Su Yee Moe

Spice Gril အဖွဲ့ဝင် အဆိုတော်၊ ဒီဇိုင်နာ ဗစ်တိုးရီးယားဘက်ခမ်းဟာ သိပ်မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ သူမရဲ့ အပေါင်းအသင်းမိတ်ဆွေရေးရာအကြောင်း ဖြေသွားခဲ့ပါတယ်။

 

သူမမှာ အပေါင်းအသင်းမိတ်ဆွေ များများစားစား မရှိပါဘူးတဲ့။ မျက်နှာတည်တည်နဲ့ နေတတ်သူလည်းဖြစ်၊ မိသားစုနဲ့အလုပ်ကို ဦးစားပေးလို့ အပေါင်းအသင်းတွေအတွက် အချိန်မပေးနိုင်ဖြစ်နေပုံရပါတယ်။

 

"ကျွန်မ ဘယ်တုန်းကမှ အထီးမကျန်ပါဘူး"လို့လည်း ဗစ်တိုးရီးယားက ဆက်ပြောသေးတယ်။ ဘာကြောင့်လဲဆိုတော့ သူမ အတူရှိချင်တဲ့လူတွေနဲ့ အတူတူရှိနေရလို့ပါတဲ့။ အသက် ၄၃ နှစ်အရွယ် ဗစ်တိုးရီးယားဟာ ခင်ပွန်းသည် ဒေးဗစ်ဘက်ခမ်းကို ဂရုစိုက်ပေးတတ်သူပါ။ သားသမီးတွေအတွက်လည်း မိဘဝတ္တရားကျေပွန်စွာနဲ့ ဂရုစိုက်ပေးနေသူလည်း ဖြစ်ပြန်တယ်။ သူမအတွက်တော့ အပေါင်းအသင်းဆိုတာ ကလေးဘဝက သူငယ်ချင်း ၆ ဦးလောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။

[No available link text] 

ဗစ်တိုးရီးယားရဲ့ သူငယ်ချင်းတွေထဲမှာ မင်းသမီး အီဗာလောင်းဂိုရီးယားလည်း တစ်ဦးအပါအဝင်ပါ။ သူမကတော့ ဗစ်တိုးရီးယားကို "အကြင်နာတတ်ဆုံး၊ ရယ်စရာအကောင်းဆုံး၊ ချစ်ဖို့အကောင်းဆုံး၊ စမတ်ကျဆုံး၊ အလုပ်ကြိုးကြိုးစားစားလုပ်ဆုံးလူတစ်ဦးပါ"လို့ ဆိုဖူးပါတယ်။

Source : Elle


ဆက်စပ်အကြောင်းအရာများ


Author


က္က