In partnership with  logo
မလျော့တဲ့ဇွဲလုံ့လကသာ အောင်မြင်မှုတွေကို ယူလာပေးမှာပါ။

မိုးပျံရထားစီးရင်း မတော်တဆမှုဖြစ်ပွားရာက ခြေတစ်ဖက်ဆုံးရှုံးလိုက်ရသူလေးတစ်ဦးဟာ လန်ဒန်ဖက်ရှင်ရက်သတ္တပတ်မှာ စင်မြင့်ပေါ်ကို ရောက်လာခဲ့လို့ အားလုံးက အံ့အားသင့်သွားရတယ်။ ဘယ်သူကမှ ဒီလိုမျိုး မြင်ရလိမ့်မယ် ထင်မထားကြဘူးလေ။



 

သူမရဲ့အမည်က Amputee Vicky Balch ဖြစ်ပါတယ်။ အသက်က ၂၂ နှစ်ပါ။ ၂၀၁၅ ခုနှစ်တုန်းက မိုးပျံရထားစီးနင်းရင်း မတော်တဆမှုဖြစ်ပွားကာ သူမရဲ့ ခြေတစ်ဖက် ဆုံးရှုံးသွားခဲ့ရတာဖြစ်ပါတယ်။

 

ဗစ်ကီလိုမျိုး မသန်စွမ်းသူတွေကို မော်ဒယ်ဖြစ်လာအောင် လေ့ကျင့်ပျိုးထောင်ပေးတဲ့ Zebedee မော်ဒယ်အေဂျင်စီက ပြီးခဲ့တဲ့သောကြာနေ့မှာ ဗစ်ကီကို စင်မြင့်ပေါ်တက်စေခဲ့ပါတယ်။

 

သတ္ထုခြေထောက်တစ်ဖက်နဲ့ ရဲရဲဝံ့ဝံ့ ရှိုးလျှောက်ပြခဲ့တဲ့ ဗစ်ကီဟာ လူတွေအတွက်တော့ အားကျချီးကျူးစရာ ကောင်းခဲ့ပါတယ်။

see also 

Source : Daily Mail


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က