အမျိုးသမီးတစ်ယောက်အတွက် ဖက်ရှင်ကျကျလေး ဆင်မြန်းတွဲစပ်ချင်တယ်ဆိုရင် ကိုယ်ရဲ့ခန္ဓာကိုယ် အနေအထား၊ အားသာချက်၊ အားနည်းချက် စတာတွေကို အခြေခံအားဖြင့် သိထားရပါလိမ့်မယ်။

အမျိုးသမီးတစ်ယောက်အတွက် ဖက်ရှင်ကျကျလေး ဆင်မြန်းတွဲစပ်ချင်တယ်ဆိုရင် ကိုယ်ရဲ့ခန္ဓာကိုယ် အနေအထား၊ အားသာချက်၊ အားနည်းချက် စတာတွေကို အခြေခံအားဖြင့် သိထားရပါလိမ့်မယ်။ 

မဒီတွေအနေနဲ့ ကိုယ့်ခန္ဓာကိုယ် အချိုးအစားနဲ့ပတ်သက်ပြီး ဝလို့၊ ပိန်လို့၊ ပုလို့၊ ရှည်လို့၊ တင်ပါးကြီးလို့၊ အောက်ပိုင်းသေးလို့ စသဖြင့် အလိုမကျမှုတွေ၊ အားနည်းချက်လို့ ထင်တဲ့အရာတွေ ရှိတယ်ဆိုရင် ဒီအားနည်းချက်ကို အားလုံးက သတိမပြုမိအောင် ဘယ်လိုလေးအာရုံလွှဲဝတ်ဆင်မလဲ၊ သင့်တော်ပြီး ရွေးချယ်သင့်တဲ့ ဖက်ရှင်က ဘာများလဲဆိုတာ ဗဟုသုတရှိထားမယ်ဆိုရင် ကိုယ့်ဘော်ဒီနဲ့ပတ်သက်ပြီး စိတ်ဓာတ်ကျစရာ သိပ်မလိုတော့ပါဘူး။ ဒီတစ်ခေါက်တော့ ပိန်တဲ့မဒီလေးတွေအတွက် ဘယ်လိုအဝတ်အစား ဒီဇိုင်းမျိုးတွေ ရွေးချယ်သင့်သလဲဆိုတာ ပြောပြပေးသွားမှာပါ။



ကိုယ့်ကိုကိုယ် အသက်က ၂၀ကျော်ပြီ၊ အရပ်ကလည်း ၅ပေ ၃၊ ၅ပေ ၄လောက်ရှိပေမယ့် ပေါင် ၁၀၀ တောင်မပြည့်ဘူးဆိုပြီး စိတ်ညစ်နေကြတဲ့ မဒီတွေအတွက် ပိန်လို့ပိန်မှန်းမသိတော့အောင် ဖြစ်သွားစေမယ့် အလွယ်နည်းကတော့ ကိုယ့်ရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းကို ဒေါင်လိုက်အစင်းဒီဇိုင်းတွေ ရွေးချယ်ဝတ်ပေးဖို့ပါ။ ဒီလိုဆိုရင် အပေါ်ပိုင်းပြည့်သလို ဖြစ်သွားစေပါလိမ့်မယ်။

လူကို ရှိရင်းစွဲထက် ပိုပိန်သွယ်သယောင်ဖြစ်စေတဲ့ အနက်ရောင်ကိုတော့ ရှောင်တာအကောင်းဆုံးပါ။ ဒါပေမယ့် လိုက်ဖက်အောင် ဒီဇိုင်းကို ရွေးချယ်တတ်ရင်တော့ အနက်ဝတ်လည်း လှနေပါလိမ့်မယ်။ အကျီအပေါ်ပိုင်းမှာ structure ပါတဲ့ ဒီဇိုင်းတွေနဲ့ ခါးနားသိမ်ပြီး ပြန်ကားသွားတဲ့ အကျီမျိုးတွေ ဝတ်ဆင်နိုင်ပါတယ်။

အကျီအဝတ်အစားတွေမှာ အထပ်အထပ်လေးတွေ ပါမယ်ဆိုရင် ပိန်တဲ့မဒီတို့ကို ပိုကြည့်ကောင်းစေပါတယ်။ တချို့အမျိုးသမီးတွေက သူတို့ပိန်တယ်ဆိုတာမျိုး မသိအောင် အဝတ်အစားပွပွ ဝတ်တတ်ကြပါတယ်။ အဲ့ဒါက တကယ့်ကြီးမားတဲ့ အမှားတစ်ခုမို့ ဒါမျိုး မလုပ်မိဖို့ ဆင်ခြင်ပါ။ အဲဒီလို အကြီးကြီးတွေ ဝတ်လိုက်မှ သူတို့ဘယ်လောက်သေးလသဲဆိုတာ ပိုသိသာသွာစေတာမို့ပါ။

နောက်ထပ် ပိန်တဲ့မဒီလေးတွေ ရှောင်ရမှာက ကိုယ်နဲ့ကျပ်ထုတ်နေတဲ့ တစ်ဆက်တည်း dress တွေ၊ အကျီတွေပဲပေါ့။ ဒီအချက်ကိုတော့ အထူးတလည် သတိပေးနေစရာတောင် လိုမယ်မထင်ပါဘူး။

ဒါဆို ပိန်တဲ့အမျိုးသမီးတစ်ယောက်အတွက် သူတို့ဗီရိုထဲမှာ အမြဲရှိနေသင့်တာက ဘာလဲဆိုတာ ကြည့်လိုက်ရအောင်။ မဒီတို့ရဲ့ ပိန်သွယ်တဲ့ လက်တွေကို ဖုံးပေးမယ့် အကျီလက်ရှည်တွေပါပဲ။ ဒါ့အပြင် အပေါ်တစ်ထပ် ဝတ်ရတာသဘောကျရင် jacket အမိုက်စားတွေလည်း စုဆောင်းထားနိုင်ပြီး ထသွားထလာ ကနေ ပွဲလမ်းသဘင်၊ ဖျော်ဖြေပွဲတွေအထိ ဆင်မြန်းနိုင်ပါတယ်။

အောက်ပိုင်းအတွက်ကတော့ skinny jean ထက်စာရင် ကိုယ့်ကို ပိုပြည့်သယောာင်ဖြစ်စေမယ့် ဂျင်းဘောင်းဘီးနည်းနည်းပွပွလေးတွေ၊ boyfriend jeans တွေ၊ စတိုင်ဘောင်းဘီလို ဘောင်းဘီမျိုးတွေ  အနည်းဆုံး နှစ်ထည်၊ သုံးထည်လောက်ရှိထားသင့်ပါတယ်။ ကိုယ့်ခြေထောက်လေးတွေက တအားပိန်သွယ်တယ်လို့ ခံစားရရင် ရာသီဥတုပေါ် မူတည်ပြီး နွေဆိုရင်တော့ maxi စကတ် ကားကားကြီးတွေ၊ dress ကားကားရှည်ရှည်တွေ၊ ဂါဝန်ရှည်တွေကို ရွေးချယ်နိုင်ပါသေးတယ်။ ကျန်တဲ့အချိန်တွေမှာတော့ ခုနပြောသလို ဘောင်းဘီရှည် သိပ်မကျပ်မပွလွန်းတာတွ ဝတ်နိုင်ပါတယ်။ အကျီအဝတ်အစားကို မှန်ကန်အောင် ရွေးနိုင်ရင်ကို မဒီတို့ရဲ့ ပိန်သွယ်လွန်းပါတယ်ဆိုတဲ့ ခြေထောက်တွေကို လူတွေ သတိမထား မိနိုင်တော့ပါဘူး။

အဆင်တန်ဆာပိုင်းကလည်း ဖက်ရှင်ကျဖို့ ပံ့ပိုးပေးတဲ့အရာတွေမို့ မေ့ထားလို့မရပြန်ပါဘူး။ ဘော်ဒီက ကိတ်ကိတ် ပိန်ပိန် ခါးနေရာခါး၊ တင်နေရာတင် သူ့နေရာနဲ့သူ ပေါ်လွင်အောင် ဝတ်တတ်ဖို့ လိုပါတယ်။ ဒီတော့ ပိန်တဲ့မဒီလေးတွေအတွက် ခါးပတ်ကတော့ မရှိမဖြစ် သူငယ်ချင်းကောင်းပါပဲ။ ခါးပတ်ခပ်ကြီးကြီး ဒါမှမဟုတ် ခပ်သေးသေး နှစ်ခု သုံးခုလောက်တော့ အနည်းဆုံးရှိပါစေ။ ဘောင်းဘီမှာမှ မဟုတ်ဘဲ နည်းနည်းပွတဲ့ အကျီမျိုး၊ dress မျိုးဆိုရင်လည်း ခါးအလှပေါ်လွင်အောင် ခါးပတ်လေးပတ်ဝတ်ဖို့ အကြံပေးချင်ပါတယ်။

ပိန်တဲ့အမျိုးသမီးတွေအတွက် ကိုယ့်ဘော်ဒီအချိုးအစားကို အားမရဘူးဆိုရင် လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့ တိုက်တွန်းပါရစေ။ အကျီ၊ အဝတ်အစားနဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိအောင် တစ်ဖက်ကကြိုးစားရင်း တစ်ဖက်ကတည်း ကျန်းမာရေးအနေနဲ့လည်း သင့်တော်ပြီး ခန္ဓာကိုယ်လည်း ဖွံ့ထွားစေဖို့ အားကစားတစ်ခုခုတော့ လုပ်တာအကောင်းဆုံးပါ။ အပေါ်ကအချက်တွေကိုလည်း မှတ်သားထားပြီး ဒီတစ်ခေါက် အဝတ်အစားတွဲစပ်တဲ့အခါ အဆင်အပြေဆုံး ရွေးချယ်နိုင်ပါစေ။

မေသော်

(I am Fashion)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က