ရောင်အဝတ်အစားလေး ဝတ်ကြည့်ပါ။


ပန်းရောင်

Photo - Pinterest

ပန်းရောင်ကတော့ အချစ် ၊ ကြင်နာမှုနဲ့ မိန်းကလေးဆန်ခြင်းရဲ့ သင်္ကေတဖြစ်ပြီး အေးချမ်းတဲ့အရောင်လို့ ယူဆကြပါတယ်။ဒါ့အပြင် ကလေးဆန်တယ်လို့လည်း ယူဆကြပါတယ်။Valentine's Day လိုရက်မှာဆိုရင် မျက်စိရှေ့မှာ ပန်းရောင်တွေအများကြီး တွေ့နေရမှာပါ။ ဒါကြောင့် ချစ်သူကို ချွဲနွဲ့ချင်တာ ၊ မိန်းကလေးဆန်ချင်တဲ့အချိန်မျိုးမှာ ပန်းရောင်လေး ဝတ်ကြည့်ပါ။


အရောင်တွေကို အီဂျစ်လူမျိုးတွေနဲ့ တရုတ်လူမျိုးတွေက  ကုထုံးအဖြစ် ရှေးကတည်းက သုံးခဲ့ကြပြီး အခုခေတ်မှာတော့ ကမ္ဘာတစ်လွှားမှာ အရောင်ကုထုံးကို သုံးနေကြပါပြီ။

အနီရောင်က ခန္ဓာကိုယ်နဲ့ စိတ်ကိုလှုံ့ဆော်ပေးပြီး သွေးလည်ပတ်မှုကိုတိုးတက်စေဖို့ အသုံးပြုပါတယ်။ အဝါရောင်ကိုတော့ အာရုံကြောတွေကို လှုံ့ဆော်ပေးတဲ့ဲ အတွက်တွက်ကအတခန္ဓာကိုယ်ကိုသန့်စင်စေဖို့ အသုံးပြုပါတယ်။ လိမ္မော်ရောင်ကို အဆုတ်ကိုကုသရဖို့နဲ့ ခွန်အားတိုးဖို့ အသုံးပြုပြီး အပြာရောင်ဟာ ဖျားနာခြင်းကို သက်သာစေပြီး နာကျင်မှုကိုသက်သာစေဖို့ အသုံးပြုပါတယ်။ မဲနယ်အရောင်ကိုတော့ အရေပြားပြသနာများကို သက်သာစေဖို့ အသုံးပြုပါတယ်။


Ref: scienceofpeople, verywellmind


ဆက်စပ်အကြောင်းအရာများ



က္က