ရာသီခွင် (၁၂) မျိုးရှိတဲ့အနက် မိန်ရာသီဖွား (Pisces) ဆိုတာ ဖေဖော်ဝါရီလ ၁၉ ရက် ကနေ မတ်လ ၂၀ ရက်အတွင်း မွေးဖွားသူတွေပဲ ဖြစ်ပါတယ်။ မဒီတွေထဲမှာ မိန်ရာသီဖွားတွေရှိခဲ့ရင် ကိုယ့်ဖက်ရှင်နဲ့ ပတ်သက်ပြီး ဘာတွေပြင်ဆင်ရမယ်၊ ဘာတွေရှောင်ကြဉ်ဆင်မြန်းရမယ်ဆိုတာ တစ်ချက်ဖတ်ကြည့်လိုက်ပါဦး။
May Thaw

လူတစ်ယောက်ဟာ သူဘယ်ရာသီဖွားဖြစ်တယ်ဆိုတာပေါ် မူတည်ပြီး သူ့ရဲ့စိတ်နေစိတ်ထား၊ အပြုအမူနဲ့ အကြိုက်၊ သူ့ကိုလွှမ်းမိုးထားတဲ့အရာတွေကို ခန့်မှန်းကြည့်နိုင်ပါတယ်။ ဒါ့အပြင် အဲ့ဒီလူဟာ ဘယ်လိုဖက်ရှင်မျိုးနဲ့ လိုက်ဖက်တယ်၊ ဘယ်လို အရောင်မျိုးလေးတွေ ရွေးချယ်ဆင်မြန်းသင့်တယ်ဆိုတာ တွေကိုလည်း သူ့ရာသီခွင်ကိုကြည့်ပြီး ပြောပြနိုင်တာမျိုးရှိပါတယ်။ ဒါ့ကြောင့် မဒီတို့အတွက် ရာသီဖွားနဲ့ ဖက်ရှင် ဘယ်လိုဆက်စပ်နေတယ်ဆိုတာလေး ရေးပေးခဲ့တာ ခုဆိုရင် နောက်ဆုံးရာသီခွင်ဖြစ်တဲ့ မိန်ရာသီဖွားတွေရဲ့ ဖက်ရှင်အကြောင်းတောင် ရောက်လာခဲ့ပါပြီ။

ရာသီခွင် (၁၂) မျိုးရှိတဲ့အနက် မိန်ရာသီဖွား (Pisces) ဆိုတာ ဖေဖော်ဝါရီလ ၁၉ ရက် ကနေ မတ်လ ၂၀ ရက်အတွင်း မွေးဖွားသူတွေပဲ ဖြစ်ပါတယ်။ မဒီတွေထဲမှာ မိန်ရာသီဖွားတွေရှိခဲ့ရင် ကိုယ့်ဖက်ရှင်နဲ့ ပတ်သက်ပြီး ဘာတွေပြင်ဆင်ရမယ်၊ ဘာတွေရှောင်ကြဉ်ဆင်မြန်းရမယ်ဆိုတာ တစ်ချက်ဖတ်ကြည့်လိုက်ပါဦး။

မိန်ရာသီဖွားတွေဟာ ဖက်ရှင်နဲ့ပတ်သက်ရင် နူးနူးညံ့ညံ့လေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်မျိုးတွေနဲ့ လိုက်ဖက်သလို Bohemian ဖက်ရှင်စတိုင်လ်မျိုးတွေနဲ့လည်း လိုက်ဖက်မှုရှိတဲ့သူတွေပါ။ ဒီရာသီဖွားအများစုဟာ အဝတ်အစားကို ဖြစ်သလိုကောက်စွပ်သွားရင်တောင် သူတို့ရဲ့အဝတ်အစား၊ ဒါမှမဟုတ် အဆင်တန်ဆာတစ်ခုခုကြောင့် အခြားလူတွေရဲ့အာရုံကိုအမြဲဖမ်းစားနိုင်တယ်လို့ ဆိုကြပါတယ်။

သက်တောင့်သက်သာဖြစ်လွန်းတဲ့ အဝတ်အစားတွေ အမြဲရွေးချယ်တတ်တာမို့ ပွဲတက်အခမ်းအနားတွေ၊ ပြောင်ပြောင်လက်လက်တွေ ဆင်မြန်းရမယ့်အချိန်မျိုးတွေကျရင် အမြဲခေါင်းစားရသူတွေဟာလည်း မိန်ရာသီဖွားတွေပါပဲ။

အင်္ကျီအသားဆိုရင် ပါးပါးနဲ့ပွပွတွေ၊ စကတ်ဆို ရှည်ရှည်ကားကားတွေ၊ နောက် အပေါ်ထပ်ဆိုလည်း တစ်ထပ်လောက် ထပ်လိုက်ရမှ နေသာထိုင်သာရှိတဲ့ မိန်ရာသီဖွားတွေအနေနဲ့ ကိုယ့်ဘော်ဒီအလှကို ပေါ်လွင်စေဖို့နဲ့ ကိုယ့်ဖက်ရှင်ကို မပျင်းသွားစေဖို့ အမြဲမဟုတ်ရင်တောင် တစ်ခါတလေတော့ Bodyfit ဖြစ်စေတဲ့ Dress လေးတွေ၊ ခါးအလှပေါ်လွင်စေတဲ့ အင်္ကျီအဝတ်အစားလေးတွေ ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။ မိန်ရာသီဖွားတွေထဲမှာ နည်းနည်းပြည့်တဲ့သူတွေရှိရင် ပွတဲ့အဝတ်အစားတွေ ပိုလို့တောင် ရှောင်ကြဉ်ရမှာပါ။ ဘော်ဒီကြီးတာ၊ ပြည့်တာ၊ ဝတာကိုဖုံးကွယ်ဖို့ဖြစ်ဖြစ်၊ လွတ်လပ်တာကို သဘောကျလို့ပဲဖြစ်ဖြစ် size ပွတာတွေကို ရွေးချယ်လေလေ ကိုယ့်ဘော်ဒီကြီးတာကို ပိုသိအောင်လုပ်နေသလို ဖြစ်လေလေဆိုတာမမေ့ပါနဲ့။

ပွဲတက်အတွက် အဝတ်အစားရွေးချယ်တဲ့အခါ သူများတွေရွေးချယ်နေကျ dress၊ စကတ်၊ ဂါဝန်ဒီဇိုင်းမျိုးတွေကို မရွေးချယ်ဘဲ ကိုယ့်ပုံစံလည်းမပျောက်အောင် ထူးလည်းထူးခြားအောင် မိန်ရာသီဖွားတွေ စဉ်းစားတတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ အစကတည်းက သူများနဲ့မတူ တမူထူးခြားတဲ့ အကျီအသား၊ ဒီဇိုင်းတွေကို ဝတ်နေကြပဲ မဟုတ်လား။ ဒီတော့ သူများတွေက စီးကွင့် dress တွေ၊ ဖဲသားဂါဝန်တွေ၊ ဇာဒီဇိုင်း အကျီအဝတ်အစားတွေ ဝတ်တဲ့အချိန်၊ မိန်ရာသီဖွားတွေကတော့ ထူးခြားတဲ့ချည်ထည်ဒီဇိုင်းတွေနဲ့ ရိုးရာစင်တွေနဲ့ ပွဲတက်ချင်တက်ပါလိမ့်မယ်။ ပြောချင်တာက ဒီလိုရွေးချယ်မှုလေးတွေ လုပ်ဖို့အဆင်ပြေပေမယ့် တအားပွတဲ့ဒီဇိုင်းမျိုးကိုပဲ ရှောင်ဖို့ပါ။

မိန်ရာသီဖွားတွေနဲ့ တခြားလိုက်ဖက်လွန်းတဲ့ အဝတ်အစားဒီဇိုင်းတွေက ကတ္တီပါသား dress ဒါမှမဟုတ် suit တွ၊ ပွင့်ရိုက်ဒီဇိုင်းဆန်း Maxi Dress လေးတွေ၊ Floral စကတ်မျိုးလေးတွေ၊ Boho ဖက်ရှင်မျိုးတွေပါ။ ဒါ့အပြင် ဒီရာသီဖွားတွေက လည်ပင်းအလှရှိတာမို့ လည်ပိတ်အင်္ကျီမျိုး၊ turtle neck အင်္ကျီဒီဇိုင်းမျိုးလေးတွေတော့ ရှောင်စေချင်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ မိန်ရာသီဖွားတွေရဲ့ အခြားထူးခြားတဲ့ အချက်က သူတို့ရဲ့အကြည့်ပါပဲတဲ့။ သူတို့ရဲ့အကြည့်က တစ်ပါးသူတွေကို ညှို့ငင်ဖမ်းစားနိုင်တာမို့ အဝတ်အစားပိုင်းကို ဖော်တာ၊ ဟိုက်တာ၊ တိုတာတွေဝတ်စရာမလိုဘဲနဲ့ကို အားလုံးရဲ့အကြည့်ကို သိမ်းပိုက်နိုင်မှာပါ။

အဆင်တန်ဆာပိုင်းနဲ့ပတ်သက်ရင် မိန်ရာသီဖွားတွေဟာ ချက်မှာအပေါက်ဖောက်ပြီး ကွင်းတွေ၊ စိန်လေးတွေ တပ်ရတာ၊ နှာခေါင်းမှာ ကွင်းတပ်ရတာ၊ ခြေချောင်းလေးတွေမှာ စွပ်တဲ့ကွင်းလေးတွေ ဝယ်စုတာ ၀ါသနာကြီးတဲ့သူတွေ ဖြစ်ပါတယ်။ လက်စွပ်ဆိုရင်လည်း တစ်ကွင်းတည်းမဟုတ်ပဲ လက်ငါးချောင်းမှာ လေးချာင်းလောက်ကို သေးသေးလေးတွေ စွပ်ရတာ နှစ်ခြိုက်သူတွေပါပဲ။

နိုင်ငံတကာက အနုပညာရှင်တွေထဲမှာ ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး သူများနဲ့မတူ ထူးခြားကာအထာကျတဲ့ မိန်ရာသီဖွားပြည်ပအနုပညာရှင်တွေကတော့ Drew Barrymore၊ Rihanna ၊ Dakota Fanning တို့ဖြစ်ပြီး ပြည်တွင်းအနုပညာရှင်တွေကတော့ မြတ်ကေသီအောင် ၊ ခိုင်နှင်းဝေ ၊ ဘေဘီမောင် နဲ့ ယဥ်လတ်တို့ပဲ ဖြစ်ပါတယ်။

မိဿရာသီဖွားတွေနဲ့ သူတို့ရဲ့ဖက်ရှင်အကြောင်း

အရိုးဆုံးတွေနဲ့ အဆန်းဆုံးဖြစ်အောင် ဝတ်ပြတတ်တဲ့ ပြိဿရာသီဖွားတွေနဲ့ သူတို့ရဲ့ဖက်ရှင်

စိတ်အခြေအနေပေါ်မူတည်ပြီး အဝတ်အစားတွေကို တွဲစပ်ဝတ်ဆင်တတ်တဲ့ မေထုန်ရာသီဖွားတွေရဲ့ ဖက်ရွင်

ဖက်ရှင်ကို ဘယ်သူနဲ့မှမတူအောင် ဆင်မြန်းတတ်တဲ့ သိဟ်ရာသီဖွားတွေအကြောင်း တစေ့တစောင်း

ရိုးရာထည်တွေနဲ့ ချည်သားဒီဇိုင်းတွေကို နှစ်ခြိုက်တဲ့ ကန်ရာသီဖွားတွေရဲ့ ဖက်ရှင်အကြောင်း

အဝတ်အစားနဲ့ပတ်သက်ပြီး အမှတ်တရတွေ အမြဲရှိနေတတ်တဲ့ ကရကဋ်ရာသီဖွားများ

ထင်မှတ်မထားတဲ့ အတွဲအစပ်တွေကြောင့် အားလုံးကြားမှာအမြဲထင်ရှားတဲ့ တူရာသီဖွားတွေရဲ့ ဖက်ရှင်

ဖက်ရှင်နဲ့ပတ်သက်ရင် တခြားသူလွှမ်းမိုးတာ မခံတတ်တဲ့ ဗြိစ္ဆာရာသီဖွားတွေရဲ့အကြောင်း

လှတာထက် သက်သောင့်သက်သာရှိတဲ့ ဒီဇိုင်းမျိုးကို ဦးစားပေးရွေးတတ်တဲ့ ဓနုရာသီဖွားတွေရဲ့ဖက်ရှင်

စမတ်ကျတဲ့အဝတ်အစားဒီဇိုင်းတွေကို သဘောကျနှစ်ခြိုက်တဲ့ မကာရရာသီခွင်ရဲ့ ဖက်ရှင်

ဖက်ရှင်ဒီဇိုင်းတွေကို ပေါင်းစပ်ဝတ်ဆင်တတ်တဲ့ ကုံရာသီဖွားတွေရဲ့ ဖက်ရှင်


က္က