In partnership with  logo
ကြော်ငြာဆိုင်းဘုတ်ကိုတော့ ခရိုအေးရှားနိုင်ငံရဲ့မြို့တော် ဇာဂရပ်မြို့မှာ ထောင်ခဲ့တာပါ။

ခရိုအေးရှားနိုင်ငံက ဘာသာစကားသင်တန်းကျောင်းတစ်ခုဟာ အမေရိကန်သမ္မတကတော် မယ်လန်နီယာထရမ့်ရဲ့ပုံကို အသုံးပြုပြီး ကြော်ငြာဆိုင်းဘုတ်တစ်ခု ထောင်ခဲ့ပါတယ်။ ကြော်ငြာဆိုင်းဘုတ်ကိုတော့ ခရိုအေးရှားနိုင်ငံရဲ့မြို့တော် ဇာဂရပ်မြို့မှာ ထောင်ခဲ့တာပါ။

 

"အင်္ဂလိပ်စာလေးနည်းနည်းလောက်သိထားရုံနဲ့ ဘယ်ထိများသွားနိုင်မလဲဆိုတာ စိတ်ကူးကြည့်လိုက်စမ်းပါ"ဆိုတဲ့ စာသားနဲ့အတူ မယ်လန်နီယာရဲ့ပုံကို ဆိုင်းဘုတ်ထောင်ကာ သင်တန်းကျောင်းကို ကြော်ငြာထားတာဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုကိုတော့ ဇာဂရပ်မြို့အခြေစိုက်တဲ့ အမေရိကန်ယဉ်ကျေးမှုရေးရာစင်တာ Američki Institut က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

See also 

ဒီလှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာသုံးဘာသာစကားတွေကိုသိထားခြင်းက ဘယ်လောက်ထိအရေးပါကြောင်းနဲ့၊ ဘာသာစကားအသိကြွယ်မှုဟာ နိုင်ငံတကာရေးရာအောင်မြင်မှုအတွက် ဘယ်လောက်အရေးကြီးလိုအပ်ကြောင်းကို သိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တယ်လို့ သိရပါတယ်။ မယ်လန်နီယာထရန့်ကို ဆလိုဗေးနီးယားမှာ မွေးဖွားခဲ့ပြီး ဂျာမန်၊ ပြင်သစ်၊ ဆားဘီးယား၊ အင်္ဂလိပ်နဲ့ ဆလိုဗေးနီးယားဘာသာစကားတို့ကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်သူလည်း ဖြစ်ပါတယ်။

 

မယ်လန်နီယာဟာ ၂၀၀၅ ခုနှစ်မှာ သူဌေးကြီး ဒေါ်နယ်ထရမ့်နဲ့ ဖလော်ရီဒါမှာ ခမ်းခမ်းနားနားလက်ထပ်ခဲ့ပြီး အဲ့ဒီလက်ထပ်ပွဲကို ဘီလ်ကလင်တန်နဲ့ ဟီလာရီတို့လည်း တက်ရောက်ခဲ့ပါတယ်။ ထရမ့်ရဲ့ တတိယမြောက်ဇနီးလည်းဖြစ်ပြီး မင်္ဂလာပွဲမှာဝတ်ခဲ့တဲ့ သူမရဲ့ဝတ်စုံက ဒေါ်လာနှစ်သိန်းတန်ခဲ့ပါတယ်။

Source : Telegraph

Share

Loading Next Article...
က္က