In partnership with  logo
ဗိုက်ပြည့်နေရင် လေ့ကျင့်ခန်းလုပ်လို့အဆင်မပြေတော့ဘူး။

Sis တို့ရေ Gym သွားပြီး လေ့ကျင့်ခန်းတွေလုပ်မယ်ဆိုရင် ကိုယ်ခန္ဓာလေးတွေက အချိုးအစားလေးလည်း ကျနလှပမယ်။ သက်လုံကောင်းပြီး ကျန်းမာလာမှာတော့ အမှန်ပဲပေါ့နော်။ Gym ကစားတဲ့အခါ ထိထိရောက်ရောက်ဖြစ်ဖို့အတွက်တော့ ဆောင်ရန်ရှောင်ရန်လေးတွေ ရှိသေးတာပေါ့။ တကယ်လို့ Gym သွားပြီး လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်တော့ လေ့ကျင့်ခန်းမလုပ်မီမှာ ဒါတွေကို အရင်မလုပ်ဖို့ သတိထားပါနော်။

၁။ အယ်လ်ကိုဟော

beautiful-girl-gym-workout-wide.jpg 

ညနေဘက် လေ့ကျင့်ခန်းလုပ်သူတွေ သတိထားဖို့ပါ။ Gym မသွားမီ သူငယ်ချင်းတွေနဲ့ဆုံလို့ ကော့တေးလ်တစ်ခွက်လောက်ဖြစ်ဖြစ် ဝိုင်တစ်ခွက်လောက်ဖြစ်ဖြစ် သောက်မယ်ဆိုရင် အဲ့ဒီစိတ်ကူးကို မြန်မြန်ဖျောက်လိုက်ပါ။ အယ်လ်ကိုဟောသောက်လိုက်တဲ့အခါ လူက ရီဝေဝေဖြစ်မယ်၊ ရေဓာတ်ခမ်းမယ်၊ သွေးကြောလေးတွေကျဉ်းသွားမယ်။ သွေးထဲက သကြားဓာတ်လည်း နည်းသွားတော့ လေ့ကျင့်ခန်းကောင်းကောင်းမလုပ်နိုင်တော့ဘူး။

၂။ အပူအစပ်

fitness-girl-font-b-workout-b-font-blonde-female-YR196-living-room-home-wall-art-decor.jpg 

လေ့ကျင့်ခန်းလုပ်နေတုန်း ချွေးတွေရွှဲနစ်ပြီး ပူလောင်အိုက်စပ်လာလို့ မသက်မသာခံစားချက်မျိုး မရချင်ဘူးဆိုရင် အပူအစပ်တွေကို မစားသင့်ဘူးနော်။ အပူအစပ်စားပြီးမှ လေ့ကျင့်ခန်းလုပ်ခြင်းက ရင်ပူရင်ဆာဖြစ်စေပါလိမ့်မယ်။ ရင်ပူနေတော့ လေ့ကျင့်ခန်းတွေလည်း အာရုံစိုက်ပြီးမလုပ်နိုင်တော့ဘူးမဟုတ်လား။

၃။ ရေများများသောက်ခြင်း

111.jpg

ရေများများသောက်တာတော့ ကောင်းတာပေါ့။ ရေတွေအများကြီးသောက်ပြီးမှ ကိုယ်လက်လှုပ်ရှားရတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ရတဲ့အခါ လူက အားမရှိသလို ခံစားနေရတတ်တယ်။ ဗိုက်အင့်နေတယ်။ နောက်တစ်ခုက ပြေးတာ၊ ခုန်တာတွေလုပ်ရင် ဗိုက်ထဲမှာ ရေတွေဘောင်ဘင်ခတ်သလို ခံစားချက်ကြီးကလည်း အတော်ဆိုးတာပါ။ လေ့ကျင့်ခန်းမလုပ်မီ ၂ နာရီအလိုမှာ ရေ ၃ ခွက်လောက်ထိ သောက်ထားတာက ပြဿနာမရှိပါဘူး။ အချိန်ကပ်မှ ရေတွေအများကြီး မသောက်မိဖို့ပါပဲ။ လေ့ကျင့်ခန်းလုပ်ရင်း မောလာတဲ့အခါ ရေက ထပ်သောက်ရဦးမှာကိုး။

Source : Women Health Mag

Share

Loading Next Article...
က္က