In partnership with  logo
ဘာတွေဝယ်ရမှန်းမသိ ဖြစ်နေရင် ဒါလေးဖတ်ကြည့်....

အဝတ်အစားကို မဝတ်တတ်ပါဘူးလို့ ညည်းနေတတ်တဲ့ ပျိုမေလေးတို့ရော၊ sis တို့ကို တစ်ခုလောက် ပြောပြဦးမယ်။ ဖက်ရှင်ဘလော့ဂါတွေကို ကြည့်ပြီး သူတို့လိုမျိုးလေး ဝတ်ချင်တယ်။ ရှော့ပင်ထွက်တော့မှ ဘာဝယ်ရမှန်းမသိ ဖြစ်နေခဲ့ပြီး ပေါက်ကရတွေ ဝယ်လာလို့ ချောင်ထိုးထားတာမျိုးပဲ ဖြစ်နေတယ်။ ဒါဆိုရင်တော့ မဝယ်တတ်သေးလို့ဖြစ်မှာပါ။ ဘလော့ဂါတွေကတော့ ဒီလိုဖက်ရှင်တွေကို ဆောင်ထားကြတယ်သိလား။


၁။ Crop Top

11493792165206-Veni-Vidi-Vici-Women-Black-Solid-Bardot-Top-171493792165100-1.jpg 

ဖက်ရှင်ကို တကယ်စိတ်ဝင်စားတဲ့ ဆရာမကြီးတွေ၊ ဆရာမလေးတွေက ခေတ်နဲ့ ဘယ်တော့မှ မျက်ခြေမပြတ်ဘူး။ ဒီခေတ်မှာတော့ ခါးတိုအကျႌ (crop top) လေးတွေက ခေတ်စားနေတယ်လေ။ ဒီအကျႌလေးတွေလည်း သူတို့ရဲ့ဗီရိုထဲမှာ သေချာပေါက် ရှိပါလိမ့်မယ်။

၂။ ဒေါက်ဖိနပ်

454636.jpg 

ပွဲတက်ဖို့က ဒေါက်ဖိနပ်တွေမှ အဆင်ပြေမယ့်ပွဲတွေရှိတယ်။ နောက်တစ်ချက်က ဒေါက်ဖိနပ်စီးလိုက်ရင် အရပ်လည်းပိုရှည်သွားပြီး ကိုယ်နေဟန်ထား စမတ်ကျသွားတယ်လေ။

၃။ ဂျင်း

100027294_060_alt2_1000x728.jpg 

ဂျင်းထည့်တာတော့မဟုတ်ဘူးနော်။ ဖက်ရှင်ကျစေတဲ့ထဲမှာ ဂျင်းဘောင်းဘီရှည်ကလည်း အပါအဝင်ပေါ့။ ဂျင်းဂျက်ကတ်လည်းပါတယ်။ အနည်းဆုံးတော့ ဂျင်းဘောင်းဘီရှည်လေးနဲ့ ရှပ်အကျႌဖြူလေး တွဲဝတ်ကြည့်။ အရမ်းလန်းတာ။

၄။ အနက်ရောင်

99b9d3ca0173d59f4d383de320838303--black-bodycon-dress-black-love.jpg 

အနက်ရောင်ဟာ ခန္ဓာကိုယ်အချိုးအစားကို ပိုလှသွားစေပါတယ်။ လူကို ကျစ်ကျစ်လျစ်လျစ်အသွင်လေး ဖြစ်စေတာမို့ အနက်ရောင်ဝတ်စုံကိုလည်း ဆောင်ထားကြတယ်။

၅။ အနီရောင်

DF-Iz5dXUAAYuTI.jpg 

အနီကတော့ ပွဲတက်ဖက်ရှင်အရောင်ပါ။ ဆွဲဆောင်မှုကောင်းတယ်မဟုတ်လား။ ထက်မြက်တဲ့ပုံစံလည်း ဖြစ်စေတယ်။

၆။ Acessories

festival-fashion-accessories.jpg 

နားဆွဲ၊ ဆွဲကြိုး၊ ခါးပတ်၊ ပုဝါ ၊ ဦးထုပ် ၊ နေကာမျက်မှန် စတာလေးတွေကလည်း ဖက်ရှင်တစ်ခုကို ပြီးပြည့်စုံသွားအောင် ပံ့ပိုးပေးတဲ့ အရာလေးတွေပါ။ သူ့နေရာနဲ့သူ၊ အဝတ်အစားပေါ် မူတည်ပြီး ဖြည့်စွက်ပေးလိုက်ရင် တကယ်ကို စတိုင်လ်ကျလှပသွားမှာပါနော်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က