တူစုံမောင်မယ်ပျော်သည် သင်္ကြန်ခါတော် ချိန်မှီ ရောက်ပြီမို့ ရေပက်ခံထွက်ဖို့ စိုင်းပြင်းနေတဲ့ မဒီလေးတို့ရေ…
Ei Ei Mar

တူစုံမောင်မယ်ပျော်သည် သင်္ကြန်ခါတော် ချိန်မှီ ရောက်ပြီမို့ ရေပက်ခံထွက်ဖို့ စိုင်းပြင်းနေတဲ့ မဒီလေးတို့ရေ…

ဒီတစ်ခေါက်မှာတော့ သင်္ကြန်တွင်း ရေပက်ခံထွက်တဲ့အခါ အသားအရေ မထိခိုက်အောင် လုပ်ရမယ့် အရာလေးတွေကို Suggest လုပ်ပေးသွားမှာပါ။အသားအရေ ပျက်စီးပြီးမှ ပြန်ကုသတာထက် မပျက်စီးအောင် ကြိုတင်ကာကွယ်တာ ပိုပြီးကောင်းတယ် ဟုတ်တယ်ဟုတ်?

(၁) ခရမ်းလွန်ရောင်ခြည်အတွက် Sunscreen

နေအရမ်းပူပြီး ရမ်းလွန်ရောင်ခြည် ပါဝင်ကိန်း မြင့်တက်နေတာမို့ အိမ်ကနေမထွက်ခင် မိနစ် (၃၀) .ကြိုပြီး Sunscreen လိမ်းဖို့ မမေ့ပါနဲ့။ Lotion နဲ့ ရပါတယ်လေဆိုပြီး မပေါ့ဖို့ သတိပေးချင်ပါတယ်။ ရေပက်ခံထွက်တဲ့ အချိန်ကလည်း နေမြင့်ချိန်ဖြစ်တာကြောင့် အသားအရေ မပျက်စီးအောင် ပိုပြီး ဂရုစိုက်ရပါတယ်။တစ်နေ့လုံး ရေပက်ခံထွက်ဖို့ စိတ်ကူးထားတယ်ဆိုရင်တော့ အိမ်က လိမ်းသွားတင်ရုံမကဘဲ Sunscreen ဘူးပါ ယူသွားပါ။ရေက အချိန်ပြည့်စိုနေမှာဆိုတော့ Sunscreenရဲ့ အာနိသင်တွေပြယ်သွားနိုင်တာကြောင့် ညနေဘက် ရေပက်ခံမထွက်ခင် ထပ်လိမ်းပေးဖို့ မမေ့ပါနဲ့။

(၂) အကာအကွယ်ယူပါ

မဒီတို့လည်း ကြိုတင်ပြင်ဆင်ထားကြမယ်လို့ ထင်ပါတယ်။မိမိ အသားအရေကို ရေဒဏ်ရော နေဒဏ်ကပါ ကာကွယ်ဖို့ သဘက်၊ပုဝါ ဆောင်ပါ။ နေကာမျက်မှန်တပ်ပါ။နေကာမျက်မှန်တပ်ထားရင် မျက်လုံးကို နေရောင် တိုက်ရိုက်မထိနိုင်တဲ့အပြင် ရေမဝင်အောင်ပါ ကာကွယ်ပေးနိုင်ပါတယ်။ ဖြစ်နိုင်ရင် မျက်ကပ်မှန် လုံးဝ မတပ်ပါနဲ့။

(၃) မိက်ကပ်ထူူထူ လိမ်းတာ ရှောင်ပါ။

မျက်နှာကို Sunscreen တစ်ခုထဲ မဟုတ်ဘဲ မိက်ကပ်လိမ်းချင်တယ်ဆိုရင် ခပ်ပါးပါးပဲ လိမ်းဖို့ အကြံပေးပါရစေ။မိက်ကပ်ကလည်းထူ၊ နေကလည်းပူ ဒီကြားထဲ မျက်နှာက ရေညစ်တွေနဲ့ ထိတွေ့ရမှာဆိုတော့ အသားအရေပျက်စီးဖို့ ရာခိုင်နှုန်းများပါတယ်။ ဒီလိုအခြေအနေမှာ မိက်ကပ်မလိမ်းရင်တော့ အကောင်းဆုံးပါ။အိမ်ပြန်ရောက်တဲ့အခါမှာလည်း ကိုယ်လုပ်နေကျ အသားအရေထိန်းသိမ်းမှုမျိုးလည်း လုပ်ပေးပါ။

(၄)အလင်းပြန်နိုင်မယ့် အရောင်မျိုး ရွေးချယ်ဝတ်ဆင်ပါ

နေပူပူမှာ ရေပက်ခံထွက်တော့မယ်ဆိုရင် အနက်ရောင် အဝတ်အထည်မျိုးကိုရှောင်ပါ။ရေစိုရင် အသားမှာ မကပ်စေမယ့် အသားမျိုး ရွေးချယ် ဝတ်ဆင်ပေးပါ။အပူမစုပ်မယ့်အပြင် အလင်းပြန်နိုင်မယ့် အစိမ်းနုရောင်၊ အဖြူရောင်၊ အဝါရောင်စ တဲ့ အဝတ်မျိုးတွေ ဝတ်ဆင်တာ အကောင်းဆုံးပါ။ ရေပက်တဲ့ အရှိန်ပြင်းရင် အသားကို တိုက်ရိုက်မထိအောင် အင်္ကျီလက်ရှည်၊ ဘောင်းဘီအရှည် ဝတ်သွားပါ။

မဒီလေးတို့ရေ လူရဲ့ ဒုတိယမျက်နှာက ဆံပင်ဆိုရင် တတိယမျက်နှာက အသားအရေလို့တောင်ပြောလို့ရပါတယ်။ ဒါကြောင့် မဒီလေးတို့ အမြဲတမ်းလှပနေနိုင်အောင် သင်္ကြန်တွင်း ရေပက်ခံထွက်တဲ့အခါ ကိုယ့်အသားအရေ မပျက်စီးအောင် ဂရုစိုက်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။


က္က