In partnership with  logo
အမျိုးသမီးတစ်ယောက်အနေနဲ့ လုပ်ငန်းကြီးတွေကို စီမံခန့်ခွဲနေကြသူတွေဖြစ်ပါတယ်။

ကြွယ်ဝချမ်းသာတဲ့ ပုဂ္ဂိုလ်တွေရဲ့ စာရင်းမှာ အမျိုးသမီးတွေကလည်း နောက်ချန်ရစ်မနေပါဘူး။ Forbes က ထုတ်ပြန်ထားတဲ့ စာရင်းအရဆိုရင် ကမ္ဘာပေါ်မှာ ဘီလျံနာပေါင်း ၂၀၄၃ ဦး ရှိပါသတဲ့။ အဲ့ဒီထဲကမှ ၂၂၇ ဦးသော ဘီလျံနာတွေကတော့ အမျိုးသမီးတွေဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့စာရင်းမှာတုန်းက အမျိုးသမီးဘီလျံနာ ၂၀၂ ဦးပဲ ရှိခဲ့တာပါ။ ကမ္ဘာ့အကြွယ်ဝဆုံးအမျိုးသမီးများစာရင်းမှာ ပါဝင်သူ အများစုကတော့ အမွေရပြီးကြွယ်ဝလာသူတွေဖြစ်ပါတယ်။ ယခုနှစ်ရဲ့ ကမ္ဘာ့ထိပ်တန်း အချမ်းသာဆုံး အမျိုးသမီးတွေကိုလည်း ဖော်ပြလိုက်ပါတယ်နော်။

၁။ Liliane Bettencourt

137645643-Liliane-Bettencourt-GETTY-FRONT2.jpg 

ကမ္ဘာကျော် ပြင်သစ်အလှကုန်အမှတ်တံဆိပ် L'Oreal ရဲ့ ထုတ်လုပ်ရောင်းချမှုတွေနဲ့ ကြွယ်ဝနေသူဖြစ်ပါတယ်။ သူမရဲ့ကြွယ်ဝချမ်းသာမှုက အမေရိကန်ဒေါ်လာ ၃၉.၅ ဘီလီယံ ရှိတယ်လို့ Foebes က ဖော်ပြထားပါတယ်။

၂။ Alice Walton

Alice-Walton.jpg 

အမေရိကန်တွေဟာ အမြဲတမ်း စွန့်စားမှုတွေ၊ ကြိုးစားအားထုတ်မှုတွေနဲ့ ရှင်သန်ကြသလိုပါပဲ။ အမေရိကန်သူ အဲလစ်ကတော့ နာမည်ကြီးစတိုးတွေဖြစ်တဲ့ Wal-Mart တွေရဲ့ပိုင်ရှင်ဖြစ်ကာ ဒေါ်လာ ၃၃.၈ ဘီလီယံ ပိုင်ဆိုင်ထားပါတယ်။

၃။ Jacqueline Mars

jacqueline-mars-1-1.jpg 

အမေရိကန်အခြေစိုက် Mars ကုမ္ပဏီရဲ့ သုံးပုံတစ်ပုံကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သူမရဲ့ချမ်းသာမှုက ဒေါ်လာ ၂၇ ဘီလီယံရှိပါတယ်။ အသက်ကတော့ ၇၇ နှစ်ပါ။

၄။ Maria Franca Fissolo

Maria Franca Fissolo.jpg 

အီတလီဘီလျံနာ မာရီယာကတော့ ကမ္ဘာ့အချမ်းသာဆုံးသမီးများစာရင်းမှာ စတုတ္ထနေရာကို ရောက်လာပါတယ်။ ဥရောပရဲ့ ဒုတိယမြောက်အကြီးဆုံး confectionery ကုမ္ပဏီဖြစ်တဲ့ Ferrero SpA က ရတဲ့ဝင်ငွေနဲ့ ကြွယ်ဝနေသူဖြစ်ပါတယ်။ ခင်ပွန်းသည် Michele Ferrero ကတော့ ၂၀၁၅ ခုနှစ်မှာ သေဆုံးသွားခဲ့ပြီး သားနှစ်ဦးကျန်ရစ်ပါတယ်။ မာရီယာရဲ့ကြွယ်ဝမှုက အမေရိကန်ဒေါ်လာ ၂၅.၂ ဘီလီယံ ရှိပါတယ်။ သူမရဲ့အသက်ကတော့ ၇၆ နှစ် ရှိပါပြီ။

၅။ Susanne Klatten

BMW_Group_Susanne_Klatten.jpg 

ကလက်တန်ရဲ့အသက်က ၅၅ နှစ်သာ ရှိပါသေးတယ်။ ကမ္ဘာကျော်ကားကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ BMW ကို ဖခင်ထံကနေ အမွေဆက်ခံထားပြီး ကြွယ်ဝနေသူဖြစ်ပါတယ်။ ဒါ့အပြင် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းတွေကိုလည်း သူမက လုပ်ကိုင်နေပါသေးတယ်။ ဂျာမန်နိုင်ငံသူ ကလက်တန်ရဲ့ ကြွယ်ဝမှုက ဒေါ်လာ ၂၀.၄ ဘီလီယံရှိပါတယ်။

၆။ Laurene Powell Jobs

14jobs-web-master1050.jpg 

Apple ထုတ်ကုန်ပစ္စည်းတွေကိုမြင်တိုင်း စတိဂျော့ဘ်စ်ကို သတိရနေမိဦးမယ်ထင်ပါရဲ့နော်။ သူမကတော့ စတိရဲ့ဇနီးသည်ပါ။ ခင်ပွန်းသည်သေဆုံးပြီးနောက် Apple ကုမ္ပဏီကို ဆက်လက်ဦးဆောင်နေသူဖြစ်ပါတယ်။ အမေရိကန်သူ ပေ့ါဝဲလ်ရဲ့အသက်က ၅၃ နှစ်သာ ရှိသေးပေမဲ့ ပိုင်ဆိုင်မှုကတော့ ဒေါ်လာ ဘီလီယံ ၂၀ ရှိပါတယ်။ နည်းပညာနယ်ပယ်ထဲမှာတော့ အချမ်းသာဆုံးအမျိုးသမီးပါပဲ။

Source : Forbes

Share

Loading Next Article...
က္က