In partnership with  logo
ဘယ်လိုရွေ့လျားသလဲဆိုတာကို မေ့ထားလိုက်.......

ဘီလာရုစ်နိုင်ငံက အသက် ၂၃ နှစ်အရွယ် ကျောင်းသူလေး Aleksandra Chichikova ဟာ Miss Wheelchair World ရဲ့ ပွဲဦးထွက် သရဖူကို ဆွတ်ခူးသွားခဲ့သူလေး ဖြစ်ပါတယ်။ Miss Wheelchair World ပြိုင်ပွဲကို ဝါဆောမှာ ကျင်းပခဲ့ပြီး မသန်စွမ်းဖြစ်လို့ ဝှီးချဲ (ဘီးတပ်ကုလားထိုင်)ပေါ်မှာ နေထိုင်သွားလာနေရသူတွေကို ကန့်သတ်ထားတဲ့ အတားအဆီးတွေကို ချိုးဖြတ်လိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီပြိုင်ပွဲကို ပြုလုပ်တာ ဖြစ်ပါတယ်။

 

"ကျွန်မကတော့ ဘယ်လိုရွေ့လျားသလဲဆိုတာကို ဖယ်ထားပြီးရင် ဘဝကို အောင်မြင်အောင်၊ ခွန်အားရှိအောင်၊ ရည်မှန်းချက်တွေဖြစ်မြောက်အောင်ကြိုးစားနိုင်သူ၊ လှပပြီး ဆွဲဆောင်မှုရှိသူဖြစ်အောင် ပုံဖော်နိုင်မယ်လို့ လက်ခံယုံကြည်ထားပါတယ်" လို့ အလက်ခ်ဇန္ဒြားက ပြောပါတယ်။

see also 

မသန်စွမ်းပုဂ္ဂိုလ်တွေအပေါ် လူတွေအမြင်ပြောင်းလဲလာတာကိုလည်း ကျေနပ်ပျော်ရွှင်နေသူပါ။ လူအချင်းချင်း သာတူညီမျှတယ်လို့ စတင်မြင်လာကြပြီလို့ သူမက ဆက်ပြောပါတယ်။

 

Miss Wheelchair World ပြိုင်ပွဲဝင်တွေဟာ National Costume ၊ ညနေခင်းပွဲတက်ဝတ်စုံတွေကိုလည်း ဝတ်ဆင်ယှဉ်ပြိုင်ခဲ့ကြရပါတယ်။ ဝှီးချဲကို ကိုယ်တိုင်လှည့်ပြီး ကပြယှဉ်ပြိုင်ရသလို ဝှီးချဲပေါ်မှာရှင်သန်နေရတဲ့ဘဝရဲ့ စိန်ခေါ်မှုတွေအပါအဝင် ကိုယ်ပိုင်အတွေ့အကြုံတွေကိုလည်း ပြောပြကြရပါသေးတယ်။

 

ယခုနှစ် Miss Wheelchair World ပြိုင်ပွဲမှာ Miss Individuality ၊ Miss Smile နဲ့ Miss Personality စတဲ့ဆုတွေကိုလည်း ရွေးချယ်ပေးအပ်ခဲ့ပါသေးတယ်။ First Runner Up ကိုတော့ တောင်အာဖရိကအလှမယ် Lebohang Monyatsi (ယာဖက်)၊ Second Runner Up ဆုကိုတော့ ပိုလန်နိုင်ငံသူလေး Adriana Zawadzinska (ဝဲဖက်) က ရရှိသွားတယ်လို့ သိရပါတယ်။

 

Source : Daily Mail

Share

Loading Next Article...
က္က