In partnership with  logo
ဈေးဝယ်ထွက်ခြင်းကြောင့် ရတဲ့ သာယာမှုဟာ ချစ်တင်းနှောလို့ရလာတဲ့ သာယာမှုလို ရှိနေတာကို တွေ့ခဲ့ရပါတယ်။

ှ့ဈေးဝယ်ထွက်ခြင်း (Shopping) ဟာ အချို့လူတွေအတွက်တော့ ချစ်တင်းနှောတဲ့ သာယာမှုကို ရသလိုမျိုး ဖြစ်စေတယ်လို့ လေ့လာမှုတစ်ခုက ဆိုလိုက်ပါတယ်။ ပိုက်ဆံက ပျော်ရွှင်မှုကို မဝယ်နိုင်ပေမဲ့ ရှော့ပင်ထွက်တာကတော့ အနည်းဆုံး ကိုယ့်အတွက် ကောင်းမွန်တဲ့အချိန်လေး ဖြစ်စေတယ်လေ။

 

Shopaholic (ဈေးဝယ်ထွက်ရတာဝါသနာပါသူ)တွေအတွက် ဈေးဝယ်ထွက်ခြင်းကြောင့်ရတဲ့ သာယာမှုအပေါ် ဦးနှောက်လှိုင်းတွေက ပြသမှုကို လေ့လာခဲ့ရာမှာ ဈေးဝယ်ထွက်ခြင်းကြောင့် ရတဲ့ သာယာမှုဟာ ချစ်တင်းနှောလို့ရလာတဲ့ သာယာမှုလို ရှိနေတာကို တွေ့ခဲ့ရပါတယ်။

ဒီလေ့လာမှုကိုတော့ MyndPlay ကုမ္မဏီက ပြုလုပ်ခဲ့တာပါ။ Electro-encephalography' (EEG) ကို ဦးခေါင်းမှာစွပ်ပြီး ဦးနှောက်ရဲ့ လျှပ်စစ်အချက်ပြမှုတွေကို တိုင်းတာခြင်းဖြင့် သိခဲ့ရတာ ဖြစ်ပါတယ်။

ဈေးဝယ်ထွက်ရတာ ဝါသနာပါသူတွေကို ရှော့ပင်ထွက်ခိုင်းစေတဲ့အခါ ဦးနှောက်ရဲ့လျှပ်စစ်လှိုင်းအချက်ပြမှုတွေဟာ ချစ်တင်းနှောခြင်း သို့မဟုတ် ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲမှာ ပွဲပြီးမြောက်ချိန် ဖြစ်လာတဲ့ အချက်ပြမှုနဲ့ နှိုင်းယှဉ်လို့တောင် ရနေတယ်လို့ ဆိုပါတယ်။ ရှော့ပင်ထွက်ရတာ ဝါသနာမပါသူ အများစုကတော့ ဈေးဝယ်နေချိန် ၁၀ မိနစ် ပိုတိုးလာလေလေ စိတ်ပင်ပန်းမှု ၃၀ % ပိုတိုးလာတာကို တွေ့ခဲ့ရပါတယ်။

 

Source : The Sun, Indy

Share

Loading Next Article...
က္က