မိုးရာသီမှာ အသားအရေ ကြည်လင်စိုပြည်နေအောင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့ နည်းလမ်းအဆင့်ဆင့်ကို ပြောပြပေးချင်ပါတယ်။

မိုးတွင်းကတော့ ပူပြင်းတဲ့နေလောင်ဒဏ် ၊ ချွေးထွက်လွန်တာတွေ နဲ့ ချွေးနံ့ပြင်းတာတွေကို လျော့ပါးသက်သာစေပါတယ်။ ဒါပေမယ့်လည်း မိုးတွင်းအေးအေးလေးမို့ အသားအရေကို ထိန်းသိမ်းစရာမလိုဘူးဆိုတဲ့ သဘောတော့ မဟုတ်ပါဘူး။ အသားအရေကို လက်လွတ်စပယ် ပစ်ထားလို့တော့မရပါဘူး။ ဒီတော့  မိုးရာသီအတွင်းမှာ ဘယ်လို အသားအရေထိန်းသိမ်းလို့ရနိုင်မလဲ ဆိုတဲ့ နည်းလမ်းကောင်းတွေကို ဝေမျှပေးချင်ပါတယ်။

မိုးရာသီဆိုရင် များသောအားဖြင့် အရေပြားပြဿနာတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ အသားအရေလေး မိုးတွင်မှာပါ ကြည်လင်ဝင်းဖန့်နေအောင် ဘယ်လို ထိန်းသိမ်းမှုတွေ ပြုလုပ်သင့်သလဲဆိုတာ သိထားသင့်ပါတယ်။

အသားအရေကို ထိန်းသိမ်းဖို့အတွက် အဆင့် ၄ ဆင့်ရှိပါတယ်။ အခုပြောပြပေးမယ့် အဆင့်တွေကတော့ မိုးတွင်းမှာ အသားအရေထိန်းသိမ်းဖို့အတွက် အကောင်းဆုံးနည်းလမ်းတွေပါပဲ။

ဆဲလ်သေတွေကို ဖယ်ရှားပါ

မျက်နှာပြင်ပေါ်က ဆဲလ်သေတွေနဲ့ ဝက်ခြံအဖုအပိန့်လေးတွေကို ဖယ်ရှားပေးဖို့လိုအပ်ပါတယ်။ ဒီလို ဖယ်ရှားပေးမှ ဆဲလ်သစ်တွေ မွေးဖွားပြီး ကြည်လင်ဝင်းဖန့်တဲ့ မျက်နှာလေးကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့ ဓာတ်သတ္တိတွေပါဝင်တဲ့ အရာတွေကတော့ ကော်ဖီ ၊ လက်ဖက်အိတ် ၊ သကြား ၊ မုန့်ဖုတ်ဆိုဒါ ၊ သင်္ဘောသီး နဲ့ ဒိန်ချဉ်တို့ပဲ ဖြစ်ပါတယ်။ ဒီတော့ အိမ်မှာပဲ ဒီပစ္စည်းလေးတွေနဲ့ ကိုယ့်မျက်နှာကို ကြည်လင်ဝင်းဖန့်နေအောင် ပေါင်းတင်လို့ရပါတယ်။

သန့်စင်ဖို့ မမေ့ပါနဲ့

ဆဲလ်သေတွေကို ကောင်းကောင်း ဖယ်ရှားပေးပြီးပြီဆိုရင်တော့ ချွေးပေါက်တွေနဲ့ အရေပြားဟာ ပွင့်သွားပါလိမ့်မယ်။ ဒီလိုဆိုရင်တော့ အုန်းဆီ ၊ လ္ဘက်ဆီ ၊ ရှားစောင်းလက်ပပ် ၊ ပျားရည် နဲ့ သံပုရာတို့ကတော့ အသားအရေကို သန့်စင်ဖို့အတွက် အကောင်းမွန်ဆုံးအရာတွေ ဖြစ်ပါတယ်။ မျက်နှာကို သန့်စင်မယ်ဆိုရင် ဒီပစ္စည်းတွေကို အသုံးပြုပြီး သန့်စင်ပေးမယ်ဆိုရင် အသားအရေလေးက ပိုလို့တောင် ကြည်လင်လာမှာပါ။

အရေပြားအသစ်မွေးဖွားခြင်း

အညစ်အကြေးတွေနဲ့ မိတ်ကပ်တွေကို သေချာဖယ်ရှားပေးဖို့လိုပါတယ်။ ပြီးရင်တော့ အရေပြားအသစ်ပြန်လည်မွေးဖွားဖို့အတွက် လ္ဘက်စိမ်း ၊ သံပုရာရည် ၊ သခွားရည် တို့ကို အသုံးပြုလို့ရပါတယ်။ ဒီအဆင့်ကတော့ Skin Care တွေမှာဆိုရင် Toner အဆင့်လို့ ပြောရမှာပါ။ ဒါ့ကြောင့် ဒီမိုးတွင်းမှာ Toner အသုံးပြုမယ်ဆိုရင် အပေါ်က ပြောထားတဲ့ အရာတွေထဲက ပါဝင်ပစ္စည်းတစ်ခုခုကိုသာ ရွေးချယ်ပါ။

အစိုဓာတ်ဖြည့်မယ်

မိုးတွင်းမှာလည်း အစိုဓာတ်လိုအပ်ပါတယ်။ အစိုဓာတ်ဖြည့်တာကတော့ အသားအရေကို နူးညံ့စိုပြေစေမယ့် အသားအရေထိန်းသိမ်းဖို့အတွက် နောက်ဆုံး နဲ့ အရေးကြီးဆုံး အပိုင်းဖြစ်ပါတယ်။ အစိုဓာတ်ဖြည့်ခရင်မ်တွေ ဝယ်သုံးလို့ရပေမယ့် သဘာဝပစ္စည်းတွေနဲ့ အစိုဓာတ်ဖြည့်မယ်ဆိုရင်တော့ ပိုပြီး အကျိုးထိရောက်မှာပါ။ အစိုဓာတ်ဖြည့်လို့ရတဲ့ သဘာဝပစ္စည်းတွေကတော့ သခွားသီး ၊ သန့်စင်ပြီး အုန်းဆီ နဲ့ သံလွင်ဆီ တို့ပဲဖြစ်ပါတယ်။ ဒီပစ္စည်းတွေက အစိုဓာတ်ဖြည့်ပေးပေမယ့် အသားအရေကို အဆီပြန်တာမျိုးတွေ မဖြစ်စေပါဘူး ။

အထက်ကပြောခဲ့တာတွေကတော့ မိုးတွင်းမှာ အသားအရေထိန်းသိမ်းဖို့ အသင့်တော်ဆုံး သဘာဝပစ္စည်းတွေပါ။ ကိုယ်က ကိုယ်တိုင်လုပ်ဖို့ အချိန်မရဘူးဆိုရင်လည်း Skin Care တွေ ဝယ်တဲ့အခါမှာ အဲဒီ ပါဝင်ပစ္စည်းတွေကို ရွေးချယ်ဝယ်ယူမယ်ဆိုရင်တော့ ဒီမိုးတွင်းအတွက် အသားအရေလည်း ကြည်လင်ဝင်းဖန့်နေမှာသေချာပါတယ်။

နေရောင်ကာခရင်မ် လူးဖို့မမေ့ပါနဲ့

မိုးတွင်းဖြစ်လို့  ခရမ်းလွန်ရောင်ခြည်ကင်းလွတ်သွားတာမျိုးတော့ မဟုတ်ပါဘူး။ မိုးတွင်းမှာလည်း ခရမ်းလွန်ရောင်ခြည်ဒဏ်ကတော့ ရှိနေဆဲပါပဲ။ ဒါကြောင့် အရေပြားပြဿနာတွေ မဖြစ်အောင်လို့ အထက်က အသားအရေထိန်းသိမ်းတဲ့ နည်းလမ်းတွေကို ပြုလုပ်ပြီးပြီဆိုရင်တော့ နေရောင်ကာခရင်မ် (Sunscreen) ကို ထပ်လိမ်းပေးဖို့ လိုအပ်ပါတယ်။

မျက်နှာကို သန့်စင်အောင်ထားရပါမယ်

မျက်နှာကိုလည်း တစ်နေ့ နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် သစ်ပေးပါ။ ဒါမှ မျက်နှာပေါ်က အဆီနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်မှာပါ။ အိပ်ယာဝင်ခါနီးတိုင်း မျက်နှာကို သန့်စင်အောင် သစ်ပြီးမှ ၊ လိမ်းထားတဲ့ မိတ်ကပ်တွေအားလုံး ဖယ်ရှားပြီးမှ အိပ်ယာဝင်ပါ။

ရေသောက်ပါ

မိုးတွင်း ရေဆာတယ်ဆိုတာတော့ ရှားပါတယ်။ ဒါပေမယ့်လည်း ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေ ဖယ်ရှားပေးနိုင်ဖို့အတွက် ရေများများသောက်သုံးပေးဖို့ လိုအပ်ပါတယ်။

အသားအရေကို ထိန်းသိမ်းစောင့်ရှောက်ရပါမယ်

အသားအရေအတွက် ဓာတုဆေးဝါးတွေ အများကြီး ပါဝင်တဲ့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေကို အသုံးပြုတာမျိုးရှောင်ကြဉ်ပါ။ ဒီအရာတွေက အသားအရေကို အများကြီး ထိခိုက်စေနိုင်ပါတယ်။ မျက်နှာပေါ်မှာ အဖုအပိန့်တွေ နဲ့ ဝက်ခြံတွေ ရှိနေခဲ့ရင် တတ်နိုင်သမျှ မိတ်ကပ်လိမ်းတာမျိုး မလုပ်ပါနဲ့ ။ ဆီကြော်မုန့်တွေကို ခုလို မိုးရာသီမှာ ရှောင်ကြဉ်တာ အကောင်းဆုံးပါပဲ။ ဒါဆို ဝက်ခြံ နဲ့ အဖုအပိန့် ထွက်တာတွေကိုပါ ကင်းဝေးသွားစေပါလိမ့်မယ်။

Share

Loading Next Article...
က္က