Thin Nu Swe

ပြစ်မျိုးမှဲ့မထင်မျက်နှာမျိုးဆိုတာ ရှိတော့ရှိတယ်၊ ဒါပေမယ့် ရှားတယ်ဆိုတာလိုပါပဲ။ လူတိုင်းရဲ့ မျက်နှာမှာ အမည်းစက်လေးတွေဟာ အနည်းနဲ့ အများတော့ ရှိနေတတ်ကြပါတယ်။ ဒါပေမယ့်လည်း ကောင်းမွန်တဲ့ ဆေးဝါး နဲ့ ကုသမှုကို သေချာလုပ်နိုင်မယ်ဆိုရင်တော့ အမည်းစက်လေးတွေဟာ ယူပစ်သလို ပျောက်ကင်းသွားနိုင်ပါတယ်။ ဒီလိုကုသတဲ့နေရာမှာလည်း အနာသိမှ ဆေးရှိတာပါ။ ကိုယ့်ရဲ့ အမည်းစက်တွေဟာ ဘယ်လိုအကြောင်းကြောင့် ဖြစ်တာလဲဆိုတာ သိရမှ ကုသတဲ့နေရာမှာ ထိရောက်မှာဖြစ်ပါတယ်။ အမည်းစက်တွေဘာကြောင့်ဖြစ်သလဲဆိုတာကို သိနေမှ ကြိုတင်ကာကွယ်ထားနိုင်မှာပါ။ ဒီတော့ အမည်းစက်ဖြစ်ရတဲ့ အကြောင်းရင်းတွေကို ပြောပြပေးချင်ပါတယ်။

နေရောင်ခြည်ဒဏ်

တချို့ အမည်းစက်တွေကတော့ နေရောင်ခြည်ရဲ့ ခရမ်းလွန်ရောင်ခြည်တွေကြောင့် ဖြစ်ကြတာမျိုးဖြစ်ပါတယ်။ နေရောင်ခြည်ပြင်းပြင်းနဲ့ ထိတွေ့မိတဲ့အခါမှာ ကုသရခက်ခဲတဲ့ အမည်းစက်တွေ၊ မှဲ့ခြောက်တွေ ဖြစ်လာတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ မျက်နှာလေးကို တန်ဖိုးထားတယ်ဆိုရင် နေပူဒဏ်နဲ့ မထိတွေ့မိစေဖို့ သတိထားရပါမယ်။

ဓာတ်မတည့်တဲ့ ပစ္စည်းတွေ

ကိုယ့်အသားအရေနဲ့ ဓာတ်မထည့်တဲ့ ပစ္စည်းတွေကို အသုံးပြုမိတဲ့အခါမှာလည်း အမည်းစက်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ကိုယ့်အသားအရေနဲ့ ဓာတ်မတည့်တဲ့ ပစ္စည်းတွေ ၊ အလှကုန်ပစ္စည်းအပြင်းစားတွေ က ကိုယ့်ရဲ့ မျက်နှာပြင်ကို ထိခိုက်ပျက်စီးစေပါတယ်။ ဈေးကြီးပြီး အရည်အသွေးကောင်းတယ်ဆိုတိုင်းလည်း ကိုယ်နဲ့ ဓာတ်တည့်ချင်မှ တည့်တာမျိုးပါ။ ဒါ့ကြောင့် အထူးသတိပြုရွေးချယ်ဖို့ လိုအပ်ပါတယ်။

ဟော်မုန်းပြောင်းလဲတာ

တချို့ အမည်းစက်လေးတွေ ၊ အမည်းကွက်လေးတွေက ခန္ဓာကိုယ်တွင်း ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်တာမျိုးပါ။ ကိုယ်ဝန်ဆောင်ချိန် ၊ အသည်းအားနည်းချိန်နဲ့ ဗီတာမင် A နဲ့ B12 ချို့တဲ့ချိန်တွေမှာ ဟော်မုန်းပြောင်းလဲတတ်ပါတယ်။

မျက်နှာကို မကြာခဏထိလွန်းတာ

ဝက်ခြံပေါက်နေတဲ့အချိန်တွေမှာ မနေနိုင်လွန်းလို့ သွားပြီး တို့တာ ၊ ဆိတ်တာ ၊ ကုတ်ဖဲ့တာတွေ အလုပ်များရင်လည်း အနီစက် ၊ အမည်းစက် နဲ့ အနာရွတ်တွေ ဖြစ်ပြီးကျန်ခဲ့တတ်ကြပါတယ်။ တချို့ဆိုရင် မျက်နှာတစ်ပြင်လုံး အစက်တွေ ကျန်ခဲ့တဲ့အထိ ဆိုးဝါးတဲ့ သာဓကတွေ အများကြီးပါ။ ဒါ့ကြောင့် ကိုယ့်ရဲ့ မျက်နှာလေးကို ရှင်းပြီး လှနေစေချင်တယ်ဆိုရင်တော့ အသုံးများတဲ့လက်ကို မျက်နှာဆီ မရောက်မိအောင် ဂရုစိုက်ပါ။

အမည်းစက်တွေ ကိုယ့်မျက်နှာမှာ ရှိနေတယ်ဆိုရင်တော့ အရေပြားအထူးကုဆီသွားမလား ၊ အလှအပဆိုင်ရာ Treatment ပေးနေတဲ့နေရာတွေဆီ သွားမလား ၊ ဒါမှမဟုတ်လည်း ဒီလို အမည်းစက်တွေ ၊ မှဲ့ခြောက်တွေအတွက် သီးသန့်ထုတ်ထားတဲ့ Skin Care ပစ္စည်းတွေ သုံးမလား ၊ သဘာဝနည်းတွေအသုံးပြုပြီးဖြေရှင်းမလား စတဲ့ ရွေးချယ်စရာနည်းလမ်းတွေ အများကြီးရှိပါတယ်။

အမည်းစက်တွေကို ပျောက်စေမယ့် သဘာဝနည်းလမ်းတွေထဲက တစ်ခုကတော့ မုန်လာဥနီဖြစ်ပါတယ်။ မုန်လာဥနီကို ခြစ်ပြီး အရည်ညှစ်ပါ။ ညှစ်ထားတဲ့ ဥနီအရည်ကို မျက်နှာပြင်တစ်ခုလုံး လိမ်းပြီး ၁၅မိနစ်ခန့် သိပ်ထားပါ။ ပြီးရင်တော့ မျက်နှာသစ်လိုက်လို့ရပါပြီ။ ဒီနည်းကို နေ့စဉ်ပြုလုပ်သွားမယ်ဆိုရင်တော့ မျက်နှာပေါ်က အမည်းစက်တွေ တဖြည်းဖြည်းနဲ့ လျော့ပါးသက်သာသွားမှာပဲ ဖြစ်ပါတယ်။

 


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က